𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ၏ အရေးပေါ်စားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်တွင် (ဇူလိုင်လ) အတွက် သတ်မှတ်လူဦးရေပြည့်ကြောင်း ကြေငြာခြင်း

Date 24th-July-2026

• Blossom Future (ပွင့်သစ်ဝေ) မှ အရေးပေါ်စားနပ်ရိက္ခာထောက်ပံ့ခြင်း အစီအစဉ်၏ (၂၂) ကြိမ်မြောက်ဖြစ်သည့် ဇူလိုင်လ (၁) လ စာအတွက် ဖောင်လျှောက်လွှာလက်ခံခြင်းကို (၁-၇-၂၀၂၆) မှစတင်၍ လုပ်ဆောင်ပေးခဲ့ပါသည်။

• ယခုအခါ ဇူလိုင်လအတွက် သတ်မှတ်ဦးရေ ပြည့်သွားပါသဖြင့် အရေးပေါ်စားနပ်ရိက္ခာ လျှောက်ထားမှု လက်ခံခြင်းများကို ယာယီရပ် နားထားမည်ဖြစ်ပြီး လာမည့်သြဂုတ်လတွင် လျှောက်ထားရမည့်ရက်အား Blossom Future (ပွင့်သစ်ဝေ) Facebook Page တွင်ပြန် လည်ကြေငြာသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

• ပုံမှန်ရုံးပိတ်ရက်များနှင့် ထိုင်းအစိုးရ ရုံးပိတ်ရက်များတွင် Blossom Future (ပွင့်သစ်ဝေ) ၏ရုံးများ ပိတ်ထားမည် ဖြစ်ပါသည်။

• ထို့အပြင် ချွင်းချက်အနေဖြင့် တနင်္ဂနွေနေ့များတွင် ညနေ (၅) နာရီမှ ည (၈) နာရီအထိ 081-552-0516 (အရေးပေါ်အခြေခံစားနပ် ရိက္ခာရုံးဖုန်း) သို့ ဖုန်းခေါ်ဆို ဆက်သွယ်နိုင်ပါသည်။

• ဖုန်းမကိုင်နိုင်သည့် အချိန်များတွင်လည်း Signal မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဆက်သွယ်မေးမြန်းရန်

Ko Chain

Emergency Food Support Program Officer Blossom Future (ပွင့်သစ်ဝေ)

Phone: 081 552 0516

Signal: +66 815 520 516 emergencyfood@blossomfuture.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!