𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဖွင့်လှစ်သော 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐁𝐚𝐭𝐜𝐡 (𝟐) ကျင်းပပြီးစီးကြောင်းအသိပေးခြင်း

မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် New Myanmar Foundation မှဦးစီး၍ ဒီဂျစ်တယ်နည်းပညာများကို လုံခြုံစိတ်ချစွာနှင့် ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ရေးအတွက် Digital Security Training များကို ကျင်းပပြုလုပ်လျက်ရှိရာ ဇူလိုင်လ (၂၁)ရက်၊ ၂၀၂၃ ခုနှစ်တွင် အပတ်စဉ် (၂)ကို ကျင်းပခဲ့ပြီးဖြစ်ပါသည်။ သင်တန်းသားများရွေးချယ်ရာတွင် – – – မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများကို ပြန်လည်ဝေမျှပေးရန် ဆန္ဒရှိသူများ။ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူများ။ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူများ။ မြန်မာနိုင်ငံတွင်း ဝေးလံသောဒေသများ၊ ပဋိပက္ခဖြစ်ပွားလျက်ရှိသောဒေသများ ပုဂ္ဂိုလ်များ။ များကို အထူးဦးစားပေး ရွေးချယ်ခဲ့ပါသည်။ သင်တန်းသားရွေးချယ်ရာတွင် လျှောက်ထားသူဦးရေများစွာထဲမှ နယ်ပယ်အစုံမှ ရွေးချယ်ရခြင်း ဖြစ်သည့်အတွက် သတ်မှတ်ချက်များနှင့်ကိုက်ညီပြီး ယခုအပတ်စဉ် (၂)တွင် မပါဝင်ခဲ့သူများကိုလည်း နောင်ဖွင့်လှစ်မည့် သင်တန်းများတွင် ရွေးချယ်သွားမည်ဖြစ်ပါသည်။ မှတ်ချက်။ […]

လူ့အခွင့်အရေးအခြေခံအသိအမြင်နှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးသင်တန်းအတွက် သင်တန်းသားများခေါ်ယူခြင်း

New Myanmar Foundation မှ လူ့အခွင့်အရေးအခြေခံနှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးသင်တန်းကို လစဉ်စီစဉ်ကျင်းပလျက်ရှိရာ လျှောက်ထားသူများပြား၍ သင်တန်းတစ်ကြိမ်လျှင် (၂၅) ဦးခန့်သာ လက်ခံနိုင်ခြင်းကြောင့် သင်တန်းတက်ရောက်ရန် လိုအပ်ချက်များကိုက်ညီသော်လည်း တက်ရောက်ခွင့်မရသူများရှိနေသဖြင့် ယခု ဩဂုတ်လတွင်ကျင်းပမည့် အပတ်စဉ် (၁၂) မှစတင်ပြီး ၂၀၂၃ ခုနှစ်၊ ဒီ ဇင်ဘာလအထိ သင်တန်းများအတွက် ဤလျှောက်လွှာဖောင်ကို ဇူလိုင်လ (၂၀) ရက်နေ့မှ (၂၄) ရက်နေ့အထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး လျှောက်ထားလာသူများထဲမှ သတ်မှတ်ချက်များနှင့် ကိုက်ညီသူဦးရေ (၂၅၀)ခန့်အား ကြိုတင်စိစစ်ရွေးချယ်၍ အပတ်စဉ်အလိုက်ဆက် သွယ်သွားမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများကိုသာ Email၊ Signal တို့ဖြင့် ဆက်သွယ်သွားမည် ဖြစ်ပါ သည်။ Zoom အသုံးပြုသင်ကြားမည့် Online သင်တန်းဖြစ်ပြီး၊ အပတ်စဉ် (၁၂)မှ (၂၁) အထိ […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ 𝐀𝐝𝐦𝐢𝐧 & 𝐇𝐑 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူခြင်း

