အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်မှ CDMများနှင့်သက်ဆိုင်သော သတင်းစကားပါးခြင်း

မဲဆောက်ရောက် ဒီမိုကရေစီအင်အားစုများထဲမှ သား/သမီးထောက်ပံ့မှုမရှိသော အသက်(၆၀) အထက် သက်ကြီးရွယ်အိုများ ၊ အုပ်ထိန်းသူ မရှိသော မိဘမဲ့ကလေးများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်းသူများ ၊ မိသားစုဝင်ငွေမရှိသူများ စသည့် Human Rights Defender (HRD) များကိုသာ အလေးထား ကူညီသွားလိုကြောင်း အလှူရှင်၏ သဘောထားအား New Myanmar Foundation Facebook Page တွင် မတ်လမှစ၍ လစဉ်ကြေငြာစာများဖြင့် ချပြခဲ့ပါသည်။ ထို့ကြောင့် CDM များနှင့် ပတ်သက်၍ ထပ်မံအသိပေးလိုသည်မှာ- စစ် /ရဲ CDMများနှင့် ၎င်းတို့၏မိသားစုဝင်များအား ထောက်ပံနိုင်ခြင်း မရှိတော့ပါ ။ အခြားCDMများကိုလည်း ထောက်ပံနိုင်ခြင်း မရှိတော့ပါ ။ သို့သော် အခြားCDMများ၏ […]

အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လူဦးရေ (၅၉၃၃) ဦးအား တစ်ဦးလျှင် (၃)လစာ နှုန်းဖြင့် အခြေခံစားနပ်ရိက္ခာဝေမျှပေးခဲ့ပြီး နောက်ဆုံးမျှဝေခဲ့သည့် ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ မှ ဇူလိုင်လ အထိ (၁၄၀၇) ဦးအား ငွေသားအဖြစ် ပြောင်းလဲ၍ (၁)လစာ ဘတ် (၅၀၀)/(၂၅၀)တို့ဖြင့် မျှဝေပေးခဲ့ရာ စုစုပေါင်း (၇၃၄၀) ဦးအား မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။ ယခု ဩဂုတ်လ (၁၀) ရက်နေ့တွင် ရိက္ခာအစား ငွေသား (ဘတ် ၂၅၀) မျှဝေမည့် အစီအစဉ်အား ပြုလုပ်သွားမည်ဖြစ်ပြီး စိစစ် […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့ အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်းများအကြောင်း သတင်းစကားပါးခြင်း

၂၀၂၃ ခုနစ် ဩဂုတ်လအတွင်း လုပ်ဆောင်လျက်ရှိသော နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့ အွန်လိုင်း ထိုင်းဘာသာစကားသင်တန်း အစီအစဥ်များအကြောင်း သတင်းစကားပါးလိုပါသည်။ နယူးမြန်မာဖောင်ဒေးရှင်းသည် မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုများ ထိုင်းနိုင်ငံအတွင်း နေထိုင်စဥ် နေ့စဥ် ကြုံတွေ့ရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများ အဆင်ပြေစေရန်ရည်ရွယ်လျက် အခမဲ့ အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်းများကို မတ်လ၊ ၂၀၂၂ မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ထိုင်းဘာသာစကားပြောသင်တန်း – အပတ်စဥ် (၁) ကို ၂၀၂၂ခုနစ်၊ မတ်လ (၁၄) ရက်မှ ဇူလိုင် (၂၂) ရက်နေ့အထိလည်းကောင်း၊ – သင်တန်းအပတ်စဥ် (၂) ကို သြဂုတ်လ (၈) ရက်နေ့မှ ဒီဇင်ဘာ (၉) ရက်၊ ၂၀၂၂ အထိလည်းကောင်း၊ – သင်တန်းအပတ်စဥ် […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့ အွန်လိုင်းအင်္ဂလိပ်ဘာသာစကားပြောသင်တန်းများအကြောင်း သတင်းစကားပါးခြင်း

၂၀၂၃ ခုနစ်၊ ဩဂုတ်လတွင် နယူးမြန်မာဖောင်ဒေးရှင်းမှ ဖွင့်လှစ်ပေးလျက်ရှိသော အင်္ဂလိပ်ဘာသာစကားသင်တန်း အစီအစဥ်များအကြောင်း သတင်းစကားပါးလိုပါသည်။ နယူးမြန်မာဖောင်ဒေးရှင်းသည် ပြည်တွင်း၊ မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ အင်္ဂလိပ်စကားပြော အရည်အသွေးများ တိုးတက်လာစေရန် ရည်ရွယ်လျက် အခမဲ့ အွန်လိုင်းအင်္ဂလိပ်စကားပြော သင်တန်းများကို မတ်လ၊ ၂၀၂၂ မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းအပတ်စဥ် (၅) သို့တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကား သင်တန်းများအတွက် သင်တန်းအပတ်စဉ် တစ်ခုလျှင် သင်တန်းကာလ (၃) လ သတ်မှတ်ထားရှိပြီး – အင်္ဂလိပ်စကားပြော သင်တန်း အပတ်စဥ် (၁) ကို ၂၀၂၂ခုနစ်၊ မတ်လ (၂၈) ရက်မှ ဇွန်လ (၃၀) ရက်နေ့အထိလည်းကောင်း၊ – သင်တန်းအပတ်စဥ် (၂) […]

အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၂၉) သင်တန်း ဖွင့်ပွဲ

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာ ဖွင့်လှစ်မည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၂၉) သင်တန်းဖွင့်ပွဲ ကို (၃-၈-၂၀၂၃) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဦးစွာ ပထမ New Myanmar Foundation ၏ တာဝန်ခံဖြစ်သူ ဒေါက်တာစန်းအောင်မှ သင်တန်းသားများ၏အလုပ်လုပ်ချင်သည့်စိတ်နှင့် ယခုလို စက်ချုပ်သင်တန်းတက်ရောက်ရန် ရောက်ရှိလာကြခြင်းအား ကြိုဆိုကြောင်း၊ မိမိရောက်ရှိနေသည့်နေရာမှာ မဆုတ်မနစ်ကြိုးစားနေကြသည်ကိုတွေ့ရသည့်အတွက် ဂုဏ်ယူကြောင်းပြောကြားပြီး Foundation ၏ ကူညီဆောင်ရွက်နေမှုများနှင့် ရယူနိုင်သောအခွင့်အလမ်းများကို ရှင်းပြပေးပြီး စနစ်တကျရယူနိုင်ပါကြောင်း ပြောကြား၍ အားပေးကြိုဆိုခဲ့ပါသည်။ ဆက်လက်၍ သင်တန်း တာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက် […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဖွင့်လှစ်ကျင်းပသော အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၂၈) သင်တန်း ဆင်းပွဲ

New Myanmar Foundation မှ ဦးစီးကျင်းပဖွင့်လှစ်သည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၂၈) သင်တန်းဆင်းပွဲ ကို (၂၉-၇-၂၀၂၃) ရက်နေ့ ညနေ (၃) နာရီခွဲတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ သင်တန်း အပတ်စဉ်-(၂၈)ကို အောင်မြင် ပြီး‌မြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ၊သင်တန်းသား (၇)ဦး ရှိပါသည်။ သင်တန်းဆင်းပွဲတွင် ဦးစွာ New Myanmar Foundation ၏ တာဝန်ခံ ဖြစ်သူ ဒေါက်တာစန်းအောင်မှ သင်တန်းပြီးစီးသွားသည့် သင်တန်းသူ၊သင်တန်းသား များကို တွေ့ရ၊မြင်ရသည်မှာ အင်အားအပြည့်နှင့် ရှိနေတာကိုတွေ့ရသောကြောင့် ပီတိဖြစ်ရကြောင်း၊ ဆက်လက်ကြိုးစားသွားကြရန် နှင့် အချင်းချင်းလည်း ဗဟုသုတများ မျှဝေကြရန် လိုအပ်ကြောင်း၊ အချင်းချင်း အဆက်အသွယ်မပြတ်ရှိကြဖို့ […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ စီစဉ်သည့် အခမဲ့အခြေခံမော်တာစက်နင်းသင်တန်းတက်ရောက်နိုင်ရန် သင်တန်းသားခေါ်ယူခြင်း

မဲဆောက်မြို့သို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှမများခင်ဗျား….. New Myanmar Foundation အနေဖြင့် မဲဆောက်ရောက် မြန်မာနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ရည်ရွယ်လျက် “အခမဲ့အခြေခံမော်တာစက်နင်းစက်ချုပ်သင်တန်း” ကို August (1) ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ “အခမဲ့အခြေခံမော်တာစက်နင်းစက်ချုပ်သင်တန်း” ကို လစဉ် (၁ ရက်နေ့) မှ (၁၀ ရက်နေ့) အထိ တစ်ကြိမ်၊ (၁၅ ရက်နေ့) မှ (၂၄ ရက်နေ့) အထိတစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ သင်တန်းအပတ်စဉ် တစ်ကြိမ်လျှင် ထိရောက်သည့်သင်ကြားမှုများ ဆောင်ရွက်ပေးနိုင်ရန် သင်တန်းသား (၁၀) ဦးလက်ခံသင်ကြားပေးသွားမည်ဖြစ်ပါသည်။ လျှောက်ထားသူသင်တန်းသားများ အ နေဖြင့်မိမိလျှောက်ထားသည့် အပတ်စဉ်တစ်ခုတွင် တက်ရောက်ခွင့်မရရှိခဲ့ပါကလည်း နောက်အပတ်စဉ်များတွင် ဆက်လက်တက်ရောက်နိုင်ရန် စီစဉ်ထားပါသည်။ ‌သင်တန်းတက်ရောက်လိုသည့် သင်တန်းသားများအနေဖြင့် အောက်ဖော်ပြပါ စည်းကမ်းချက်များကို […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဖွင့်လှစ်သော ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးသင်တန်းအတွက် သင်တန်းသားများခေါ်ယူခြင်း

