လူ့အခွင့်အရေးအစီအစဉ် – စီမံကိန်းဆက်သွယ်ညှိနှိုင်းရေးတာဝန်ခံ (𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐂𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐨𝐫) ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်

ရာထူး။ စီမံကိန်းဆက်သွယ်ညှိနှိုင်းရေးတာဝန်ခံ (𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐂𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐨𝐫)

လျှောက်လွှာလက်ခံမည့်ကာလ။ ၂၁ ရက်၊ ဇူလိုင်လ ၂၀၂၆ မှ ၂၇ ရက်၊

ဇူလိုင်လ ၂၀၂၆ အထိ။

ခန့်အပ်ထားမည့်နေရာ။ မဲဆောက်

အလုပ်စတင်မည့်ရက်။ As soon as possible

အစမ်းခန့်ကာလ။ (၃) လ

လစာ။ ၁၅,၀၀၀ ဘတ်

အစီရင်ခံရမည့်သူ။ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 (𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲)

ခန့်အပ်မည့်ဦးရေ။ (၁) ဦး

စီမံကိန်းပြီးဆုံးမည့်ရက်။ ၂၀၂၇ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ။

ပွင့်သစ်ဝေ (𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲) အဖွဲ့အစည်းသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ (၅) နှစ်တာ လူ့အခွင့်အရေးစီမံကိန်း (𝗛𝘂𝗺𝗮𝗻 𝗥𝗶𝗴𝗵𝘁𝘀 𝗣𝗿𝗼𝗴𝗿𝗮𝗺) အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ စီမံကိန်းဆက်သွယ်ညှိနှိုင်းရေးတာဝန်ခံ (𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗖𝗼𝗼𝗿𝗱𝗶𝗻𝗮𝘁𝗼𝗿) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါသည်။

လုပ်ဆောင်ရမည့်တာဝန်များ

—————————-

● စီမံကိန်း၏ ပင်မလုပ်ငန်းစဉ်များအနက် လူ့အခွင့်အရေးနှင့်ပတ်သတ်သည့် သင်တန်းပေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ လူ့အခွင့်အရေးကာကွယ်သူများအား အထောက်အပံ့ပေးခြင်း လုပ်ငန်းအသီးသီးအား အဆင်ပြေစွာလည်ပတ်နိုင်ရန်နှင့် သတ်မှတ်ချိန်အတိုင်း ဖော်ဆောင်နိုင်ရန် တာဝန်ယူဆောင်ရွက်ရမည်။

● စီမံကိန်းနှင့် လက်တွဲချိတ်ဆက်ဆောင်ရွက်နေသော မိတ်ဖက်အဖွဲ့အစည်းများမှ ဖော်ဆောင်မည့် လုပ်ငန်းများအောင်မြင်ရေးအတွက် လိုအပ်သည်များ စီမံပံ့ပိုးဆောင်ရွက်ရမည်။

● လူ့အခွင့်အရေးအစီအစဉ်မှ စီစဉ်ပို့ချလျက်ရှိသော အွန်လိုင်းဒီဂျစ်တယ် လုံခြုံရေးသင်တန်းနှင့် လူ့အခွင့်အရေးသင်တန်းများအား အချိန်နှင့်တပြေးညီ အဆင်ပြေချောမွေ့စွာ သင်ကြားပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်ရမည်။

● သင်တန်းစီစဉ်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ပြဿနာတစုံတရာမပြေလည်မှုများရှိပါက Incident Report ပြင်ဆင်ရေးသား၍ အချိန်မီ Program Manager ထံသို့ တင်ပြခြင်း

● သင်တန်းအပတ်စဉ်အလိုက် သင်တန်းသား/သူ စာရင်းများအား ပြုစုသိမ်းဆည်း၍ Program Manager, Program Officer နှင့် Trainer ထံသို့တင်ပြခြင်း

● သင်တန်းအစီရင်ခံစာများနှင့် အချက်အလက်များအတွက် Trainer များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်း

● HRD Protection Support အတွက် ကြေညာချက်များပြင်ဆင်ခြင်း၊ သက်ဆိုင်ရာ communication channels များမှတဆင့် မိတ်ဖက်များထံ မျှဝေခြင်း၊ လျှောက်ထားသူလက်ခံခြင်း၊ စိစစ်ခြင်း၊ အတည်ပြုခြင်း၊ လျှောက်ထားမှုဆိုင်ရာ supporting documents များကို Follow up လိုက်ခြင်း၊ အကြောင်းပြန်ခြင်း၊ support လွှဲအပ်ခြင်းလုပ်ငန်းစဉ်များ လုပ်ဆောင်ခြင်း အပါအဝင် Protection Support ပေးအပ်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ခြင်း

