ထိုင်းဘုရင်မင်းမြတ်၏ (၇၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပွဲအတွက် ကြိုတင်ပြင်ဆင်ရေးတွင် ပူးပေါင်းပါဝင်ခြင်း

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့တွင် Blossom Future မှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (၈) ဦးတို့သည် OTOP Hall (One Tambon One Product) ၌ ကျင်းပမည့် ထိုင်းဘုရင်မင်းမြတ်၏ (၇၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပွဲအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့ကြပါသည်။ အဖွဲ့ဝင်များသည် ထိုင်ခုံနှင့်စားပွဲများကို စနစ်တကျ နေရာချထားခြင်း၊ ပွဲအတွက် လိုအပ်သောပစ္စည်းများ စီစဉ်ပြင်ဆင်ခြင်းနှင့် ခန်းမသန့်ရှင်းရေးလုပ်ငန်းများကို အတူတကွ ညီညွတ်စွာ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့၏ အချိန်၊ လုပ်အားနှင့် စေတနာတို့ကို မျှဝေပေးခဲ့ကြပါသည်။ ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းကူညီပေးခဲ့ကြသော သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ၊ Blossom Future ဝန်ထမ်းများနှင့် […]

ရင်သွေးငယ်များ၏ ကျန်းမာသန်စွမ်းသော အနာဂတ်အတွက် စီစစ်စမ်းသပ်ပေးခြင်း

ယနေ့ (၂၄.၇.၂၀၂၆) ရက်နေ့တွင် Blossom Future အဖွဲ့သည် Burma Children Medical Fund ( HFA – Health for All Foundation – BCMF ) အဖွဲ့အစည်းနှင့်ပူးပေါင်း၍ Blossom Future ယာယီနေရာထိုင်ခင်းနှင့် ၎င်းအနီးတဝိုက်တွင် နေထိုင်ကြသော အသက် (၅)နှစ်အောက် ကလေးငယ်များအား မွေးရာပါနှလုံးရောဂါ ရှိ/မရှိ အခမဲ့စမ်းသပ်စစ်ဆေးပေးသည့် အစီအစဉ်ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ မွေးရာပါ နှလုံးရောဂါကို စောစီးစွာ စစ်ဆေးတွေ့ရှိပြီး လိုအပ်သည့် ဆေးဝါးကုသမှုများ အချိန်မီရရှိနိုင်ရေးအတွက် BCMF မှ တာဝန်ရှိသူများနှင့်အတူ Blossom Future အဖွဲ့သားများက ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးခဲ့ကြခြင်း ဖြစ်ပါသည်။ ရင်သွေးငယ်များ၏ ကျန်းမာရေးအတွက် အစဉ်တစိုက်အလေးထား ကူညီဆောင်ရွက်ပေးပါသော […]

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ၏အခမဲ့အလုပ်သမားအခွင့်အရေးနှင့် အလုပ်ခွင်ကာကွယ်စောင့်ရှောက်မှုသင်တန်း

ရက်စွဲ။ ။၂၀၂၆ ခုနှစ်၊ ဂျုလိုင် (၂၂) ရက်။ (၂၀၂၆ခုနှစ်၊ ဂျုလိုင် (၂၂) ရက်နေ့ မနက် (၉း၃၀) နာရီ မှ နေ့လည်(၁း၀၀)အထိ ထိုင်းမြန်မာနယ်စပ်ဒေသရှိ ရခိုင်အလုပ်သမားအဖွဲ့ (Arakan Workers Organization – AWO) ၏ခန်းမတွင် အလုပ်သမားအခွင့်အရေးနှင့် အလုပ်ခွင်ကာကွယ်စောင့်ရှောက်မှု သင်တန်းကိုပွင့်သစ်ဝေ 𝗕𝗟𝗢𝗦𝗦𝗢𝗠 𝗙𝗨𝗧𝗨𝗥𝗘 မှ ဦးစီးကျင်းပပြုလုပ်သော ကျင်းပပြုလုပ်ခဲ့ပြီး AWO ၏ ဦးဆောင်ဒါရိုက်တာဦးနိုင်အောင်အောင် မှသင်တန်းဆရာအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ယခုသင်တန်းတွင် အမျိုးသမီးသင်တန်းသူ (၂၉) ဦး၊ သင်တန်းသား (၁၇) ဦး စုစုပေါင်း (၄၆) ဦးတို့ တက်ရောက်သင်ယူခဲ့ကြပါသည်။ ဤသင်တန်း၏ ရည်ရွယ်ချက်မှာ အလုပ်သမားများအား ထိုင်းနိုင်ငံ၏ အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပဒေများ၊ အလုပ်ခွင်အတွင်းလုံ ခြုံရေးနှင့် […]

