(၇၉) နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနား ကျင်း ပခြင်း

နေ့စွဲ – ဇူလိုင်လ (၁၉)ရက် ၂၀၂၆ခုနှစ်။ ၁၉ရက်၊ ဇူလိုင်လ၊ ၂၀၂၆ ခုနှစ် (တနင်္ဂနွေနေ့)တွင် ကျရောက်သော (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ပွဲအား Blossom Future မှကြီးမှူး၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တစ်နေရာတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင်ဦးစွာပထမ ကျဆုံးလေပြီးသော အာ ဇာနည်ခေါင်းဆောင်ကြီးများနှင့် ဒီမိုကရေစီရရှိရေး၊ အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ တိုင်းရင်းသား အားလုံးတန်းတူရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့်တို့အတွက် ခေတ်အဆက်ဆက် အသက်ပေးတိုက်ပွဲဝင်သွားကြသော အာဇာနည်ကြယ်ပွင့်များအား ဂုဏ်ပြုသောအားဖြင့် ငြိမ်သက်အလေးပြုခြင်း ပြုလုပ်ခဲ့ကြပါသည်။ ဆက်လက်၍ တက်ရောက်လာသော လူကြီးမင်းများနှင့် ဧည့်သည်တော်များမှ အာဇာနည်များအား လွမ်းသူ့ပန်းများချ၍ ဂါရဝပြုခဲ့ကြပါသည်။ ထို့နောက် Blossom Future ၏ Founder ဒေါက်တာစန်းအောင်မှ အဖွင့်အမှာစ ကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ Blossom Future ၏ […]
လက်တွဲညီညီ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် စာနာနားလည်မှုရှိသော လူမှုအသိုက်အဝန်းဆီသို့

ရက်စွဲ။ ။၁၁ ရက်၊ ဇူလိုင်လ ၊ ၂၀၂၆ ခုနှစ် (စနေနေ့) ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်း အတူတကွနေထိုင်ကြသော ထိုင်းနှင့် မြန်မာပြည်သူများအကြား အပြန်အလှန်လေးစားမှု၊ နားလည် မှုနှင့် ယုံကြည်မှုများ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်၍ Blossom Future (ပွင့်သစ်ဝေ) အဖွဲ့၏ 𝗙𝗼𝘂𝗻𝗱𝗲𝗿 ဒေါက်တာစန်းအောင်မှ ဦး ဆောင်ပြီး လူမှုအကျိုးပြု သန့်ရှင်းရေးလှုပ်ရှားမှုကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးလှုပ်ရှားမှုတွင် 𝗧𝗵𝗮𝗶-𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗿𝗶𝗲𝗻𝗱𝘀𝗵𝗶𝗽 𝗠𝗮𝗲𝘀𝗼𝘁 အဖွဲ့ ၊ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ) အဖွဲ့ ၊ 𝗢𝘃𝗲𝗿𝘀𝗲𝗮𝘀 𝗜𝗿𝗿𝗮𝘄𝗮𝗱𝗱𝘆 𝗔𝘀𝘀𝗼𝗰𝗶𝗮𝘁𝗶𝗼𝗻-𝗢𝗜𝗔 အဖွဲ့ ၊ 𝗘𝗾𝘂𝗮𝗹 𝗠𝗼𝘃𝗲 𝗗𝗶𝘀𝗮𝗯𝗶𝗹𝗶𝘁𝘆 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 (𝗘𝗠𝗗𝗖) အဖွဲ့များမှ စေတနာ […]
လူ့အခွင့်အရေးအစီအစဉ်-စီမံကိန်းအရာရှိ (𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐎𝐟𝐟𝐢𝐜𝐞𝐫) ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း