NEW MYANMAR FOUNDATION မှ Admin & HR Officer ရာထူးအတွက် လျှောက်လွှာများခေါ်ယူနေပါသည်။ လျှောက်လွှာလက်ခံမည့်ကာလ : ၁၃.၇.၂၀၂၃ မှ ၂၂.၇.၂၀၂၃ အထိ နေရာ : မဲဆောက် အစမ်းခန့်ကာလ : ၃ လ လစာ : ၈၀၀၀ ဘတ် အစီရင်ခံရမည့်သူ : Executive Director လုပ်ဆောင်ရမည့်တာ၀န်များ  ရုံး၏စာရေးကိရိယာများနှင့် ရုံးသုံးကိရိယာများကို စနစ်တကျထိန်းသိမ်းနိုင်ရမည်။  ရုံးသုံးခန့်မှန်းခြေနှင့် အသုံးစရိတ်များကို ပုံမှန်စာရင်းပြုစု၍ Finance Department ထံစာရင်းတင်ပြရမည်။  Foundation ၏ Database များကို ထိန်းသိမ်းနိုင်ရမည်။  Foundation ၏ အရေးကြီးသောသက်ဆိုင်ရာစာရွက်စာတမ်းများကို စနစ်တကျစုဆောင်းပြုစု၊ ထိန်းသိမ်းပေးထားရမည်။ […]

အရေးပေါ်အကူညီလိုအပ်နေသောသူများအား ထောက်ပံ့မှုနှင့်ပတ်သက်ပြီး သတ်မှတ်လူဦးရေပြည့်သွားသည့်အတွက် ဖောင်ပိတ်လိုက်ကြောင်း အသိပေးကြေငြာခြင်း

ဒီမိုကရေစီအရေး ကြိုးပမ်းနေကြသူများခင်ဗျား – လေးစားစွာ အကြောင်းကြားအပ်ပါသည်။ ပြည်တွင်းရှိ – ထွက်ပြေး တိမ်းရှောင်နေရသော ၊ အရေးပေါ် အကူအညီ လိုအပ်နေသော ဒီမိုကရေစီအရေး နှင့် လူ့အခွင့်အရေး ကြိုးပမ်းဆောင်ရွက်နေသူ ( ၁၀ ) ဦးအား အကူအညီပေးနိုင်ရန် လျှောက်လွှာများ တောင်းခံထားပါသည်။ ယနေ့  ( ၁၃ – ၇ – ၂၀၂၃ ) ရက်နေ့  (  ၁၂   :  ၀၀   ) အချိန်တွင် လျှောက်လွှာစောင်ရေ ( ၁၀၀ ) ရရှိပြီဖြစ်ပါ၍ နောက်ထပ် လျှောက်လွှာများကို ဆက်လက် လက်ခံ နိုင်တော့မည် မဟုတ်ပါကြောင်း လေးစားစွာအကြောင်းကြားအပ်ပါသည်။   အားလုံး ကျန်းမာချမ်းသာပါစေ။ တာဝန်ခံ မသင်း Signal number: […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဖွင့်လှစ်သော 𝐎𝐧𝐥𝐢𝐧𝐞 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 သင်တန်းအပတ်စဥ်(၂)တက်ရောက်ခွင့်ရရှိသူများအား ရွေးချယ်ပြီးစီးကြောင်း ကြေငြာခြင်း

2023 ခုနှစ် July (17) ရက်နေ့ မှ (21) ရက်နေ့အထိ ပြုလုပ်သွားမည့် Online Digital Security Training Batch – (2) အတွက် သင်တန်း တက်ရောက်ခွင့် ရထားသူများကို Email မှတဆင့် ဆက်သွယ်အကြောင်းကြားပြီး ဖြစ်ပါသဖြင့် သင်တန်းလျှောက်ထားသူများအနေဖြင့် မိမိတို့၏ အီးမေးလ်ကို စစ်ဆေးကြည့်ရန်အတွက် မေတ္တာရပ်ခံပါသည်။ လူဦးရေ အကန့်အသတ်ကြောင့် Selection Criteria နှင့် ညီပြီး ယခု Batch-2 တွင် ရွေးချယ်ခြင်းမခံရသည့် သူများကိုလဲ နောက် သင်တန်းများတွင် ဆက်လက်ရွေးချယ် ပေးသွားပါမည်။ #NewMyanmarFoundation#NMF#Digital_Security Micky IT Support Officer Phone&Signal: +66 838788804 Email: nmf.itofficer@gmail.com

