မဲဆောက်ရောက် ဒီမိုကရေစီအင်အားစုများထဲမှ သား/သမီးထောက်ပံ့မှုမရှိသော အသက်(၆၀) အထက် သက်ကြီးရွယ်အိုများ ၊ အုပ်ထိန်းသူ မရှိသော မိဘမဲ့ကလေးများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်းသူများ ၊ မိသားစုဝင်ငွေမရှိသူများ စသည့် Human Rights Defender (HRD) များကိုသာ အလေးထား ကူညီသွားလိုကြောင်း အလှူရှင်၏ သဘောထားအား New Myanmar Foundation Facebook Page တွင် မတ်လမှစ၍ လစဉ်ကြေငြာစာများဖြင့် ချပြခဲ့ပါသည်။
ထို့ကြောင့် CDM များနှင့် ပတ်သက်၍ ထပ်မံအသိပေးလိုသည်မှာ-
စစ် /ရဲ CDMများနှင့် ၎င်းတို့၏မိသားစုဝင်များအား ထောက်ပံနိုင်ခြင်း မရှိတော့ပါ ။
အခြားCDMများကိုလည်း ထောက်ပံနိုင်ခြင်း မရှိတော့ပါ ။
သို့သော် အခြားCDMများ၏ မိသားစုဝင်များအနေဖြင့် ဝင်ငွေမရှိ/အလုပ်မရှိ ပါက လျှောက် ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအနေဖြင့် ရိက္ခာအတွက် အခက်အခဲဖြစ်ပါက အောက်တွင် ဖော်ပြထားသော ရုံးဖုန်းသို့ ရုံးချိန်အတွင်း တိုက်ရိုက်ဆက်သွယ်မေးမြန်းပါရန်နှင့် ရိက္ခာအတွက် လျှောက်ထားရာတွင် တစ်လ တစ်ကြိမ် ပြန်လည်လျှောက်ထားရန် လိုအပ်ကြောင်း လေးစားစွာ ထပ်မံအသိပေးအပ်ပါသည်။
ဆက်သွယ်မေးမြန်းရန်
Hay Mar Basic Food Program Manager
Phone & Signal – +66659252173 foodprogram.nmf@gmail.com
