၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့တွင် မဲဆောက်ခရိုင် (အမ်ဖိုး) ရုံး၌ ကျင်းပပြုလုပ်သော ထိုင်းနိုင်ငံ၏ ဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်း (𝐊𝐢𝐧𝐠 𝐌𝐚𝐡𝐚 𝐕𝐚𝐣𝐢𝐫𝐚𝐥𝐨𝐧𝐠𝐤𝐨𝐫𝐧) ၏ (၇၄) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲ အကြိုလှုပ်ရှားမှုတွင် 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (𝗕𝗙) မှ စေတနာ့ဝန်ထမ်း (Volunteer) အဖြစ် ပါဝင်ကူညီဆောင်ရွက်ခွင့် ရရှိခဲ့ပါသည်။ ဒေသခံအဖွဲ့အစည်းများ၊ အစိုးရဌာနများနှင့် လူမှုအဖွဲ့အစည်းများနှင့်အတူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခွင့်ရခြင်းကို ဂုဏ်ယူဝမ်းမြောက်မိပါသည်။
ယခုလှုပ်ရှားမှုတွင် မာလွေအိမ်ယာမှ နေထိုင်သူ (၅)ဦးက သွေးလှူဒါန်းရန် စာရင်းပေးသွင်းခဲ့ပြီး၊ ကျန်းမာရေး စစ်ဆေးမှုအောင်မြင်သူ (၂) ဦးက သွေးလှူဒါန်းနိုင်ခဲ့ပါသည်။ ကျန်းမာရေးစစ်ဆေးမှုအရ ယခုအကြိမ်တွင် သွေးလှူဒါန်းနိုင်ခြင်း မရှိခဲ့သည့် (၃) ဦးသည်လည်း လူသားချင်းစာနာထောက်ထားသော စိတ်ဓာတ်ဖြင့် ပါဝင်အားဖြည့်ပေးခဲ့ကြသဖြင့် အထူးကျေးဇူးတင်ရှိပါသည်။ သွေးလှူဒါန်းနိုင်ခြင်း မနိုင်ခြင်းထက် မိမိတို့၏ စေတနာနှင့် ပါဝင်လိုစိတ်သည် လူမှုအသိုက်အဝန်းအတွက် အဖိုးတန်ဆုံးဖြစ်ပါသည်။
𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (𝗕𝗙) အနေဖြင့်လည်း လူမှုအကျိုးပြုလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်ကာ ထိုင်းနှင့်မြန်မာလူမှုအ သိုက်အဝန်းများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနှင့် သဟဇာတဖြစ်မှုကို မြှင့်တင်နိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။
ဤကဲ့သို့ ပူးပေါင်းဆောင်ရွက်နိုင်ရန် အခွင့်အရေးပေးခဲ့ကြသော ထိုင်းဒေသဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် သွေးလှူဒါန်းရန် စိတ်အားထက်သန်စွာ ပါဝင်ပေးခဲ့ကြသော မာလွေအိမ်ယာမှ ညီအစ်ကိုမောင်နှမများအား လုံးကို 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (𝗕𝗙) မှအထူးပင် ကျေးဇူးတင်ရှိပါသည်။