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူး၏ မင်္ဂလာရှိသောအိမ်တက်အခမ်းအနား

ယနေ့ကျင်းပပြုလုပ်သည့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး၏ မင်္ဂလာရှိသောအိမ်တက်အခမ်းအနား မတိုင်မီ ပြင်ဆင်ရေး လုပ်ငန်းစဉ်များတွင် Blossom Future အဖွဲ့အနေဖြင့် တက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်ခွင့် ရရှိခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်း မြောက်မိပါသည်။ မင်္ဂလာအခမ်းအနား အစစအရာရာ အဆင်ပြေချောမွေ့စွာ ပြီးမြောက်စေရန်အတွက် ပွဲမတိုင်ခင် တစ်ရက်အလိုကတည်းက လိုအပ်သည့် ပြင်ဆင်မှုများကို အကူအညီပေးခွင့် ရရှိခဲ့ခြင်း ဖြစ်ပါသည်။ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်တကွ မိသားစုဝင်များအားလုံး အိမ်သစ်တွင် ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ သာယာဝပြောစွာဖြင့် ရာထူးစည်းစိမ် တိုးတက်ပါစေကြောင်း Blossom Future အဖွဲ့သားများမှ လှိုက်လှဲစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ၏ အရေးပေါ်စားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်တွင် (ဇူလိုင်လ) အတွက် သတ်မှတ်လူဦးရေပြည့်ကြောင်း ကြေငြာခြင်း

Date 24th-July-2026 • Blossom Future (ပွင့်သစ်ဝေ) မှ အရေးပေါ်စားနပ်ရိက္ခာထောက်ပံ့ခြင်း အစီအစဉ်၏ (၂၂) ကြိမ်မြောက်ဖြစ်သည့် ဇူလိုင်လ (၁) လ စာအတွက် ဖောင်လျှောက်လွှာလက်ခံခြင်းကို (၁-၇-၂၀၂၆) မှစတင်၍ လုပ်ဆောင်ပေးခဲ့ပါသည်။ • ယခုအခါ ဇူလိုင်လအတွက် သတ်မှတ်ဦးရေ ပြည့်သွားပါသဖြင့် အရေးပေါ်စားနပ်ရိက္ခာ လျှောက်ထားမှု လက်ခံခြင်းများကို ယာယီရပ် နားထားမည်ဖြစ်ပြီး လာမည့်သြဂုတ်လတွင် လျှောက်ထားရမည့်ရက်အား Blossom Future (ပွင့်သစ်ဝေ) Facebook Page တွင်ပြန် လည်ကြေငြာသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ • ပုံမှန်ရုံးပိတ်ရက်များနှင့် ထိုင်းအစိုးရ ရုံးပိတ်ရက်များတွင် Blossom Future (ပွင့်သစ်ဝေ) ၏ရုံးများ ပိတ်ထားမည် ဖြစ်ပါသည်။ • ထို့အပြင် ချွင်းချက်အနေဖြင့် တနင်္ဂနွေနေ့များတွင် ညနေ […]

