မင်္ဂလာပါခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။
Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေးဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိလာသော မြန်မာပြည်သူများအတွက် စိတ်ဖိစီးမှုတွေ၊ ပူပန်မှုတွေ၊ နေ့စဉ်ဘဝရဲ့ ဖိအားတွေကြား မှာ ကိုယ့်စိတ်ကျန်းမာရေးကို ဂရုစိုက်တတ်စေရေး အသိပညာများမျှဝေရန် ရည်ရွယ်ချက်ဖြင့် ယခုဆွေးနွေးပွဲအား ၂၀၂၆ ခုနှစ် ဇွန်လမှ စတင်၍ သင်တန်းထပ်မံဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းအား အမှန်တကယ် စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက်နိုင်ရန် ယခုလျှောက်လွှာအား ဖြည့်သွင်းစာရင်းပေးနိုင်ပြီ ဖြစ်ပါသည်။
ရည်ရွယ်ချက်
————-
သင်တန်း၏ အဓိကရည်ရွယ်ချက်အားဖြင့် မဲဆောက်မြို့အတွင်း ထွက်ပြေးရောက်ရှိလာကြသည့် မြန်မာပြည်သူများအတွက် စိတ်ဖိစီးမှုတွေ၊ ပူပန်မှုတွေ၊ နေ့စဉ်ဘဝရဲ့ ဖိအားတွေကြားမှာ ကိုယ့်စိတ်ကျန်းမာရေးကို ဂရုစိုက်တတ်ပြီး စိတ်ဖိစီးမှုဖြေရှင်းနည်းအား နားလည်သဘောပေါက်၍ ပြည်သူအတွင်း အသိပညာပျံနှံ့စေရန် ရည်ရွယ်ပါသည်။
သင်တန်းဆိုင်ရာ အခြေခံအချက်အလက်
—————————————
သင်တန်းအချိန် ။ ။ ဇူလိူင် (၂၉) ရက်၊ ၂၀၂၆ ခုနှစ်၊ (ဗုဒ္ဓဟူးနေ့) နံနက် ၉ နာရီခွဲမှ၊ ၁၂ နာရီခွဲအထိ။
သင်တန်းတည်နေရာ ။ ။ မယ်ပ၊ မဲဆောက်မြို၊ တက်ခ်ခရိုင်။
သင်တန်းပေးမည့်ပုံစံ ။ ။ လူကိုယ်တိုင်။
သင်တန်းသားဦးရေ ။ ။ ၁၀ ဦး။
သင်တန်းလျောက်ထားရန်
https://forms.gle/i77qLdnVPPcpuAPv9
လေးစားစွာဖြင့်
တာဝန်ခံ
Blossom Future (ပွင့်သစ်ဝေ)
Phone: +66 813710876
Signal No: +66 813710876
Email: counselor1.blossomfuture@gmail.com
လျှောက်ထားသူတစ်ဦးခြင်းစီအား အထူးကျေးဇူးတင်လျှက်
Blossom Future (ပွင့်သစ်ဝေ)