အရေးပေါ်အန္တရာယ်ကျရောက်နေသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်နေသူများအတွက် ထောက်ပံ့မည့် အစီအစဉ်

အရေးပေါ် အန္တရာယ်ကျရောက်နေသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်နေသူများအတွက် ထောက်ပံ့မည့် အစီအစဉ်၏ လျှောက်လွှာဖောင်ပုံစံအား ဖော်ပြပေးလိုက်ပါသည် ။ အောက်တွင် ပြထားသော link ကို download ရယူ၍ လိုအပ်သော အချက်အလက်များကို ပြည့်ပြည့် စုံစုံ ဖြည့်သွင်းပြီး လျှောက်လွှာဖောင်တွင်ပါသော email မှတဆင့် ပြန်လည် ပေးပို့ပေးနိုင်ပါသည်။ https://docs.google.com/document/d/1zVWeuFZUXUOMgxONQD3yXHjYRHWbtSjD/edit

၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ဖွင့်လှစ်ပေးလျက်ရှိသော 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ အခမဲ့ အွန်လိုင်းအင်္ဂလိပ်ဘာသာ စကားပြောသင်တန်းများ

(၂၀၂၃) ခုနစ်၊ ဇူလိုင်လတွင် နယူးမြန်မာဖောင်ဒေးရှင်းမှ ဖွင့်လှစ်ပေးလျက်ရှိသော အင်္ဂလိပ်ဘာသာ စကားသင်တန်း အစီအစဥ်များအကြောင်း သတင်းစကားပါးလိုပါသည်။ နယူးမြန်မာဖောင်ဒေးရှင်းသည် ပြည်တွင်း၊ မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ အင်္ဂလိပ်စကားပြောအရည်အသွေးများ တိုးတက်လာစေရန်ရည်ရွယ်လျက် အခမဲ့ အွန်လိုင်းအင်္ဂလိပ်စကားပြော သင်တန်းများကို မတ်လ၊ ၂၀၂၂ မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယခုအခါ သင်တန်းအပတ်စဥ် (၅) သို့တိုင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားသင်တန်းများအတွက် သင်တန်းအပတ်စဉ်တစ်ခုလျှင် သင်တန်းကာလ (၃) လ သတ်မှတ်ထားရှိပြီး  အင်္ဂလိပ်စကားပြောသင်တန်း အပတ်စဥ် (၁) ကို ၂၀၂၂ခုနစ်၊ မတ်လ (၂၈) ရက်မှ ဇွန်လ (၃၀) ရက်နေ့အထိလည်းကောင်း၊  သင်တန်းအပတ်စဥ် (၂) ကို ဇူလိုင်လ (၁၈) ရက်နေ့မှ အောက်တိုဘာ […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဖွင့်လှစ်သော 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐁𝐚𝐭𝐜𝐡 (𝟏) ကျင်းပပြီးစီးကြောင်း အသိပေးခြင်း

မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် New Myanmar Foundation က ဦးစီး၍ ဒီဂျစ်တယ်နည်းပညာများကို လုံခြုံစိတ်ချစွာနှင့် ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ရေးအတွက်  Digital Security Training  များကို ကျင်းပပြုလုပ်လျက်ရှိရာ  ဇူလိုင်လ (၇)ရက် ၂၀၂၃ ခုနှစ်တွင် အပတ်စဉ် (၁) ကို ကျင်းပခဲ့ပြီးဖြစ်ပါသည်။ သင်တန်းသားများရွေးချယ်ရာတွင် မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများကို ပြန်လည်ဝေမျှပေးရန် ဆန္ဒရှိသူများ။ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူများ။ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုများကြောင့် ထွက်ပြေး တိမ်းရှောင်လာရသူများ။ မြန်မာနိုင်ငံတွင်း ဝေးလံသောဒေသများ၊ ပဋိပက္ခဖြစ်ပွားလျက်ရှိသောဒေသများ ပုဂ္ဂိုလ်များ။ များကို အထူးဦးစားပေး ရွေးချယ်ခဲ့ပါသည်။ သင်တန်းသားရွေးချယ်ရာတွင် လျှောက်ထားသူ ဦးရေ ၇၀ ကျော်ထဲမှ နယ်ပယ်အစုံမှ ရွေးချယ်ရခြင်း ဖြစ်သည့်အတွက် ယခု အပတ်စဉ် (၁) တွင် မပါဝင်ခဲ့သူများကိုလည်း […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဖွင့်လှစ်ကျင်းပသော 𝐎𝐧𝐥𝐢𝐧𝐞 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 သင်တန်း အပတ်စဉ် ( ၂ ) သင်တန်းသားခေါ်ယူခြင်းနှင့် ပတ်သက်ပြီး အသိပေး အကြောင်းကြားခြင်း

မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် နယူးမြန်မာဖောင်ဒေးရှင်းမှ ဦးစီး၍ ဖွင့်လှစ် သည့်  ဒီဂျစ်တယ်လုံခြုံရေး သင်တန်း အပတ်စဉ် (၁)ကို ဇူလိုင်လ (၃) ရက်နေ့မှ ဇူလိုင်လ (၇) ရက်နေ့ထိကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းသင်တန်းသို့ တက်ရောက်ရန်အတွက် ဒေသအစုံ၊ လုပ်ငန်းနယ်ပယ်အစုံမှ ပုဂ္ဂိုလ်များ၊ မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများသို့ ပြန်လည်မျှဝေပေးရန် ဆန္ဒရှိသူများ၊ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူများ၊ အမျိုးသမီးများ၊ LGBTများ၊ မသန်စွမ်းများအားလုံး ပါဝင်တက်ရောက်ရန်အတွက် အထူးအလေးပေးဖိတ်ခေါ်ခဲ့ပါသည်။ ယင်းသင်တန်း အပတ်စဉ် (၁) အတွက် လျှောက်ထားသူ ဦးရေ (၇၀)ကျော်ထဲမှ (၂၅)ယောက်အား ရွေးချယ် သင်ကြားပေးခဲ့ပါသည်။ ရွေးချယ်၍ ကျန်ရှိသော သူများထဲမှ ယခု ခေါ်ယူမည့် အပတ်စဉ် (၂) အတွက် ဆက်လက်ရွေးချယ်ပေးသွားမည်ဖြစ်၍ လျှောက်လွှာတင်ထားသော သူများအနေဖြင့် မိမိတို့၏ email […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ကျင်းပသော အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်း အပတ်စဥ် (၅)အတွက် သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး နှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် New Myanmar Foundation မှ ဖွင့်လှစ်ပေးလျက်ရှိသော အွန်လိုင်း အခြေခံ ထိုင်းဘာသာစကားပြော သင်တန်း အပတ်စဥ် (၅)ကို ဇူလိုင်လ (၁၇) ရက် ၊ ၂၀၂၃ ခုနှစ်(တနင်္လာနေ့)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် ထိုင်းဘာသာစကား လေ့လာသင်ယူရန် စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါသည်။ ဤသင်တန်းအတွက် သင်တန်းကာလ (၃) လ သတ်မှတ်ထားရှိပြီး အခြေခံအဆင့် ထိုင်းဘာသာစကားသင်တန်းများကို Class A, Class B, Class C နှင့် Class D ဟူ၍ အတန်းခွဲ (၄) ခုခွဲကာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသည်။ ထိုင်းဘာသာစကားသင်တန်း […]

error: Content is protected !!