● လစဉ် မြေပြင်သတင်းကောက်ယူမှုဆိုင်ရာ Support လွှဲအပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်ခြင်း အပါအဝင် Documentation လုပ်ငန်းများ၌ လိုအပ်သည်များကို ပံ့ပိုးပေးခြင်း

● HR Documentation Annual Report Launching Event စီစဉ်မှုများ၌ စီမံကိန်းတာဝန်ခံနှင့် ပူးပေါင်းဆောင်ရွက်ခြင်း

● စီမံကိန်းအောင်မြင်ရေးအတွက် လိုအပ်သော လုပ်ငန်းများအားလုံးကို ကူညီပံ့ပိုးလုပ်ဆောင်ရမည်။

အတွေ့အကြုံလိုအပ်ချက်

————————

● အစိုးရ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုခုတွင် Program Coordinator ရာထူး (သို့) ဆက်သွယ်ညှိနှိုင်းရေးလုပ်ငန်းများ၌ လုပ်ကိုင်ဖူးသည့် အတွေ့အကြုံရှိသူ

● Human Rights လုပ်ငန်းစဉ်များနှင့်သက်ဆိုင်သော HR Education, Documentation, Protection, Networking နှင့် Advocacy နယ်ပယ်တစ်ခုခုတွင် လုပ်ကိုင်ဖူးသူ

● Project Work Plan များ ရေးဆွဲခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်မှုအား ပံ့ပိုးဆောင်ရွက်ခြင်း၊ စီမံကိန်းအစီရင်ခံစာများကို မူကြမ်းရေးသားခြင်းနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းကျော်လွှားခြင်းတို့တွင် အတွေ့အကြုံရှိသူ

● International Human Rights Principles and Mechanisms အကြောင်းအရာများကို သိရှိနားလည်ပြီး၊ မြန်မာနိုင်ငံ၏ လူ့အ ခွင့်အရေးနောက်ခံ သမိုင်းကြောင်းများ/ ဖြစ်စဥ်များအကြောင်း ဗဟုသုတရှိသူ

● အရပ်ဘက်အဖွဲ့အစည်းများ၊ Volunteers များနှင့် လက်တွဲလုပ်ကိုင်ဖူးသူ

● Project Proposal နှင့် Report များ ရေးသားတင်သွင်းဖူးသည့် အတွေ့အကြုံရှိသူ

လိုအပ်သောကျွမ်းကျင်မှုများ

—————————-

● လူ့အခွင့်အရေးနှင့်သက်ဆိုင်သော ဘွဲ့လက်မှတ် (သို့) ဒီပလိုမာ (သို့) အသိအမှတ်ပြုလက်မှတ် တစ်ခုခု ရရှိထားသူ

● English နှင့် မြန်မာဘာသာ နှစ်မျိုးလုံး ကျွမ်းကျင်စွာ ပြောဆိုရေးသားနိုင်သူ

● Microsoft Office (Word, Excel, PowerPoint) ကို ကောင်းမွန်စွာ အသုံးပြုနိုင်သူ

● Email နှင့် online communication tools (Zoom, Microsoft Teams စသည်) များကို ထိရောက်စွာ အသုံးပြုနိုင်သူ

● Social media platforms (Facebook, Signal, Telegram, etc.,) များကို ကောင်းစွာအသုံးပြုနိုင်သူ

● Interpersonal, Intercultural, Networking နှင့် Communication Skills များ ကောင်းမွန်သူ

လျှောက်လွှာတင်ရန်

——————-

Cover Letter နှင့် CV form ကို Email: contact@blossomfuture.org သို့ ပေးပို့ပါရန်။

CV form တွင် နှစ်အလိုက် ပြည့်စုံစွာဖော်ပြထားသော ယခင်လုပ်ငန်းအတွေ့အကြုံ၊ လူ့အခွင့်အရေးလုပ်ငန်းစဉ် အတွေ့အကြုံ၊ လက် တွဲလုပ်ကိုင်ခဲ့သော အဖွဲ့အစည်းများနှင့် ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် မိမိအထက် တာဝန်ရှိသူ (၂) ဦး၏ အမည်၊ ဆက်သွယ်ရန် email ၊ ဖုန်းနံပါတ်နှင့် Signal နံပါတ်များကို ထည့်သွင်းပေးပို့ပေးရန်။

အသေးစိတ်မေးမြန်းလိုပါက

𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁 –

𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿: +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲

𝗦𝗶𝗴𝗻𝗮𝗹 𝗡𝘂𝗺𝗯𝗲𝗿: +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲

𝗘𝗺𝗮𝗶𝗹: 𝗰𝗼𝗻𝘁𝗮𝗰𝘁@𝗯𝗹𝗼𝘀𝘀𝗼𝗺𝗳𝘂𝘁𝘂𝗿𝗲.𝗼𝗿𝗴

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!