New Myanmar Foundation မှ ဖွင့်လှစ်သော အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၂၈) သင်တန်း ဖွင့်ပွဲ

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာ ဖွင့်လှစ်မည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၂၈) သင်တန်းဖွင့်ပွဲ ကို (၂၀-၇-၂၀၂၃) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Women Lead Resource Center တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဦးစွာ ပထမ New Myanmar Foundation ၏ တာဝန်ခံ ဖြစ်သူ ဒေါက်တာစန်းအောင်မှ Foundation ၏ ကူညီဆောင်ရွက်နေမှုများကို ရှင်းပြပေးပြီး ယခုဖွင့်လှစ်သည့် သင်တန်းမှ ရရှိသော အသက်မွေးဝမ်းကြောင်းပညာရပ်အား တန်ဖိုးရှိစွာအသုံးပြုနိုင်ရန် မျှော်လင့်ပါကြောင်း၊ မည်သည့်နေရာရောက်ရောက် တိုင်းပြည်အရေးတွေမှာ တစ်နေရာမဟုတ်တစ်နေရာ မိမိတို့နိုင်သည့်တာဝန်ကို ပါဝင်ကူညီထမ်းဆောင်ကြဖို့လိုအပ်ကြောင်း၊ မိမိဘဝကြုံတွေ့ခဲ့ရသော အချိုးအကွေ့အတွေ့အကြုံများကို မျှဝေရှင်းပြ၍ လူငယ်များအတွက် ရလဒ်ကောင်းများရရှိလာမည်ဟု ယုံကြည်ကြောင်းနှင့် ဆက်လက်ကြိုးစားကြစေလိုကြောင်း အားပေးပြောကြားခဲ့ပါသည်။

ဒုတိယအစီအစဉ်အနေဖြင့် New Myanmar Foundation ၏ Monitoring and Evaluation Manager ဖြစ်သူ ကိုဝိုင်းချစ်အောင်မှ မိမိကိုယ်တိုင် ရောက်ရှိတဲ့နေရာမှ နိုင်ငံအတွက် မည်သို့အကျိုးပြု၍ရနိုင်မည်ကို ကြံဆနေကြောင်း၊ ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိဆဲဖြစ်သောကြောင့် ယခုသင်တန်းတက်ရောက်လာကြတဲ့ အင်အားစုများအနေဖြင့်လည်း အားမလျော့ကြပါရန် တိုက်တွန်းလိုပါကြောင်း၊ ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်မှာလည်း အလုပ်အကိုင်အခွင့်အလမ်း ရရှိပြီး ရပ်တည်နိုင်စေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်း တာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက် အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် ရောက်ရှိလာကြသော သင်တန်းသူ / သား (၈)ဦး အား ကြိုဆိုကြောင်း ၊ သင်တန်းသို့ရောက်ရှိလာသူ တစ်ဦးချင်းစီ၏ ရောက်ရှိရာနေရာ၌ ပညာတစ်ခုကိုလေ့လာလျက် အလုပ်လုပ်ရန် ရည်ရွယ်ကြတာ စိတ်ဓာတ်များကို လေးစားပါကြောင်း၊ သင်တန်းသားအချင်းချင်း ညီအစ်ကို မောင်နှမစိတ်ဓာတ်ဖြင့် တစ်ဦးနှင့် တစ်ဦးစောင့်ရှောက်ကြရန်၊ ဗဟုသုတများ ဖလှယ်မျှဝေရင်း စည်းကမ်းတကျနေထိုင်ကြစေလိုကြောင်း၊ မိမိနိုင်ငံအရေးတွင်လည်း မမေ့မလျော့ တက်စွမ်းသ၍ ပါဝင်အားဖြည့်ကူညီပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြား၍ အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

New Myanmar Foundation အနေဖြင့် ယခုဖွင့်လှစ်သည့် အခမဲ့အခြေခံ လျှပ်စစ် မော်တာစက်ချုပ်သင်တန်းတွင် စက်ချုပ်ပညာရပ်သာမ က လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး အစရှိသည့် အသိပညာရပ်များကိုလည်း ဝေမျှပေးသွားမည် ဖြစ်ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!