𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ၏အခမဲ့အလုပ်သမားအခွင့်အရေးနှင့် အလုပ်ခွင်ကာကွယ်စောင့်ရှောက်မှုသင်တန်း

ရက်စွဲ။ ။၂၀၂၆ ခုနှစ်၊ ဂျုလိုင် (၂၂) ရက်။

(၂၀၂၆ခုနှစ်၊ ဂျုလိုင် (၂၂) ရက်နေ့ မနက် (၉း၃၀) နာရီ မှ နေ့လည်(၁း၀၀)အထိ ထိုင်းမြန်မာနယ်စပ်ဒေသရှိ ရခိုင်အလုပ်သမားအဖွဲ့ (Arakan Workers Organization – AWO) ၏ခန်းမတွင် အလုပ်သမားအခွင့်အရေးနှင့် အလုပ်ခွင်ကာကွယ်စောင့်ရှောက်မှု သင်တန်းကိုပွင့်သစ်ဝေ 𝗕𝗟𝗢𝗦𝗦𝗢𝗠 𝗙𝗨𝗧𝗨𝗥𝗘 မှ ဦးစီးကျင်းပပြုလုပ်သော ကျင်းပပြုလုပ်ခဲ့ပြီး AWO ၏ ဦးဆောင်ဒါရိုက်တာဦးနိုင်အောင်အောင် မှသင်တန်းဆရာအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

ယခုသင်တန်းတွင် အမျိုးသမီးသင်တန်းသူ (၂၉) ဦး၊ သင်တန်းသား (၁၇) ဦး စုစုပေါင်း (၄၆) ဦးတို့ တက်ရောက်သင်ယူခဲ့ကြပါသည်။ ဤသင်တန်း၏ ရည်ရွယ်ချက်မှာ အလုပ်သမားများအား ထိုင်းနိုင်ငံ၏ အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပဒေများ၊ အလုပ်ခွင်အတွင်းလုံ ခြုံရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာများ တိုးမြှင့်ပေးရန်နှင့် မိမိတို့၏ ဥပဒေအရ အခွင့်အရေးများကို မှန်ကန်စွာသိ ရှိနားလည်ပြီး လက်တွေ့အသုံးချနိုင်စေရန် ဖြစ်ပါသည်။

သင်တန်းအတွင်း အခြေခံအလုပ်သမားကာကွယ်ရေးဥပဒေများ၊ အလုပ်ချိန်၊ အနားယူချိန်နှင့် ခွင့်ရက်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ လုပ်ခလစာပေးချေမှုစနစ်၊ အလုပ်ရပ်စဲခံရသည့်အခါ ရရှိနိုင်သည့် နစ်နာကြေးဆိုင်ရာ အခွင့်အရေးများ၊ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ အ ခွင့်အရေးနှင့် တာဝန်များ၊ ထို့အပြင် အလုပ်သမားအငြင်းပွားမှုများ ဖြစ်ပေါ်လာသည့်အခါ ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးမျှဝေခဲ့ပါသည်။

ရွှေ့ပြောင်းအလုပ်သမားများ၏ ဥပဒေအရ အခွင့်အရေးများကို သိရှိနားလည်ပြီး လုံခြုံ၍ဂုဏ်သိက္ခာရှိသော အလုပ်ခွင်ပတ်ဝန်းကျင်တွင် အလုပ်လုပ်ကိုင်နိုင်စေရန် ရည်ရွယ်လျက် အလားတူ အသိပညာပေးသင်တန်းများကို ဆက်လက် အကောင်အထည်ဖော်ဆောင် ရွက်သွားမည် ဖြစ်ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!