𝐀𝐝𝐦𝐢𝐧 𝐚𝐧𝐝 𝐇𝐑 𝐎𝐟𝐟𝐢𝐜𝐞𝐫 ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း

ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ/သားများအတွက် Blossom Future (ပွင့်သစ်ဝေ) မှ လုပ်ဆောင်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးလုပ်ငန်းများ၊ ဥပဒေရေးရာ အထောက်အကူပြုလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများနှင့် အခြားသော လူမှုအကျိုးပြုလုပ်ငန်းများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်‌ ဆောင်ရွက်လျက်ရှိသည့် ကျွန်ုပ်တို့အဖွဲ့အစည်း၏ နေ့စဉ်ရုံးလုပ်ငန်း လည်ပတ်မှုများ၊ လူ့စွမ်းအား အရင်းအမြစ် (Human Resource, HR) ဆိုင်ရာ လုပ်ငန်းစဉ်များကို စနစ်တကျ ကိုင်တွယ်ကြီးကြပ်နိုင်ရန်နှင့် အမှုဆောင် ဒါရိုက်တာ (Executive Director, ED) ၏ လုပ်ငန်းတာဝန်များကို ဘက်စုံမှပံ့ပိုးကူညီပေးနိုင်ရန်အတွက် လုပ်ငန်းအတွေ့အကြုံရှိပြီး တက်ကြွထက်မြက်သော “စီမံခန့်ခွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ်အရာရှိ” (Admin and HR Officer) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူကာ ရှာဖွေလျက်ရှိပါသည်။

ရာထူး 𝐀𝐝𝐦𝐢𝐧 𝐚𝐧𝐝 𝐇𝐑 𝐎𝐟𝐟𝐢𝐜𝐞𝐫

လျှောက်လွှာလက်ခံမည့်ကာလ ၂၂.၀၇.၂၀၂၆ မှ ၂၉.၀၇.၂၀၂၆ အထိ

စီမံကိန်းကာလ ဘတ်ဂျက်လျာထားနိုင်မှုအပေါ် မူတည်၍ ကာလအပိုင်းအခြား ကွာခြားနိုင်ပါသည်

နေရာ မဲဆောက်

အစမ်းခန့်ကာလ ၃လ

ပုံမှန်လစာ ၁၅,၀၀၀ ဘတ်

အစီရင်ခံရမည့်သူ Executive Director

ခန့်အပ်မည့် ပုံစံ အချိန်ပြည့် (လူကိုယ်တိုင်)

ခန့်အပ်မည့်ဦးရေ ၁ ဦး

လုပ်ဆောင်ရမည့်တာဝန်များ

—————————–

Blossom Future ၏ လုပ်ငန်းများတွင်

● လစ်လပ်ဝန်ထမ်း ခေါ်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုလုံး (အလုပ်အကိုင်ကြေငြာစာ ပြင်ဆင်ခြင်းမှ ကြေငြာခြင်း၊ လျှောက်ထားသူ များ၏ ကိုယ်ရေးရာဇဝင်များအား စိစစ်ခြင်း၊ လူတွေ့စစ်ဆေးခြင်းများနှင့် ဝန်ထမ်းအသစ်များအတွက် လုပ်ငန်းခွင် အကြိုမိတ်ဆက်ခြင်း) ကိုတာဝန်ယူ ဆောင်ရွက်ခြင်း

● ဝန်ထမ်းများ၏ ကိုယ်ရေးမှတ်တမ်းများ၊ ရုံးတက်ရက်များ၊ ခွင့်ရက်မှတ်တမ်းများနှင့် အခြားအချက်အလက်များကို စနစ်တကျ သိမ်းဆည်းရန်

● မဲဆောက်ရုံးရှိ ဝန်ထမ်းများ၏ ဗီဇာသက်တမ်းများ၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) များ အခြေအနေနှင့် ထိုင်းအာ ဏာပိုင်များထံ တင်ပြရမည့် စာရွက်စာတမ်းများ (ဥပမာ- ရက် ၉၀ အစီရင်ခံခြင်း၊ TM30 ဖြည့်စွက်ခြင်း) ကို စောင့်ကြည့်စစ်ဆေးရန်

