အမျိုးသမီးအခွင့်အရေးနှင့် ဂျန်ဒါဆိုင်ရာသင်တန်း

၂၀၂၆ခုနှစ်၊ ဩဂုတ် (၃၁) ရက်နေ့ နေ့လည် (၁း၃၀) နာရီ မှ ညနေ (၄း၃၀)အထိ ထိုင်းမြန်မာနယ်စပ်ဒေသရှိ မယ်တောင်တိုက်ရပ်ကွက်ကူညီရေးရုံး ၏ ခန်းမတွင် အမျိုးသမီးအခွင့်အရေးနှင့် ဂျန်ဒါဆိုင်ရာ အသိပညာပေးသင်တန်းကို ပွင့်သစ်ဝေ 𝗕𝗟𝗢𝗦𝗦𝗢𝗠 𝗙𝗨𝗧𝗨𝗥𝗘 မှ ဦးစီးကျင်းပပြုလုပ်ခဲ့ပြီး ဆရာမ Maria မှသင်တန်းဆရာမအဖြစ်ဆောင်ရွက်ခဲ့ပါသည်။ ယခု သင်တန်းတွင် အမျိုးသမီး သင်တန်းသူ (၁၉)ဦး၊ သင်တန်းသား (၁) ဦး စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်သင်ယူ ခဲ့ကြပါသည်။ သင်တန်းအတွင်း— • Sex နှင့် Gender ကွာခြားချက် • Gender အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံမှု • အမျိုးသမီးအခွင့်အရေး • Gender-Based Violence (GBV) […]
Blossom Future (ပွင့်သစ်ဝေ) အရေးပေါ်အခြေခံ စားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

● Blossom Future (ပွင့်သစ်ဝေ) ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဩဂုတ်လအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ ● ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ အရေးပေါ်ရိက္ခာ ရရှိမည် ဖြစ်ပါသည် ။ (လစဉ် ရနိုင်မည်မဟုတ်ပါ) ။ ● ယခုအစီအစဉ်တွင် ပြည်တွင်းမှ မဲဆောက်သို့ လတ်တလောရောက်ရှိလာသူ မည်သူမဆို စားနပ်ရိက္ခာ ပြတ်လပ်နေပါက လျှောက်ထားနိုင်ပါသည်။ ● ရွေးချယ်ခံရသူများကို အကြောင်းကြားပေးသွားမည်ဖြစ်ပြီး နောက်အကျဆုံး တစ်ပတ်အတွင်း ရိက္ခာမျှဝေ ပေးသွားမည်ဖြစ်ပါသည်။ ● ရွေးချယ်ခြင်းမခံရသူများကို အချိန်အခက်အခဲများကြောင့် တစ်ဦးချင်းစီအား ပြန်လည်ဆက်သွယ် အကြောင်းပြန်ပေးနိုင်မည် မဟုတ်ကြောင်း […]
စိတ်ဓါတ်စွမ်းရည်မြှင့်တင်မှုပိုင်းဆိုင်ရာ ဆွေးနွေးပွဲတက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း (𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫𝐦 𝐟𝐨𝐫 𝐫𝐞𝐬𝐢𝐥𝐢𝐞𝐧𝐜𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩)

မင်္ဂလာပါခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ) မှ ကျန်းမာချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ရောက်ရှိလာသော မြန်မာပြည်သူများအတွက် စိတ်ဓာတ်စွမ်းအားမြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ယခု ကဲ့သို့ဆွေးနွေးပွဲများအား (၂၀၂၅) ခုနှစ်၊ ဧပြီလမှစတင်၍ လစဉ်ကျင်းပပြုလုပ်လျှက်ရှိရာ (၂၀၂၆) ခုနှစ်၊ ဩဂုတ်လအတွက်သင်တန်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်၍ သင်တန်းအား အမှန်တကယ်စိတ်ပါဝင်စားသော မည်သူမဆိုတက်ရောက်နိုင်ရန် ယခုလျှောက်လွှာအား ဖြည့်သွင်းစာရင်းပေးနိုင်ပြီ ဖြစ်ပါသည်။ ရည်ရွယ်ချက် ======= သင်တန်း၏ အဓိကရည်ရွယ်ချက်အားဖြင့် မဲဆောက်မြို့အတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသည့် မြန်မာပြည်သူများအတွက် စိတ်ဓါတ်စွမ်းရည် မြှင့်တင်ရန်နှင့် စိတ်ဓါတ်ခွန်အား၏ အရေးပါမှုအား နားလည်သဘောပေါက်ပြီး ပြည်သူအတွင်းအသိပညာ ပျံနှံ့စေရန် ရည်ရွယ်ပါသည်။ သင်တန်းဆိုင်ရာ […]
တနိုင်တပိုင်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်လိုသည့်စိတ်ပါဝင်စားသူများအတွက် ဝန်ဆောင်မှုအထောက်အပံ့လျှောက်လွှာခေါ်ယူခြင်း

