၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့တွင် Blossom Future မှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (၈) ဦးတို့သည် OTOP Hall (One Tambon One Product) ၌ ကျင်းပမည့် ထိုင်းဘုရင်မင်းမြတ်၏ (၇၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပွဲအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခဲ့ကြပါသည်။
အဖွဲ့ဝင်များသည် ထိုင်ခုံနှင့်စားပွဲများကို စနစ်တကျ နေရာချထားခြင်း၊ ပွဲအတွက် လိုအပ်သောပစ္စည်းများ စီစဉ်ပြင်ဆင်ခြင်းနှင့် ခန်းမသန့်ရှင်းရေးလုပ်ငန်းများကို အတူတကွ ညီညွတ်စွာ ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိမိတို့၏ အချိန်၊ လုပ်အားနှင့် စေတနာတို့ကို မျှဝေပေးခဲ့ကြပါသည်။
ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းကူညီပေးခဲ့ကြသော သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများ၊ Blossom Future ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
#BlossomFuture(ပွင့်သစ်ဝေ)