● လစဉ် ဝန်ထမ်းလစာစာရင်း (Payroll) များ တွက်ချက်ခြင်းနှင့် ခရီးသွားလာရေးဆိုင်ရာ စရိတ်စကများ၊ အဖွဲ့အစည်း၏ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ညှိနှိုင်းဆောင်ရွက်ခြင်းအား Finance Manager နှင့် တွဲဖက်လုပ်ဆောင်ရန်

● ဝန်ထမ်းများ၏ HR မူဝါဒဆိုင်ရာ မေးမြန်းချက်များနှင့် လုပ်ငန်းခွင်စည်းကမ်းချက်များကို အဓိက ရှင်းလင်း ဖြေကြားပေးမည့် ပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ရန်

● ရုံးသုံးပစ္စည်းများ ဝယ်ယူခြင်း၊ စာရင်းဇယားထိန်းသိမ်းခြင်းနှင့် မဲဆောက်အတွင်းရှိ လုပ်ငန်းပိုင်း၊ ရုံးပိုင်းဆိုင်ရာ ပြင်ပဝန်ဆောင်မှုပေးသူများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း အပါအဝင် နေ့စဉ်ရုံးလုပ်ငန်းများကို ကြီးကြပ်ရန်

● လုံခြုံရေး၊ သန့်ရှင်းရေးနှင့် ရုံးသုံးပစ္စည်းကိရိယာများ ထိန်းသိမ်းခြင်းတို့ကို ကြီးကြပ်ပြီး သန့်ရှင်း၍ ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးရန်

● ဝင်စာ/ထွက်စာများ၊ ရုံးတွင်းအချက်အလက်များနှင့် အရေးကြီးစာရွက်စာတမ်းများကို Digital စနစ်ဖြင့် လည်းကောင်း၊ ရုံးဖိုင်တွဲများဖြင့်လည်းကောင်း စနစ်တကျ သိမ်းဆည်းရန်

● နယ်စပ်ဒေသတွင်း အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဝန်ထမ်းများ၏ နယ်မြေဆင်းခရီးစဉ်များနှင့် ယာဉ်အသုံးပြုမှု အစီအ စဉ်များကို ညှိနှိုင်းစီစဉ်ရန်

● ရုံးတွင်း/ ရုံးပြင် အရေးကြီး အစည်းအဝေးမှတ်တမ်းများ၊ ရုံးစာများနှင့် တင်ပြချက်များကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် တိကျစွာ ရေးသားကာ မှတ်တမ်းပြုစုရန်

● လစဉ် Blossom Future (BF) ၏ လုပ်ငန်းအစီအစဉ် (Programs) များအတွက် Review Meeting များကို တာဝန်ယူ စီစဉ်ဆောင် ရွက်ရမည်။ အစည်းအဝေးပြီးဆုံးပြီးနောက် အစည်းအဝေးမှတ်တမ်း (Meeting Minutes) များကို သက်ဆိုင်ရာ Program Manager များနှင့် ပြန်လည်ညှိနှိုင်းအတည်ပြုပြီး၊ အစည်းအဝေးကျင်းပသည့်နေ့မှ (၁) ပတ်အတွင်း Executive Director ထံတင်ပြ၍ အတည်ပြုချက်ရယူရမည်။

● အမှုဆောင် ဒါရိုက်တာနှင့် ရုံးတွင်းဌာနများ၊ ပြင်ပနယ်စပ်အခြေစိုက် အဖွဲ့အစည်းများ (CBOs)၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် အ ဆင်ပြေချောမွေ့စွာ ဆက်သွယ်နိုင်ရန် ပေါင်းစပ်ညှိနှိုင်းပေးရန်

● ဝန်ထမ်းစာချုပ်၊ လုပ်ငန်းစာချုပ်၊ အဖွဲ့အစည်းနှင့် ဝန်ထမ်းစာချုပ် ချုပ်ဆိုခြင်း၊ လုပ်ငန်းစာချုပ် ချုပ်ဆိုခြင်းများ ပြင်ဆင်ရန်

