၂၀၂၃ ခုနစ်၊ ဩဂုတ်လတွင် နယူးမြန်မာဖောင်ဒေးရှင်းမှ ဖွင့်လှစ်ပေးလျက်ရှိသော အင်္ဂလိပ်ဘာသာစကားသင်တန်း အစီအစဥ်များအကြောင်း သတင်းစကားပါးလိုပါသည်။
နယူးမြန်မာဖောင်ဒေးရှင်းသည် ပြည်တွင်း၊ မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ အင်္ဂလိပ်စကားပြော အရည်အသွေးများ တိုးတက်လာစေရန် ရည်ရွယ်လျက် အခမဲ့ အွန်လိုင်းအင်္ဂလိပ်စကားပြော သင်တန်းများကို မတ်လ၊ ၂၀၂၂ မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းအပတ်စဥ် (၅) သို့တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အင်္ဂလိပ်ဘာသာစကား သင်တန်းများအတွက် သင်တန်းအပတ်စဉ် တစ်ခုလျှင် သင်တန်းကာလ (၃) လ သတ်မှတ်ထားရှိပြီး
– အင်္ဂလိပ်စကားပြော သင်တန်း အပတ်စဥ် (၁) ကို ၂၀၂၂ခုနစ်၊ မတ်လ (၂၈) ရက်မှ ဇွန်လ (၃၀) ရက်နေ့အထိလည်းကောင်း၊
– သင်တန်းအပတ်စဥ် (၂) ကို ဇူလိုင်လ (၁၈) ရက်နေ့မှ အောက်တိုဘာ (၁၇) ရက်၊ ၂၀၂၂ အထိလည်းကောင်း၊
– သင်တန်းအပတ်စဉ် (၃) ကို နိုဝင်ဘာ (၇) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နေ့အထိလည်းကောင်း၊
– သင်တန်းအပတ်စဉ် (၄) ကို မတ်လ ၂ ရက်နေ့ မှ ဇွန်လ ၂ ရက်နေ့အထိ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဖြစ်ပါသည်။
အင်္ဂလိပ်ဘာသာစကား သင်တန်းအပတ်စဥ် (၅) ကို ဇွန်လ (၂၆) ရက်၊ ၂၀၂၃ ရက်နေ့တွင် စတင်ခဲ့ရာ စေတနာ့ဝန်ထမ်း ဆရာ (၂) ဦးမှ အခြေခံအဆင့် အင်္ဂလိပ်ဘာသာစကားပြော သင်တန်းသား/သူ (၁၈၅) ဦးကို သင်ကြားပေးလျက်ရှိပါသည်။
နယူးမြန်မာဖောင်ဒေးရှင်း၏ အင်္ဂလိပ်ဘာသာစကားသင်တန်းများကို စိတ်ပါဝင်စား တက်ရောက်လိုသူများသည် သင်တန်းသစ်ဖွင့်လှစ်ခြင်းနှင့်အတူ သင်တန်းသားသစ်များ ခေါ်ယူခြင်းကို နယူးမြန်မာဖောင်ဒေးရှင်း၏ Facebook Page မှနေ၍ အစဉ်ကြေငြာပေးလျက်ရှိပါသဖြင့် သင်တန်းသားသစ်များ ခေါ်ယူသည့်အခါတွင် မိမိတက်ရောက်လိုသည့် သင်တန်းကိုရွေးချယ်ကာ တက်ရောက်နိုင်ပါကြောင်းလည်း သတင်းစကားပါးအပ်ပါသည်။
အင်္ဂလိပ်ဘာသာစကားသင်တန်းများနှင့် ပတ်သတ်၍ ထပ်မံသိရှိလိုသည်များရှိပါက အောက်ပါဖုန်းနံပါတ် သို့ တိုက်ရိုက်ဖုန်းဆက်၍သော်လည်းကောင်း၊ Signal, Telegram နှင့် Email များမှတဆင့်လည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
လေးစားစွာဖြင့်
ဘာသာစကားသင်တန်းတာဝန်ခံ
နယူးမြန်မာဖောင်ဒေးရှင်း
Ph: +669 27 833 262
Signal: +669 27 833 262
Telegram: +669 27 833 262
Email: language.nmf@gmail.com