မင်္ဂလာပါ၊ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သလိုက်ပါသည်။ Blossom Future (ပွင့်သစ်ဝေ) မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်းပြောင်းရွှေ့နေထိုင်နေကြသူများအတွက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီပေးမှုလုပ်ငန်းများအား ကြိုးစားအားထုတ်လျှက်ရှိရာ ယခုအခါ အသက်မွေးဝမ်းကြောင်း ကဏ္ဍတစ်ခုအနေ ဖြင့် အသေးစားမွေးမြူရေးဆိုင်ရာ ကူညီထောက်ပံ့ရေးလုပ်ငန်းစဉ်အား ထပ်မံ၍အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။ သို့ဖြစ်ပါ၍ မိမိတို့နေအိမ်၊ ခြံဝင်း၊ မြေနေရာအတွင်း တနိုင်တပိုင်မွေးမြူရေးလုပ်ငန်း အသေးစားလုပ်ငန်းလုပ်ကိုင်ရန် စိတ်ဝင် စားသူများအနေဖြင့် ယခုထောက်ပံ့ခြင်းအစီအစဉ်တွင် ပါဝင်နိုင်ရန် သတင်းကောင်းပါးအပ်ပါသည်။ အစီအစဉ်အကြောင်းအရာ ————————— လုပ်ငန်းစဉ်ကာလ ၉ လ (၂၀၂၆ ခုနှစ် ဇူလိုင်လ မှ ၂၀၂၇ မတ်လအထိ) လျှောက်ထားနိုင်သော ဧရိယာနှင့် လက်ခံမည့် အိမ်ထောင်စုအရေအတွက် ————————————————————— ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အနီးတဝိုက်၌ နေထိုင်သည့် […]
ထိုင်းဘာသာစကားပြော အခမဲ့သင်တန်းများ အပတ်စဥ် (၂၁) အတွက် သင်တန်းသားခေါ်ယူခြင်း

Edit – ထိုင်းဘာသာစကားပြော အခမဲ့သင်တန်း အပတ်စဉ် (၂၁) အတွက် လျှောက်ထားသူဦးရေမှာ သတ်မှတ်လက်ခံမည့် အရေ အတွက်ထက် များစွာကျော်လွန်လာသဖြင့် လျှောက်လွှာလက်ခံခြင်းအား ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ယခုအပတ်စဉ်တွင် တက်ရောက်ခွင့် မရရှိလိုက်သူများအနေဖြင့် လာမည့်လများတွင်လည်း အလားတူ ထိုင်းဘာသာစကားပြော အခမဲ့သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသဖြင့် Blossom Future ၏ Facebook Page နှင့် တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းများမှ ကြေညာချက်များကို ဆက်လက်စောင့်ကြည့်ပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ ထိုင်းနိုင်ငံမဲဆောက်မြို့နှင့် ပတ်ဝန်းကျင်ဒေသများတွင် ရောက်ရှိနေသည့် မြန်မာပြည်သူပြည်သားများ အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူဖြစ်စေရန်၊ လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများအနေနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန်နှင့် မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) မှ […]
𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၈၉) အတွက် သင်တန်းသား/သူခေါ်ယူခြင်း

ရက်စွဲ။ ။ ဩဂုတ်လ (၁၇) ရက် ၊ ၂၀၂၆ ခုနှစ်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန် ရည်ရွယ်၍ (ပွင့်သစ်ဝေ) မှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို (၂၀၂၁) ခုနှစ်၊ ဧပြီလမှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့မှ ဩဂုတ်လ ၂၈ ရက်နေ့ အထိ သင်ကြားသွားမည့် သင်တန်းအပတ်စဉ် (၈၉) အတွက် သင်တန်းသား/သူ အသစ် (၁၀)ဦး ထပ်မံခေါ်ယူသွားမည်ဖြစ်ပါသည်။ ယခုသင်တန်းတွင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားမူမရှိဘဲ အမျိုးသမီးများနှင့် အမျိုး သားများအားလုံး ဝင်ရောက်လျှောက်ထားနိုင်ပါသည်။ သို့ပါ၍ ယခုသင်တန်းအား စိတ်ပါဝင်စားသော လျှောက်လွှာရှင်များအနေဖြင့် သင်တန်းတက်ရောက်နိုင်ရန် ဇူလိူင်လ (၃၁) […]
𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 မှ မြေနေရာအခမဲ့ ငှားရမ်းလုပ်ကိုင်ခွင့်ပြုလုပ်ခြင်း