ရာထူး။ လူ့အခွင့်အရေးစီမံကိန်းအရာရှိ (𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗢𝗳𝗳𝗶𝗰𝗲𝗿) လျှောက်လွှာလက်ခံမည့်ကာလ။ ၁၄ ရက်၊ ဇူလိုင်လ ၂၀၂၆ မှ ၂၀ ရက်၊ ဇူလိုင်လ ၂၀၂၆ အထိ။ ခန့်အပ်ထားမည့်နေရာ။ မဲဆောက် အလုပ်စတင်မည့်ရက်။ As soon as possible အစမ်းခန့်ကာလ။ (၃) လ လစာ။ ၁၅,၀၀၀ ဘတ် အစီရင်ခံရမည့်သူ။ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 (𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲) ခန့်အပ်မည့်ဦးရေ။ (၁) ဦး စီမံကိန်းပြီးဆုံးမည့်ရက်။ ၂၀၂၇ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ။ ပွင့်သစ်ဝေ (𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲) အဖွဲ့အစည်းသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ (၅)နှစ်တာ လူ့အခွင့်အရေးစီမံကိန်း (𝗛𝘂𝗺𝗮𝗻 𝗥𝗶𝗴𝗵𝘁𝘀 𝗣𝗿𝗼𝗴𝗿𝗮𝗺) အား […]
𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 မှ 𝐇𝐮𝐦𝐚𝐧 𝐑𝐢𝐠𝐡𝐭𝐬 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗠𝗮𝗻𝗮𝗴𝗲𝗿 ရာထူးအတွက် အလုပ်ခေါ်ယူခြင်း

ရာထူး။ လူ့အခွင့်အရေးစီမံကိန်းတာဝန်ခံ (Program Manager) လျှောက်လွှာလက်ခံမည့်ကာလ။ ၁၄ ရက်၊ ဇူလိုင်လ ၂၀၂၆ မှ ၂၀ ရက်၊ ဇူလိုင်လ ၂၀၂၆ အထိ။ ခန့်အပ်ထားမည့်နေရာ။ မဲဆောက် အလုပ်စတင်မည့်ရက်။ As soon as possible အစမ်းခန့်ကာလ။ (၃) လ လစာ။ ၁၈,၀၀၀ ဘတ် အစီရင်ခံရမည့်သူ။ Executive Director (Blossom Future) ခန့်အပ်မည့်ဦးရေ။ (၁) ဦး စီမံကိန်းပြီးဆုံးမည့်ရက်။ ၂၀၂၇ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ။ ပွင့်သစ်ဝေ (Blossom Future) အဖွဲ့အစည်းသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ ၅ နှစ်တာ လူ့အခွင့်အရေးစီမံကိန်း (Human Rights Program) […]
𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ၏ ယာယီနေရာထိုင်ခင်းအစီအစဉ်

Blossom Future (ပွင့်သစ်ဝေ) သည် (၂၀၂၁) ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများအပါအဝင် မဲဆောက်သို့တိမ်း ရှောင်ရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန် ယာယီနေရာထိုင်ခင်းများကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။ Blossom Future (ပွင့်သစ်ဝေ) ၏ ယာယီနေရာထိုင်ခင်းများတွင် ● အမျိုးသမီးသီးသန့် ● အမျိုးသားသီးသန့် နှင့် ● မိသားစု စသဖြင့် ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင်ရမည်ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အ ခန်းများရရှိနိုင်ရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါမည်။ ယာယီနေရာထိုင်ခင်းတွင် ကူညီပေးနိုင်သောနေထိုင်ခွင့် အနည်းဆုံးကာလမှာ (၃)လဖြစ်ပြီး ထို (၃)လစာအတွက် အိမ်လစာ၊ ရေ၊ လျှပ် […]
𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) မှထိခိုက်လွယ်သော အမျိုးသမီးများအတွက် ယာယီနေရာထိုင်ခင်း ထောက်ပံ့ခြင်းအစီအစဉ်