New Myanmar Foundation မှ ဒီဂျစ်တယ် ဘေးကင်းလုံခြုံရေး သင်တန်းကို လစဉ် စီစဉ်ကျင်းပလျက်ရှိရာ လျှောက်ထားသူများပြား၍ ထိရောက်သော သင်ကြားပို့ချမှုများ ဆောင်ရွက်နိုင်ရန် သင်တန်းတစ်ကြိမ်လျှင် (၂၅)ဦးခန့်သာ လက်ခံနိုင်ခြင်းကြောင့် သင်တန်းတက်ရောက်ရန် လိုအပ်ချက်များ ကိုက်ညီသော်လည်း တက်ရောက်ခွင့် မရသူများရှိနေသဖြင့် ယခု ဩဂုတ်လတွင် ကျင်းပမည့် အပတ်စဉ် (၃) မှစတင်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ သင်တန်းများအတွက် ဤလျှောက်လွှာဖောင်ကို ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး လျှောက်ထားလာသူများထဲမှ သတ်မှတ်ချက်များနှင့်ကိုက်ညီသူ ဦးရေ (၃၅၀) ခန့်အား ကြိုတင်စိစစ်ရွေးချယ်၍ အပတ်စဉ်အလိုက် ဆက်သွယ်သွားမည် ဖြစ်ပါသည်။ သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများကိုသာ Email, Signal တို့ဖြင့် ဆက်သွယ်သွားမည် ဖြစ်ပါသည်။ Zoom […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဖွင့်လှစ်သော အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၂၈) သင်တန်း ဖွင့်ပွဲ

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာ ဖွင့်လှစ်မည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၂၈) သင်တန်းဖွင့်ပွဲ ကို (၂၀-၇-၂၀၂၃) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဦးစွာ ပထမ New Myanmar Foundation ၏ တာဝန်ခံ ဖြစ်သူ ဒေါက်တာစန်းအောင်မှ Foundation ၏ ကူညီဆောင်ရွက်နေမှုများကို ရှင်းပြပေးပြီး ယခုဖွင့်လှစ်သည့် သင်တန်းမှ ရရှိသော အသက်မွေးဝမ်းကြောင်းပညာရပ်အား တန်ဖိုးရှိစွာအသုံးပြုနိုင်ရန် မျှော်လင့်ပါကြောင်း၊ မည်သည့်နေရာရောက်ရောက် တိုင်းပြည်အရေးတွေမှာ တစ်နေရာမဟုတ်တစ်နေရာ မိမိတို့နိုင်သည့်တာဝန်ကို ပါဝင်ကူညီထမ်းဆောင်ကြဖို့လိုအပ်ကြောင်း၊ မိမိဘဝကြုံတွေ့ခဲ့ရသော အချိုးအကွေ့အတွေ့အကြုံများကို မျှဝေရှင်းပြ၍ လူငယ်များအတွက် ရလဒ်ကောင်းများရရှိလာမည်ဟု ယုံကြည်ကြောင်းနှင့် ဆက်လက်ကြိုးစားကြစေလိုကြောင်း […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဖွင့်လှစ်ကျင်းပသော အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲအကြောင်းကြေငြာပေးခြင်း

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာဖွင့်လှစ်မည့် အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင် တန်းအပတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲကို (၂၀-၇-၂၀၂၃) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာပထမ New Myanmar Foundation ၏ တာဝန်ခံဖြစ်သူ ဒေါက်တာစန်းအောင်မှ Foundation ၏ ကူညီဆောင်ရွက်နေမှုများကိုရှင်းပြပေးပြီး ယခုဖွင့်လှစ်သည့်သင်တန်းမှရရှိသော အသက်မွေးဝမ်းကြောင်းပညာရပ်အား တန်ဖိုးရှိစွာအသုံးပြုနိုင်ရန် မျှော်လင့်ပါကြောင်း၊ မည်သည့်နေရာရောက်ရောက် တိုင်းပြည်အရေးတွေမှာ တစ်နေရာမဟုတ်တစ်နေရာ မိမိတို့နိုင်သည့်တာဝန်ကို ပါဝင်ကူညီထမ်းဆောင်ကြဖို့လိုအပ်ကြောင်း၊ မိမိဘဝကြုံတွေ့ခဲ့ရသော အချိုးအကွေ့ အတွေ့အကြုံများကို မျှဝေရှင်းပြ၍ လူငယ်များအတွက်ရ လဒ်ကောင်းများရရှိလာမည်ဟု ယုံကြည်ကြောင်းနှင့် ဆက်လက်ကြိုးစားကြစေလိုကြောင်း အားပေးပြောကြားခဲ့ပါသည်။ ဒုတိယအစီအစဉ်အနေဖြင့် New Myanmar Foundation ၏ Monitoring and Evaluation […]

error: Content is protected !!