𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဖွင့်လှစ်ကျင်းပသော အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲအကြောင်းကြေငြာပေးခြင်း

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာဖွင့်လှစ်မည့် အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင် တန်းအပတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲကို (၂၀-၇-၂၀၂၃) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာပထမ New Myanmar Foundation á တာဝန်ခံဖြစ်သူ ဒေါက်တာစန်းအောင်မှ Foundation ၏ ကူညီဆောင်ရွက်နေမှုများကိုရှင်းပြပေးပြီး ယခုဖွင့်လှစ်သည့်သင်တန်းမှရရှိသော အသက်မွေးဝမ်းကြောင်းပညာရပ်အား တန်ဖိုးရှိစွာအသုံးပြုနိုင်ရန် မျှော်လင့်ပါကြောင်း၊ မည်သည့်နေရာရောက်ရောက် တိုင်းပြည်အရေးတွေမှာ တစ်နေရာမဟုတ်တစ်နေရာ မိမိတို့နိုင်သည့်တာဝန်ကို ပါဝင်ကူညီထမ်းဆောင်ကြဖို့လိုအပ်ကြောင်း၊ မိမိဘဝကြုံတွေ့ခဲ့ရသော အချိုးအကွေ့ အတွေ့အကြုံများကို မျှဝေရှင်းပြ၍ လူငယ်များအတွက်ရ လဒ်ကောင်းများရရှိလာမည်ဟု ယုံကြည်ကြောင်းနှင့် ဆက်လက်ကြိုးစားကြစေလိုကြောင်း အားပေးပြောကြားခဲ့ပါသည်။

ဒုတိယအစီအစဉ်အနေဖြင့် New Myanmar Foundation á Monitoring and Evaluation Manager ဖြစ်သူ ကိုဝိုင်းချစ်အောင်မှ မိမိကိုယ်တိုင် ရောက်ရှိတဲ့နေရာမှ နိုင်ငံအတွက် မည်သို့အကျိုးပြု၍ရနိုင်မည်ကို ကြံဆနေကြောင်း၊ ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိဆဲဖြစ်သောကြောင့် ယခုသင်တန်းတက်ရောက်လာကြတဲ့ အင်အားစုများအနေဖြင့်လည်း အားမလျော့ကြပါရန် တိုက်တွန်းလိုပါကြောင်း၊ ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်မှာလည်း အလုပ်အကိုင်အခွင့်အလမ်း ရရှိပြီး ရပ်တည်နိုင်စေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ရောက်ရှိလာကြသော သင်တန်းသူ/သား (၈)ဦး အား ကြိုဆိုကြောင်း ၊ သင်တန်းသို့ရောက်ရှိလာသူ တစ်ဦးချင်းစီ၏ ရောက်ရှိရာနေရာ၌ ပညာတစ်ခုကိုလေ့လာလျက် အလုပ်လုပ်ရန် ရည်ရွယ်ကြတာ စိတ်ဓာတ်များကို လေးစားပါကြောင်း၊ သင်တန်းသားအချင်းချင်း ညီအစ်ကိုမောင်နှမစိတ်ဓာတ်ဖြင့် တစ်ဦးနှင့်တစ်ဦးစောင့်ရှောက်ကြရန်၊ ဗဟုသုတများ ဖလှယ်မျှဝေရင်း စည်းကမ်းတကျ နေထိုင်ကြစေလိုကြောင်း၊ မိမိနိုင်ငံအရေးတွင်လည်း မမေ့မလျော့ တက်စွမ်းသ၍ ပါဝင်အားဖြည့်ကူ ညီပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများပြောကြား၍ အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

New Myanmar Foundation အနေဖြင့် ယခုဖွင့်လှစ်သည့် အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာရပ်သာမက လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး အစရှိသည့် အသိ ပညာရပ်များကိုလည်း ဝေမျှပေးသွားမည် ဖြစ်ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!