ထိုင်း-မြန်မာချစ်ကြည်ရင်းနှီးမှုနှင့် လူမှုအကျိုးပြုပူးပေါင်းဆောင်ရွက်မှု

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့တွင် မဲဆောက်ခရိုင် (အမ်ဖိုး) ရုံး၌ ကျင်းပပြုလုပ်သော ထိုင်းနိုင်ငံ၏ ဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်း (𝐊𝐢𝐧𝐠 𝐌𝐚𝐡𝐚 𝐕𝐚𝐣𝐢𝐫𝐚𝐥𝐨𝐧𝐠𝐤𝐨𝐫𝐧) ၏ (၇၄) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အကြိုလှုပ်ရှားမှုတွင် 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (𝗕𝗙) မှ စေတနာ့ဝန်ထမ်း (Volunteer) အဖြစ် ပါဝင်ကူညီဆောင်ရွက်ခွင့် ရရှိခဲ့ပါသည်။ ဒေသခံအဖွဲ့အစည်းများ၊ အစိုးရဌာနများနှင့် လူမှုအဖွဲ့အစည်းများနှင့်အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခွင့်ရခြင်းကို ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ယခုလှုပ်ရှားမှုတွင် မာလွေအိမ်ယာမှ နေထိုင်သူ (၅)ဦးက သွေးလှူဒါန်းရန် စာရင်းပေးသွင်းခဲ့ပြီး၊ ကျန်းမာရေး စစ်ဆေးမှုအောင်မြင်သူ (၂) ဦးက သွေးလှူဒါန်းနိုင်ခဲ့ပါသည်။ ကျန်းမာရေးစစ်ဆေးမှုအရ ယခုအကြိမ်တွင် သွေးလှူဒါန်းနိုင်ခြင်း မရှိခဲ့သည့် (၃) ဦးသည်လည်း လူသားချင်းစာနာထောက်ထားသော […]

စိတ်ဖိစီးမှုဖြေရှင်းခြင်း အသိပညာဖွင့်ဆွေးနွေးပွဲ တက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း (𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 𝗳𝗼𝗿𝗺 𝗳𝗼𝗿 𝗦𝘁𝗿𝗲𝘀𝘀 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀 𝘄𝗼𝗿𝗸𝘀𝗵𝗼𝗽)

မင်္ဂလာပါခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေးဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိလာသော မြန်မာပြည်သူများအတွက် စိတ်ဖိစီးမှုတွေ၊ ပူပန်မှုတွေ၊ နေ့စဉ်ဘဝရဲ့ ဖိအားတွေကြား မှာ ကိုယ့်စိတ်ကျန်းမာရေးကို ဂရုစိုက်တတ်စေရေး အသိပညာများမျှဝေရန် ရည်ရွယ်ချက်ဖြင့် ယခုဆွေးနွေးပွဲအား ၂၀၂၆ ခုနှစ် ဇွန်လမှ စတင်၍ သင်တန်းထပ်မံဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းအား အမှန်တကယ် စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက်နိုင်ရန် ယခုလျှောက်လွှာအား ဖြည့်သွင်းစာရင်းပေးနိုင်ပြီ ဖြစ်ပါသည်။ ရည်ရွယ်ချက် ————- သင်တန်း၏ အဓိကရည်ရွယ်ချက်အားဖြင့် မဲဆောက်မြို့အတွင်း ထွက်ပြေးရောက်ရှိလာကြသည့် မြန်မာပြည်သူများအတွက် စိတ်ဖိစီးမှုတွေ၊ ပူပန်မှုတွေ၊ နေ့စဉ်ဘဝရဲ့ ဖိအားတွေကြားမှာ ကိုယ့်စိတ်ကျန်းမာရေးကို […]

𝐀𝐝𝐦𝐢𝐧 𝐚𝐧𝐝 𝐇𝐑 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း

ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ/သားများအတွက် Blossom Future (ပွင့်သစ်ဝေ) မှ လုပ်ဆောင်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးလုပ်ငန်းများ၊ ဥပဒေရေးရာ အထောက်အကူပြုလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများနှင့် အခြားသော လူမှုအကျိုးပြုလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်‌ ဆောင်ရွက်လျက်ရှိသည့် ကျွန်ုပ်တို့အဖွဲ့အစည်း၏ နေ့စဉ်ရုံးလုပ်ငန်း လည်ပတ်မှုများ၊ လူ့စွမ်းအား အရင်းအမြစ် (Human Resource, HR) ဆိုင်ရာ လုပ်ငန်းစဉ်များကို စနစ်တကျ ကိုင်တွယ်ကြီးကြပ်နိုင်ရန်နှင့် အမှုဆောင် ဒါရိုက်တာ (Executive Director, ED) ၏ လုပ်ငန်းတာဝန်များကို ဘက်စုံမှပံ့ပိုးကူညီပေးနိုင်ရန်အတွက် လုပ်ငန်းအတွေ့အကြုံရှိပြီး တက်ကြွထက်မြက်သော “စီမံခန့်ခွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ်အရာရှိ” (Admin and HR Officer) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူကာ ရှာဖွေလျက်ရှိပါသည်။ ရာထူး 𝐀𝐝𝐦𝐢𝐧 𝐚𝐧𝐝 𝐇𝐑 𝐎𝐟𝐟𝐢𝐜𝐞𝐫 […]