● လုပ်ငန်းစွမ်းဆောင်ရည် စံနှုန်းများချမှတ်ခြင်း၊ လက်ရှိအလုပ် လုပ်ကိုင်လျက်ရှိသော ဝန်ထမ်းများ၏ လုပ်ငန်းသဘာဝနှင့် ကိုက်ညီမည့် အဓိကလုပ်ဆောင်ရည်ညွှန်းကိန်းများ (Key Performance Indicators, KPIs) နှင့် လုပ်ငန်းစီမံချက်များကို ရေးဆွဲ၊ အကောင်အ ထည်ဖော်ပြီး စောင့်ကြည့်ရန်

● ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ပိုင်း၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ ဘာသာစကား လိုအပ်ချက်နှင့် လုပ်ငန်းခွင်စိန်ခေါ်မှုများကို ပုံမှန်ဆန်းစစ်ပြီး အဖွဲ့အစည်းမှ ပံ့ပိုးကူညီပေးရမည့် ကဏ္ဍများကို ရှာဖွေဖော်ထုတ်ရန်

● ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရန်အတွက် ရုံးစိုက်ရာနှင့် လုပ်ငန်းလုပ်ကိုင်ရာဒေသဖြစ်သည့် မဲဆောက် အခြေအနေနှင့် ကိုက်ညီမည့် လုပ်ငန်းခွင်သင်တန်းများ၊ စည်းကမ်းလိုက်နာမှုဆိုင်ရာ ဆွေးနွေးပွဲများနှင့် လုံခြုံရေးဆိုင်ရာ မွမ်းမံသင်တန်းများကိုသက် ဆိုင်ရာ ဝန်ထမ်းများနှင့် ညှိနှိုင်းကာ စီစဉ်ကျင်းပပေးရန်

● နှစ်လယ်နှင့် နှစ်ချုပ် ဝန်ထမ်းလုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်ခြင်း (Performance Appraisal) လုပ်ငန်းစဉ်များကို စနစ်တကျ ကြီးကြပ်ရမည်ဖြစ်ပြီး၊ ဝန်ထမ်းများနှင့် အမှုဆောင်ဒါရိုက်တာအကြား ကောင်းမွန်သော တုံ့ပြန်ဆွေးနွေးမှုများ ဖြစ်ပေါ်စေရန် ပေါင်းစပ်ညှိနှိုင်းရန်

● စီမံကိန်းကာလများအတွင်း ဝန်ထမ်းများ၏ လုပ်ငန်းလုပ်ဆောင်နိုင်စွမ်းကို စောင့်ကြည့်ရမည်ဖြစ်ပြီး၊ လုပ်ငန်းကြန့်ကြာမှုများရှိပါက လုပ်ငန်းခွင်အစီအစဉ်များကို ပြန်လည်ချိန်ညှိနိုင်ရန် အမှုဆောင်ဒါရိုက်တာထံ တိုက်ရိုက်တင်ပြရန်

● ရုံးတွင်းစည်းကမ်းချက်များ ချမှတ်ခြင်းနှင့် အဖွဲ့အစည်းမူဝါဒများ ပြင်ဆင်ရာတွင် ပါဝင်ရန်

● ရုံးတွင်းဆိုင်ရာလုပ်ငန်းဆောင်ရွက်ချက်များအား အလျဉ်းသင့်သလို ကူညီဆောင်ရွက်ပေးရန်

အတွေ့အကြုံလိုအပ်ချက်

————————

● စီးပွားရေးစီမံခန့်ခွဲမှု (BBA/MBA)၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု (HRM)၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု (P.A) သို့မဟုတ် နိုင်ငံတ ကာဆက်ဆံရေး (I.R) ဖြင့် ဘွဲ့တစ်ခုခုရရှိထားသူအား ဦးစားပေးမည်။

● HR သို့မဟုတ် ထိုင်းအလုပ်သမားဥပဒေဆိုင်ရာ သင်တန်းဆင်းလက်မှတ် ရှိသူများကို ဦးစားပေးမည်။

● စီမံခန့်ခွဲရေး၊ HR သို့မဟုတ် အမှုဆောင်ဒါရိုက်တာများ၏ အတွင်းရေးမှူးအဖြစ် အနည်းဆုံး လုပ်ငန်းအတွေ့အကြုံ (၁)နှစ်နှင့် အ ထက်ရှိရမည်။

