အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ လူဦးရေ (၅၉၃၃) ဦးအား တစ်ဦးလျှင် (၃)လစာ နှုန်းဖြင့် အခြေခံစားနပ်ရိက္ခာဝေမျှပေးခဲ့ပြီး နောက်ဆုံးမျှဝေခဲ့သည့် ၂၀၂၃ ခုနှစ် ၊ ဖေဖော်ဝါရီလ မှ ဇူလိုင်လ အထိ (၁၄၀၇) ဦးအား ငွေသားအဖြစ် ပြောင်းလဲ၍ (၁)လစာ ဘတ် (၅၀၀)/(၂၅၀)တို့ဖြင့် မျှဝေပေးခဲ့ရာ စုစုပေါင်း (၇၃၄၀) ဦးအား မျှဝေပေးခဲ့ပြီး ဖြစ်ပါသည်။

🖋️ ယခု ဩဂုတ်လ (၁၀) ရက်နေ့တွင် ရိက္ခာအစား ငွေသား (ဘတ် ၂၅၀) မျှဝေမည့် အစီအစဉ်အား ပြုလုပ်သွားမည်ဖြစ်ပြီး စိစစ် ရွေးချယ်ခံရသူများတစ်ဦးချင်း ထံ ယနေ့ အကြောင်းကြား ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။ အလှူရှင်များ၏ အခက်အခဲ များကြောင့် မဲဆောက်ရောက် ဒီမိုကရေစီအင်အားစုများအား အပြည့်အဝ မကူညီနိုင်သည့် အပေါ် များစွာ စိတ်မကောင်းလည်း ဖြစ်ရပါသည်။

🖋️ ရိက္ခာအတွက် အခက်အခဲဖြစ်ပါက အောက်တွင်ဖော်ပြထားသည့် Phone ၊ Signal ၊ Email တို့မှ ရုံးချိန် နံနက် ၉း၀၀နာရီမှ ညနေ ၅း၀၀နာရီ ၊ တနင်္လာ မှ သောကြာ အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

🖋️ ရုံးပိတ်ရက်သည် ထိုင်းအစိုးရရုံးပိတ်ရက် ဖြစ်သည့်အတွက် ဖုန်းမကိုင်နိုင်ပါက Signalတွင် စာပို့မေးမြန်းထားနိုင်ပါသည်။

ဆက်သွယ်မေးမြန်းရန် Hay Mar Basic Food Program Manager Phone & Signal +66 659252173 foodprogram.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!