Blossom Future (ပွင့်သစ်ဝေ) မှ ထိခိုက်လွယ်သော အမျိုးသမီးများအတွက် ယာယီနေရာထိုင်ခင်း ထောက်ပံ့ခြင်းအစီအစဉ် +++++++++++++++++++++++++++ Blossom Future (ပွင့်သစ်ဝေ) သည် ထိုင်းနိုင်ငံ၊ မဲဆောက်သို့ တိမ်းရှောင်ရောက်ရှိလာကြသော မြန်မာပြည်သူများအတွက် ယာယီနေရာထိုင်ခင်းများအား ၂၀၂၁ခုနှစ်မှ ဧပြီလမှစတင်၍ ထောက်ပံ့ကူညီ ပေးလျှက် ရှိပါသည်။ ယခုအခါ Blossom Future (ပွင့်သစ်ဝေ) ၏ ယာယီနေရာထိုင်ခင်းများတွင် အမျိုးသမီးသီးသန့် နေထိုင်ခွင့်များ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ အထူးသဖြင့် _ ❖ အကြမ်းဖက်ခံရသော အမျိုးသမီးများ၊ ❖ တစ်ကိုယ်တည်း မိခင်များ ❖ မှီခိုရာမဲ့ အမျိုးသမီးများ ❖ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းချက်ရှိသော အမျိုးသမီးများ ❖ စားဝတ်နေရေး ခက်ခဲလျက်ရှိသော အမျိုးသမီးများအား ဦးစားပေးရွေးချယ် နေထိုင်ခွင့်ပြုသွားမည် ဖြစ်ပါသည်။ […]
𝐅𝐢𝐧𝐚𝐧𝐜𝐞 𝐌𝐚𝐧𝐚𝐠𝐞𝐫 ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း

ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ/သားများအတွက် Blossom Future (ပွင့်သစ်ဝေ) မှ လုပ်ဆောင်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျွန်ုပ်တို့အဖွဲ့အစည်း၏ နေ့စဉ်ရုံးလုပ်ငန်းလည်ပတ်မှုများ ၊ ဘဏ္ဍာရေးလုပ်ငန်းစဉ်များကို စနစ်တကျ ဦးဆောင်စီမံခန့်ခွဲပေးနိုင်ရန်အတွက် လုပ်ငန်းအတွေ့အကြုံရှိပြီး Finance Manager ရာထူးအတွက် လျှောက်လွှာများခေါ်ယူကာ ရှာဖွေလျက်ရှိပါသည်။ ရာထူး 𝗙𝗶𝗻𝗮𝗻𝗰𝗲 𝗠𝗮𝗻𝗮𝗴𝗲𝗿 လျှောက်လွှာလက်ခံမည့်ကာလ (၀၉.၀၇.၂၀၂၆ မှ ၁၅.၀၇.၂၀၂၆ ) အထိ နေရာ မဲဆောက် အစမ်းခန့်ကာလ ၃လ ပုံမှန်လစာ ၁၅၀၀၀ ဘတ် အစီရင်ခံရမည့်သူ Executive Director ခန့်အပ်မည့် ပုံစံ အချိန်ပြည့် (လူကိုယ်တိုင်) ခန့်အပ်မည့်ဦးရေ ၁ ဦး လုပ်ဆောင်ရမည့်တာဝန်များ ————————— စီမံကိန်းများနှင့် ပတ်သက်၍ ● […]
𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) မှ စိုက်ပျိုးမြေအခမဲ့ အသုံးပြုခွင့် ထောက်ပံ့ရေးအစီအစဉ်အတွက် လျှောက်လွှာခေါ်ယူခြင်း

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ ဇူလှိုင်လ ၉ ရက် မင်္ဂလာပါ၊ Blossom Future (ပွင့်သစ်ဝေ) မှ နွေးထွေးစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။ Blossom Future (ပွင့်သစ်ဝေ) သည် ထိုင်းနိုင်ငံ မဲဆောက်မြို့အတွင်း ပြောင်းရွှေ့နေထိုင်လျက် ရှိကြသော မြန်မာပြည်သူ/သားများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလုပ်ငန်းများတွင် အသက်မွေးဝမ်းကြောင်း ပြန်လည်ထူထောင်နိုင်ရန် ရည်ရွယ်၍ တစ်လတာ စိုက်ပျိုးရေးသင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ အဆိုပါ စိုက်ပျိုးရေးသင်တန်းတွင် အောင်မြင်စွာ ပြီးဆုံးထားသော သင်တန်းသား/သူများ၊ စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်လိုသူများ၊ ကိုယ်ပိုင်စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ဆောင်နေပြီး ရှေရှည်တိုးချဲ့ရန် ရည်ရွယ်ထားသူများအား စိုက်ပျိုးမြေနေရာ အခမဲ့ ကူညီထောက်ပံ့ပေးသွားမည်။ သို့ပါ၍ Blossom Future […]
𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞𝐫 ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း

ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ/သားများအတွက် Blossom Future (ပွင့်သစ်ဝေ) မှ လုပ်ဆောင်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျွန်ုပ်တို့အဖွဲ့အစည်း၏ နေ့စဉ်ရုံးလုပ်ငန်းလည်ပတ်မှုများ ၊ ဘဏ္ဍာရေး လုပ်ငန်းစဉ်များကို စနစ်တကျ လုပ်ဆောင်နိုင်ရန် လုပ်ငန်းအတွေ့အကြုံရှိသော Treasurer ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူလျက်ရှိပါသည်။ ရာထူး Treasurer လျှောက်လွှာလက်ခံမည့်ကာလ (၀၈.၀၇.၂၀၂၆ မှ ၁၅.၀၇.၂၀၂၆) အထိ နေရာ မဲဆောက် အစမ်းခန့်ကာလ ၃လ ပုံမှန်လစာ ၁၃,၀၀၀ ဘတ် အစီရင်ခံရမည့်သူ Executive Director ခန့်အပ်မည့် ပုံစံ အချိန်ပြည့် (လူကိုယ်တိုင်) ခန့်အပ်မည့်ဦးရေ ၁ ဦး လုပ်ဆောင်ရမည့်တာဝန်များ ————————— 1. ဘဏ္ဍာရေးတာဝန်ခံ၏ ဦးဆောင်မှုအောက်တွင် အဖွဲ့အစည်း၏ ဘဏ္ဍာရေးကိစ္စများကို […]
တနိုင်တပိုင်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်လိုသည့် စိတ်ပါဝင်စားသူများအတွက် ဝန်ဆောင်မှုအထောက်အပံ့ လျှောက်လွှာခေါ်ယူခြင်း

မင်္ဂလာပါ၊ Blossom Future (ပွင့်သစ်ဝေ)မှ နှုတ်ခွန်းဆက်သလိုက်ပါသည်။ Blossom Future (ပွင့်သစ်ဝေ)မှ ထိုင်းနိုင်ငံမဲဆောက်မြို့အတွင်း ပြောင်းရွှေ့နေထိုင်နေကြသူများအတွက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီပေးမှုလုပ်ငန်းများအား ကြိုးစားအားထုတ်လျှက်ရှိရာ ယခုအခါ အသက်မွေးဝမ်းကြောင်းကဏ္ဍတစ်ခု အနေ ဖြင့်အသေးစားမွေးမြူရေးဆိုင်ရာ ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်အား ထပ်မံ၍အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ မိမိတို့ နေအိမ်၊ ခြံဝင်း၊ မြေနေရာအတွင်း တနိုင်တပိုင်မွေးမြူရေး အသေးစားလုပ်ငန်း လုပ်ကိုင်ရန် စိတ်ဝင်စားသူ များအနေဖြင့် ယခုထောက်ပံ့ခြင်းအစီအစဉ်တွင် ပါဝင်နိုင်ရန် သတင်းကောင်းပါးအပ်ပါသည်။ အစီအစဉ်အကြောင်းအရာ ————————— လုပ်ငန်းစဉ်ကာလ ၉ လ (၂၀၂၆ ခုနှစ် ဇူလိုင်လ မှ ၂၀၂၇ မတ်လအထိ) လျှောက်ထားနိုင်သော ဧရိယာနှင့် လက်ခံမည့် အိမ်ထောင်စုအရေအတွက် ————————————————————— ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အနီးတဝိုက်၌ နေထိုင်သည့် […]