● ထိုင်း-မြန်မာနယ်စပ်ရှိ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ (INGO)၊ အခြေခံလူထုအဖွဲ့အစည်းများ (CBOs) တွင် လုပ်ကိုင်ခဲ့ဖူးသူများကို ဦးစားပေးစဉ်းစားမည်။

● မြန်မာဘာသာစကားကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည့်အပြင်၊ အင်္ဂလိပ်ဘာသာစကား (အပြော၊ အရေး၊ အဖတ်) ကို လုပ်ငန်းခွင်သုံးအဆင့် ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။ ရုံးစာများကို ဘာသာပြန်ဆိုနိုင်စွမ်း ရှိရမည်။ (ထိုင်းဘာသာစကား အခြေခံပြောဆို/ရုံးသုံး နားလည်ပါက ပိုမိုဦးစားပေးမည်။)

● Microsoft Office (Word, Excel, PowerPoint) ကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရမည်။ အသေးစိတ် အချက်အလက်များကို ဂရု စိုက်ပြီး အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်ရမည်ဖြစ်ပြီး၊ လုပ်ငန်းကိစ္စရပ်များ အချက်အလက်များကို ပြင်ပသို့ မပေါက်ကြားစေရန် လုံခြုံစွာ ထိန်းသိမ်းနိုင်သူ ဖြစ်ရမည်။

● လူအများနှင့် ပြောဆိုဆက်ဆံရာတွင် မျက်နှာဖော်ပြောရဲဆိုရဲသူ၊ ဆက်ဆံရေးပြေပြစ်ကောင်းမွန်ပြီး ပူးပေါင်းဆောင် ရွက်နိုင်သူ ဖြစ်ရမည်။ အကျင့်စာရိတ္တကောင်းမွန်ပြီး တာဝန်ယူမှုရှိသူ ဖြစ်ရမည်။

● အဖွဲ့အစည်းများတွင် ဝန်ထမ်းများ၏ လုပ်ငန်းလုပ်ဆောင်ချက်များကို ဆန်းစစ်ခြင်း၊ သင်တန်းများ စီစဉ်ပေးခြင်းနှင့် ဝန်ထမ်းအကဲ ဖြတ်ခြင်း လုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်ခဲ့ဖူးသည့် အတွေ့အကြုံ ရှိရမည်။

● အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment) ၊ ကလေးသူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။

● လူ့အခွင့်အရေး ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ ကျား/မ တန်းတူ အခွင့်အရေးကိစ္စရပ်များ၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကိစ္စရပ်များတွင် သိရှိ နားလည်ပြီး လေးစားလိုက်နာသူဖြစ်ရမည်။

● ကား / ဆိုင်ကယ် မောင်းနှင်နိုင်သူအား ဦးစားပေးပါမည်။

လျှောက်လွှာတင်ရမည့်ပုံစံ

————————-

● ၆လအတွင်း ရိုက်ကူးထားသော Passport ပုံ ၊ Cover letter နှင့် CV form ကို Email: contact@blossomfuture.org သို့ ပေးပို့ပါရန်။

● မြန်မာဘာသာ (သို့) English ဘာသာဖြင့် ရေးသားထားသည့် Cover letter နှင့် CV Form အား contact@blossomfuture.org Email သို့ ပေးပို့ပေးပါရန်။

● Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

● CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

အသေးစိတ်မေးမြန်းလိုပါက :

For further inquires

𝗔𝗱𝗺𝗶𝗻 𝐎𝐟𝐟𝐢𝐜𝐞𝐫

𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿/𝐒𝐢𝐠𝐧𝐚𝐥 𝐍𝐮𝐦𝐛𝐞𝐫– +𝟲𝟲 𝟲𝟐𝟔 𝟖𝟕𝟒 𝟐𝟔𝟔

𝗘𝗺𝗮𝗶𝗹 – 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐛𝐥𝐨𝐬𝐬𝐨𝐦𝐟𝐮𝐭𝐮𝐫𝐞.𝐨𝐫𝐠

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!