𝐖𝐇𝐈𝐒𝐓𝐋𝐄𝐁𝐋𝐎𝐖𝐈𝐍𝐆 𝐏𝐎𝐋𝐈𝐂𝐘

The UN Convention against Corruption and the Organization for Economic Co-operation and Development 2004 includes whistleblowers protection “Whistleblower protection frameworks, compendium of best practices and guiding principles for legislation”. It is essential that anyone connected with New Myanmar Foundation who suspects or knows that wrongdoing has taken place, is taking place, or is likely to […]
𝐒𝐀𝐅𝐄𝐆𝐔𝐀𝐑𝐃𝐈𝐍𝐆 𝐏𝐎𝐋𝐈𝐂𝐘

Safeguarding is the responsibility that the New Myanmar Foundation must ensure our representatives and activities promote the welfare of people (especially children, vulnerable adults, and risk beneficiaries) in the communities where we work and do not expose them to the risk of harm including sexual exploitation and abuse. Safeguarding measures seek to prevent situations where […]
𝐀𝐍𝐓𝐈-𝐅𝐑𝐀𝐔𝐃 𝐏𝐎𝐋𝐈𝐂𝐘

This Policy aims to prevent, detect, and address acts of fraud and corruption involving: Purposes
𝐎𝐧𝐥𝐢𝐧𝐞 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐨𝐧𝐭𝐞𝐧𝐭𝐬
𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 𝐁𝐚𝐬𝐢𝐜 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 Knowledge of network
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဖွင့်လှစ်သော အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၃၀) သင်တန်းဖွင့်ပွဲ

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာ ဖွင့်လှစ်မည့် အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၃၀) သင်တန်းဖွင့်ပွဲကို (၁၈-၈-၂၀၂၃) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာပထမ သင်တန်းတာဝန်ခံ (NLD) ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ သင်တန်းသို့ရောက်ရှိလာသူ တစ်ဦးချင်းစီ၏ အလုပ်လုပ်ချင်သော စိတ်ဓာတ်၊ ပညာယူချင်သော စိတ်ဓာတ်များအတွက် လေးစားဝမ်းသာကြိုဆိုပါကြောင်း၊ သင်တန်းသူ/သားများအနေဖြင့် ယခုအပ်ချုပ်သင်တန်းတွင် စနစ်တကျလေ့လာသင်ယူခြင်းဖြင့် အခြေခံအဆင့်ကို တတ်မြောက်အောင် လေ့ကျင့်ကြစေလိုကြောင်း၊ အထည်ချုပ်ပညာဆိုသည်မှာ ကမ္ဘာတစ်ဝှမ်း မည်သည့်ဒေသတွင်မဆို အသုံးပြုခွင့်ရနိုင်သည့် ပညာရပ်တစ်ခုဖြစ်ခြင်းကြောင့် အလေးအနက်ထား၍ လေ့လာကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတာဝန်ခံ မဝေဝေမှ အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်းသို့ ရောက်ရှိလာကြသော […]
အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၂၉) သင်တန်းဆင်းပွဲ

New Myanmar Foundation မှ ဦးစီးကျင်းပဖွင့်လှစ်သည့် အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၂၉) သင် တန်းဆင်းပွဲကို (၁၂-၈-၂၀၂၃) ရက်နေ့၊ နံနက် (၉) နာရီခွဲတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းအပတ်စဉ် (၂၉) ကို အောင်မြင်ပြီးမြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ (၇)ဦးရှိပါသည်။ သင်တန်းဆင်းပွဲတွင် ဦးစွာ New Myanmar Foundation ၏ Monitoring and Evaluation Manager ဖြစ်သူ ကိုဝိုင်းချစ်အောင်မှ သင်တန်းသားများအား ရောက်ရှိနေတဲ့နေရာမှာ ဇွဲကောင်းဖို့နှင့် အားတင်းထားဖို့ အားပေးပါကြောင်း၊ အားလုံးသည် တစ်သွေးထဲတစ် သားတည်းမို့ စည်းစည်းလုံးလုံးရှေ့ဆက်ကြမည်ဖြစ်ပြီး အချိန်မရွေးတိုင်ပင်နိုင်ပါကြောင်း၊ New Myanmar Foundation ၏ […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧’𝐬 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦

New Myanmar Foundation သည် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီ အရေး ကြိုးပမ်းသူများအတွက် (Safe House) အစီအစဉ်ကို ပြန်လည်ဆောင်ရွက် လျက်ရှိပါသည်။ NMF၏ Safe Houseများတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစု Safe Houseများဟု ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေ လုံခြုံစွာ နေနိုင်မည် ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၅)ဦးစီ အတူနေထိုင်ရမည် ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ မိသားစု(၅)ဦးဖြစ်ပါက အခန်းရရှိမည်ဖြစ်ပြီး ူမိသားစု(၅)ဦး မရှိပါက အခန်းလွတ်လျှင် ၎င်းအခန်းများတွင် ခေတ္တနေနိုင်ပြီး မိသားစု (၅)ဦး လာပါက ၎င်းတို့ကို ဦးစားပေးရမည် ဖြစ်ပါသည်။ Safe House […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐇𝐮𝐦𝐚𝐧 𝐑𝐢𝐠𝐡𝐭𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦 အကြောင်း