လူ့အခွင့်အရေးအစီအစဉ် – စီမံကိန်းဆက်သွယ်ညှိနှိုင်းရေးတာဝန်ခံ (𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐂𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐨𝐫) ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်

ရာထူး။ စီမံကိန်းဆက်သွယ်ညှိနှိုင်းရေးတာဝန်ခံ (𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐂𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐨𝐫) လျှောက်လွှာလက်ခံမည့်ကာလ။ ၂၁ ရက်၊ ဇူလိုင်လ ၂၀၂၆ မှ ၂၇ ရက်၊ ဇူလိုင်လ ၂၀၂၆ အထိ။ ခန့်အပ်ထားမည့်နေရာ။ မဲဆောက် အလုပ်စတင်မည့်ရက်။ As soon as possible အစမ်းခန့်ကာလ။ (၃) လ လစာ။ ၁၅,၀၀၀ ဘတ် အစီရင်ခံရမည့်သူ။ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 (𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲) ခန့်အပ်မည့်ဦးရေ။ (၁) ဦး စီမံကိန်းပြီးဆုံးမည့်ရက်။ ၂၀၂၇ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ။ ပွင့်သစ်ဝေ (𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲) အဖွဲ့အစည်းသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ (၅) နှစ်တာ လူ့အခွင့်အရေးစီမံကိန်း (𝗛𝘂𝗺𝗮𝗻 𝗥𝗶𝗴𝗵𝘁𝘀 𝗣𝗿𝗼𝗴𝗿𝗮𝗺) […]

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) မှ မေ-ဇွန် (၂) လစာအတွက် ရိက္ခာဝေမည့်အကြောင်း သတင်းစကားပါးခြင်း

ဧပရယ်၊ မေ၊ ဇွန်၊ ဇူလိုင် သတ်မှတ်ရက်များအတွင်း ရိက္ခာလျှောက်ထားခဲ့သူ လူသစ်များအတွက် မေ-ဇွန် (၂) လစာကို ရိက္ခာပစ္စည်းများ မျှဝေပေးသွားမည်ဖြစ်ပါသည်။ (21-July-2026) အင်္ဂါနေ့တွင် ရိက္ခာဝေမျှပေးမည့် အစီအစဉ်အား ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။ Blossom Future (ပွင့်သစ်ဝေ) ၏ အိမ်လိုက်ဝေပေးသည့် အစီအစဉ်အား အောက်ဖော်ပြပါ သတ်မှတ်ထားသော (6)နေရာများအတွက်သာဆောင်ရွက်ပေးမည်ဖြစ်ပြီး၊ ထိုနေရာများမှအပ အခြားနေရာများသို့ ပို့ဆောင်ပေးမည့် အစီအစဉ်မရှိတော့ပါကြောင်းကို လေးနက်စွာ အသိပေးအပ်ပါသည်။ 1. မယ့်ကဆာ 2. မယ်ကုလွမ် 3. ဝှေ့ကလုတ်ကျေးရွာ 4. ဝှေ့မုတ်ကျေးရွာ 5. မယ်တောင်ပိုင် 6. မယ့်ကုကင်း ထို့ကြောင့် ရိက္ခာထုတ်ရမည့် ဆရာ/ဆရာမများထံ လျှောက်လွှာတွင် ဖြည့်သွင်းထားခဲ့သော Signal နံပါတ်များသို့ ရုံးဖုန်း 0659252173 ဖြင့် […]

error: Content is protected !!