Blossom Future မှ ထိုင်းနိုင်ငံအတွင်း ငှားရမ်းထားသော မြေ (၁၆) ရိုင် တွင် စိုက်ပျိုးရေး လုပ်ငန်းများဆောင်ရွက်ရန် အခမဲ့ (၁၀) လတာ လုပ်ပိုင်ခွင့်ကို Blossom Future စိုက်ပျိုးရေးသင်တန်းမှ အောင်မြင်စွာပြီးမြောက်ခဲ့ပြီး အမှန်တကယ် စိုက်ပျိူးရေး လုပ်ငန်းများကို ပြန်လည်အကောင်အထည် ဖော်နိုင်မည့် သင်တန်းသား/သူ (၆) ဦးနှင့် စိုက်ပျိုးရေးသင်တန်းအား အကြောင်းအမျိုးအမျိုးကြောင့် မတက်နိုင်ခဲ့သော်လည်း စိုက်ပျိုးရေးလုပ်ကိုင်လျှက်ရှိပြီး နည်းစနစ်ကျ တိုးချဲ့ စိုက်ပျိုးရန်အတွက် စိတ်ဝင်စားသူ ၄ ဦး စုစုပေါင်း (၁၀) ဦး တို့အား ဇူလှိုင်လ ၃၀ ရက်နေ့ /၂၀၂၆ မှ စတင်ပြီးလုပ်ပိုင်ခွင့် ပေးအပ်ခဲ့ပါသည်။ 𝐋𝐚𝐧𝐝 𝐔𝐬𝐞 𝐏𝐞𝐫𝐦𝐢𝐬𝐬𝐢𝐨𝐧 𝐆𝐫𝐚𝐧𝐭𝐞𝐝 𝐛𝐲 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 […]
ထိုင်းနိုင်ငံ၏ (𝐀𝐬𝐚𝐥𝐡𝐚 𝐏𝐮𝐣𝐚 𝐃𝐚𝐲) ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်လှုပ်ရှားမှုတွင် 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 မှပါဝင်ဆောင်ရွက်မှု

สำหรับภาษาไทย และ English version, please scroll down ယနေ့တွင် ထိုင်းနိုင်ငံ၏အရေးပါသော ဗုဒ္ဓဘာသာနေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည့် (Asalha Puja Day) ဓမ္မစကြာအခါတော်နေ့ အ ထိမ်းအမှတ်အဖြစ် Blossom Future (ပွင့်သစ်ဝေ) အဖွဲ့သည် နောင်ဘွားဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပူးပေါင်း ပါဝင်ခဲ့ပါ သည်။ အဆိုပါအခမ်းအနားတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်အတူ ပါဝင်၍ ဘုန်းတော်ကြီးများအား ဂါရဝပြုကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့အပြင် ထိုင်းရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် ဘာသာရေးဆိုင်ရာ အခမ်းအနားတွင် အတူတကွ ပါဝင်ဆောင်ရွက်ခဲ့ပြီး ယဉ်ကျေးမှုဖလှယ်ရေး၊ အပြန်အလှန် နားလည်လေးစားမှုနှင့် ဒေသခံ အသိုင်းအဝိုင်းအတွင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေခဲ့ပါသည်။ (Asalha Puja Day) သည် မြတ်စွာဘုရားရှင် ပထမဆုံး ဓမ္မစကြာတရားတော်ကို […]
ထိုင်းဘုရင်မင်းမြတ်၏ (၇၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် မယ်ပရပ်ကွက် လူထုသန့်ရှင်းရေး လုပ်အားပေးအစီအစဉ်
สำหรับภาษาไทย และ English version, please scroll down ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့တွင် ကျရောက်သော ထိုင်းဘုရင်မင်းမြတ်၏ (၇၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခါသမယအဖြစ် မဲဆောက်မြို့၊ မယ်ပရပ်ကွက်သူကြီးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့်အတူ Blossom Future (ပွင့်သစ်ဝေအဖွဲ့) မှအဖွဲ့ဝင်များပူးပေါင်း၍ B2 Hotel အနီးတဝိုက်ရှိလမ်းများတွင် လူထုအကျိုးပြု သန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်း လုပ်အားပေး ဆောင်ရွက်ခဲ့ကြပါသည်။ လုပ်ငန်းများအနေဖြင့် • ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း • အမှိုက်သရိုက်များ ကောက်ယူစွန့်ပစ်ခြင်း • ရေဆိုးမြောင်းများ ဖောက်ထုတ်သန့်ရှင်းခြင်း စသည့် လုပ်ငန်းများကို နံနက်ပိုင်းတစ်လျှောက်လုံး စည်းလုံးညီညွတ်စွာ ဆောင်ရွက်ခဲ့ကြပါသည်။ ထို့အပြင် လုပ်အားပေးပြီးနောက် ဖြစ်ပေါ်လာသော အရေးပေါ်လုံခြုံရေးကိစ္စတစ်ရပ်ကိုလည်း မယ်ပရပ်ကွက်သူကြီးနှင့် […]
𝐂𝐚𝐬𝐡 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐢𝐨𝐧 𝐢𝐧 𝐂𝐨𝐦𝐦𝐞𝐦𝐨𝐫𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐇𝐢𝐬 𝐌𝐚𝐣𝐞𝐬𝐭𝐲 𝐭𝐡𝐞 𝐊𝐢𝐧𝐠 𝐨𝐟 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝’𝐬 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲

On Saturday, 25 July 2026, in commemoration of the birthday of His Majesty the King of Thailand, Blossom Future (Pwint Thit Wai) donated cash assistance to more than 400 residents from Dumpsite Communities (1) and (2) and the Mar Lwe community in Mae Sot. Additionally, cash donations were provided to specific individuals in need: 1. […]