မြန်မာပြည်တွင်း၌ လူ့အခွင့်အရေးလှုပ်ရှားမှုများ ပိုမိုအားကောင်းအောင် လုပ်ဆောင်နိုင်စေရေးအတွက် နယူးမြန်မာဖောင်ဒေးရှင်းနှင့် မိတ်ဘက်အဖွဲ့များပူးပေါင်းကာ ၅ နှစ်တာ လူ့အခွင့်အရေးအစီအစဉ် (Human Rights Program) ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင် အကောင်အထည် ဖော်ဆောင်လျက်ရှိပါသည်။ ဤအစီအစဉ်မှ လူ့အခွင့်အရေး အသိအမြင်ဖွင့်သင်တန်း (အခြေခံနှင့် အဆင့်မြင့်) များကို ပုံမှန်ဖွင့်လှစ်လျက်ရှိပြီး ဇူလိုင်လအထိ အခြေခံသင်တန်း ၁၁ ကြိမ်၊ အဆင့်မြင့်သင်တန်း ၂ ကြိမ် ဖွင့်လှစ်ခဲ့ရာ သင်တန်းတက်ရောက်သူ စုစုပေါင်း ၃၄၀ ဦးရှိခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း ဆက်လက်ဖွင့်လှစ်မည့် သင်တန်းများအတွက်လည်း လျှောက်လွှာများခေါ်ယူခဲ့ပြီး၊ အချက်အလက် ပြည့်စုံစွာ လျှောက်ထားလာသူများအား ပဏာမရွေးချယ်သည့် စာရင်းတွင် ပါဝင်ကြောင်း အကြောင်းပြန်ကြား ထားပြီးဖြစ်ပါသည်။ နိုင်ငံတဝှမ်းကြုံတွေ့နေရသော အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို အွန်လိုင်းနှင့် […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐓𝐞𝐥𝐞𝐡𝐞𝐚𝐥𝐭𝐡 အစီအစဉ်မှ 𝐉𝐮𝐥𝐲 𝟐𝟎𝟐𝟑 လအတွင်း ကူညီမှုများ

New Myanmar Foundation ၏ နယူးမြန်မာ တယ်လီကျန်းမာ အစီအစဉ်ကို ဇွန်လ (၁) မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်လှစ်ခဲ့ရသော ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံ,မဲဆောက်မြို့သို့ တိမ်းရှောင်ခိုလှုံလာကြသည့် သိန်းနှင့်ချီသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ စစ်ဘေးရှောင် ပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေးကို ကာကွယ် စောင့်ရှောက်ပေးရန် ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ကျန်းမာရေး ချို့တဲ့မှုများ၊ အရေးပေါ် အခြေအနေများနှင့် ကြုံတွေ့လာသည့် အခါတွင်လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိင်ရန်အတွက် အခက်အခဲ အဟန့်အတားများစွာ ကြုံတွေ့ရပါသည်။ ဘာသာစကားအခက်အခဲ၊ သွားလာရေးအခက်အခဲ၊ ငွေကြေးချို့တဲ့မှု၊ သတင်းအချက် အလက်ချို့တဲ့မှုနှင့် အဖမ်းအဆီး ခံရနိုင်သည့် အခြေအနေများ အပါအဝင်များစွာသော အတားအဆီးများ ရှိနေပါသည်။ ၎င်း အခက်အခဲများကို ကူညီ ဖြေရှင်းပေးနိုင်ရန်အတွက် Tele […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှဖွင့်လှစ်သော 𝐒𝐩𝐫𝐢𝐧𝐠 𝐁𝐫𝐢𝐝𝐠𝐞 𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐜𝐡𝐨𝐨𝐥 𝐀𝐝𝐯𝐞𝐫𝐭𝐢𝐬𝐞𝐦𝐞𝐧𝐭

နေ့စွဲ ၊ ၁၀ ရက် ဩဂုတ်လ ၂၀၂၃ New Myanmar Foundation သည် ၂၀၂၂ မေလ (၁) ရက်နေ့စတင်ပြီး စစ်ဘေးသင့် မြန်မာနိုင်ငံသား ရင်သွေးများ၏ ပညာရေးလိုအပ်ချက်များကို ဖြည့်စည်းပေးရန်အတွက် Spring Bridge School (SBS) Online Program သို့ ကျောင်းသားများကို စတင်ဖိတ်ခေါ်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဇွန်လ (၆) ရက်နေ့ကစတင်ကာ Grade 1 မှ Grade 11 ထိ ကျောင်းသူ ကျောင်းသား ၁၂၀၀ ကျောင်ကို သင်ကြားခဲ့ပြီး ဒီဇင်ဘာလ ၂၀၂၂ ခုနှစ် တွင် အတန်းတင် စာမေးပွဲ စစ်ဆေးခဲ့ပါသည်။ ၂၀၂၃ ဇန်နဝါရီလ (၃၁) ရက်တွင် […]