ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူး၏ မင်္ဂလာရှိသောအိမ်တက်အခမ်းအနား

ယနေ့ကျင်းပပြုလုပ်သည့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူး၏ မင်္ဂလာရှိသောအိမ်တက်အခမ်းအနား မတိုင်မီ ပြင်ဆင်ရေး လုပ်ငန်းစဉ်များတွင် Blossom Future အဖွဲ့အနေဖြင့် တက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်ခွင့် ရရှိခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်း မြောက်မိပါသည်။

မင်္ဂလာအခမ်းအနား အစစအရာရာ အဆင်ပြေချောမွေ့စွာ ပြီးမြောက်စေရန်အတွက် ပွဲမတိုင်ခင် တစ်ရက်အလိုကတည်းက လိုအပ်သည့် ပြင်ဆင်မှုများကို အကူအညီပေးခွင့် ရရှိခဲ့ခြင်း ဖြစ်ပါသည်။

မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်တကွ မိသားစုဝင်များအားလုံး အိမ်သစ်တွင် ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ သာယာဝပြောစွာဖြင့် ရာထူးစည်းစိမ် တိုးတက်ပါစေကြောင်း Blossom Future အဖွဲ့သားများမှ လှိုက်လှဲစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!