New Myanmar Foundation မှ ဖွင့်လှစ်သော ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးသင်တန်းအတွက် သင်တန်းသားများခေါ်ယူခြင်း

New Myanmar Foundation မှ ဒီဂျစ်တယ် ဘေးကင်းလုံခြုံရေး သင်တန်းကို လစဉ် စီစဉ်ကျင်းပလျက်ရှိရာ လျှောက်ထားသူများပြား၍ ထိရောက်သော သင်ကြားပို့ချမှုများ ဆောင်ရွက်နိုင်ရန် သင်တန်းတစ်ကြိမ်လျှင် (၂၅)ဦးခန့်သာ လက်ခံနိုင်ခြင်းကြောင့် သင်တန်းတက်ရောက်ရန် လိုအပ်ချက်များ ကိုက်ညီသော်လည်း တက်ရောက်ခွင့် မရသူများရှိနေသဖြင့် ယခု ဩဂုတ်လတွင် ကျင်းပမည့် အပတ်စဉ် (၃) မှစတင်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ သင်တန်းများအတွက် ဤလျှောက်လွှာဖောင်ကို ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး လျှောက်ထားလာသူများထဲမှ သတ်မှတ်ချက်များနှင့်ကိုက်ညီသူ ဦးရေ (၃၅၀) ခန့်အား ကြိုတင်စိစစ်ရွေးချယ်၍ အပတ်စဉ်အလိုက် ဆက်သွယ်သွားမည် ဖြစ်ပါသည်။

သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများကိုသာ Email, Signal တို့ဖြင့် ဆက်သွယ်သွားမည် ဖြစ်ပါသည်။

Zoom အသုံးပြု သင်ကြားမည့် Online သင်တန်းဖြစ်ပြီး၊ အပတ်စဉ် (၃) မှ (၁၆) အထိ သင်တန်း (၁၄) ကြိမ်၏ လျာထားသတ်မှတ်ရက်များကို ပူးတွဲပါပုံတွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။

သင်တန်းတွင် ပါဝင်သည့် အခြေခံ အကြောင်းအရာများ

—————————————————-

ကွန်ပျူတာများအလုပ်လုပ်ပုံ၊ Mobile Phone များ အလုပ်လုပ်ပုံ၊

အင်တာနက် အလုပ်လုပ်ပုံအကြောင်း၊

Signal, Telegram, Facebook Messenger, Viber, အစရှိသည့် Messaging Apps များလုံခြုံစွာ အသုံးပြုနိုင် မည့် နည်းလမ်းများ ၊ VPN အသုံးပြုနည်းများ ၊

Browser များအား လုံခြုံစွာ အသုံးပြုနည်းများ

Password များလုံခြုံစွာ အသုံးပြုရန် နည်းလမ်းများ၊

2-factor authentication (code ၂ဆင့်ခံနည်း) အကြောင်း

Google မှ Provide လုပ်ထားသော Email Client ဖြစ်သည့် Gmail အသုံးပြုနည်း နှင့် အသုံးများသည့် Google Products များဖြစ်သည့် Docs, Slide, Sheets, Keep, Drive, Form, Maps, Photo,

datas များလုံခြုံအောင် ထိန်းသိမ်းနည်းများ

သိသင့်သိထိုက်သော Cyber security law များအကြောင်း

သင်တန်းသားများ သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခြင်း များပါဝင်ပါသည်။

သင်တန်းတက်ရောက်ရန် အခြေခံ လိုအပ်ချက်များ

————————————————-

ကွန်ပျူတာ၊ မိုဘိုင်းလ်ဖုန်းနှင့် ပတ်သက်ပြီး အခြေခံသိထားသူ

Zoom app နှင့် Signal Account များရှိပြီး အသုံးပြုနိုင်သူ၊

အွန်လိုင်း သင်တန်းဖြစ်သဖြင့် သင်တန်းသားထံတွင် Internet လိုင်းရရှိရန်။

သင်တန်း၌ တက်ကြွစွာပူးပေါင်းပါဝင်နိုင်သူ၊

သင်တန်း အစမှ အဆုံးထိ စိတ်ပါဝင်စားစွာ တက်ရောက်နိုင်သူ။

မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများသို့ ပြန်လည် ဝေငှပေးရန် ဆန္ဒရှိသူ။

တော်လှန်ရေးလုပ်ငန်းများ နှင့် လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူ ။

(အမျိုးသမီးများ၊ LGBTIQ များ၊ မသန်စွမ်းများ အားလုံး ပါဝင်တက်ရောက်ရန်လည်း အထူးဖိတ်ခေါ်အပ်ပါသည်။ )

သင်တန်းကာလ (၅) ရက်အား မပျက်မကွက် တက်ရောက်သူများအား Completion Certificateပေးသွားမည်ဖြစ်ပါသည်။

သင်တန်းလျှောက်ထားရန် Google Form Link

——————————————————

https://docs.google.com/…/1FAIpQLScdoSW5QEr…/viewform…

**သင်တန်းတက်ရောက်ရန်အခြေခံလိုအပ်ချက်များနှင့်ကိုက်ညီသူများသာ လျှောက်ထားရန်ဖြစ်ပါသည်။

**ရွေးချယ်ခံရသူများကို Email/Signal Message ဖြင့် ဆက်သွယ်မည်ဖြစ်၍ Email/Signal Message ပုံမှန်စစ်ဆေးရန် လိုအပ်ပါသည်။ သင်တန်းမစတင်မီ ဖောင်တင်ထားည့် လျှောက်ထားသူများအား ၃ရက်ခန့်အလိုအထိ ဆက်သွယ်မရပါက ရွေးချယ်မှုပျက်ပြယ်၍ အခြားသင့်တော်သူကို ထပ်မံရွေးချယ်သွားမည်ဖြစ်ပါသည်။


IT Manager

Micky

Phone: +66 0838788804‎

Email: nmf.itofficer@gmail.com

#newmyanmarfoundation#digital_sec

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!