New Myanmar Foundation ၏ အခမဲ့ အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်းများအကြောင်း သတင်းစကားပါးခြင်း

၂၀၂၃ ခုနစ် ဩဂုတ်လအတွင်း လုပ်ဆောင်လျက်ရှိသော နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့ အွန်လိုင်း ထိုင်းဘာသာစကားသင်တန်း အစီအစဥ်များအကြောင်း သတင်းစကားပါးလိုပါသည်။ နယူးမြန်မာဖောင်ဒေးရှင်းသည် မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုများ ထိုင်းနိုင်ငံအတွင်း နေထိုင်စဥ် နေ့စဥ် ကြုံတွေ့ရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများ အဆင်ပြေစေရန်ရည်ရွယ်လျက် အခမဲ့ အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်းများကို မတ်လ၊ ၂၀၂၂ မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

ထိုင်းဘာသာစကားပြောသင်တန်း

– အပတ်စဥ် (၁) ကို ၂၀၂၂ခုနစ်၊ မတ်လ (၁၄) ရက်မှ ဇူလိုင် (၂၂) ရက်နေ့အထိလည်းကောင်း၊

– သင်တန်းအပတ်စဥ် (၂) ကို သြဂုတ်လ (၈) ရက်နေ့မှ ဒီဇင်ဘာ (၉) ရက်၊ ၂၀၂၂ အထိလည်းကောင်း၊

– သင်တန်းအပတ်စဥ် (၃) ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့မှ မတ်လ (၁၉) ရက်၊ ၂၀၂၃ ခုနှစ် အထိလည်းကောင်း၊

– သင်တန်းအပတ်စဥ် (၄) ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၃) ရက်နေ့မှ ဇူလိုင်လ (၃) ရက် အထိလည်းကောင်း ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းတက်ရောက်အောင်မြင်ပြီးသူ သင်တန်းသား/သူ (၂၃၇) ဦး ရှိပြီဖြစ်သည်။

ထိုင်းဘာသာစကားသင်တန်းအပတ်စဉ် (၅) ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက် နေ့တွင် ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါသင်တန်းတွင် သင်တန်းသား/သူ (၉၃) ဦး တက်ရောက်သင်ယူလျက်ရှိပါသည်။

နယူးမြန်မာဖောင်ဒေးရှင်း၏ ထိုင်းဘာသာစကားသင်တန်းအပတ်စဉ် (၅) အတွက် သင်တန်းသားသစ်များ ဆက်လက်လက်ခံပေးလျက်ရှိနေသည့်အတွက် ထိုင်းဘာသာစကားကို လေ့လာသင်ယူလိုသူများ မိမိတက်ရောက် လိုသည့် သင်တန်းကိုရွေးချယ်ကာ တက်ရောက်နိုင်ပါကြောင်းလည်း သတင်းစကားပါးအပ်ပါသည်။

ထိုင်းဘာသာစကားသင်တန်းများနှင့် ပတ်သတ်၍ သိရှိလိုသည်များရှိပါက ဖုန်းနံပါတ် – +669 27 833 262 သို့ တိုက်ရိုက် ဖုန်းနှင့်ဆက်သွယ်၍ဖြစ်စေ၊ Signal, Telegram များမှတဆင့်ဖြစ်စေ ဆက်သွယ်နိုင်ပြီး email: language.nmf@gmail.com သို့လည်း ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

လေးစားစွာဖြင့်

ဘာသာစကားသင်တန်းတာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင်း

Ph.: +669 27 833 262

Signal: +669 27 833 262

Telegram: +669 27 833 262

Email: language.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!