𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞𝐫 ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း

ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ/သားများအတွက် Blossom Future (ပွင့်သစ်ဝေ) မှ လုပ်ဆောင်လျက်ရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်‌ ဆောင်ရွက်လျက်ရှိရာ ကျွန်ုပ်တို့အဖွဲ့အစည်း၏ နေ့စဉ်ရုံးလုပ်ငန်းလည်ပတ်မှုများ ၊ ဘဏ္ဍာရေး လုပ်ငန်းစဉ်များကို စနစ်တကျ လုပ်ဆောင်နိုင်ရန် လုပ်ငန်းအတွေ့အကြုံရှိသော Treasurer ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူလျက်ရှိပါသည်။

ရာထူး Treasurer

လျှောက်လွှာလက်ခံမည့်ကာလ (၀၈.၀၇.၂၀၂၆ မှ ၁၅.၀၇.၂၀၂၆) အထိ

နေရာ မဲဆောက်

အစမ်းခန့်ကာလ ၃လ

ပုံမှန်လစာ ၁၃,၀၀၀ ဘတ်

အစီရင်ခံရမည့်သူ Executive Director

ခန့်အပ်မည့် ပုံစံ အချိန်ပြည့် (လူကိုယ်တိုင်)

ခန့်အပ်မည့်ဦးရေ ၁ ဦး

လုပ်ဆောင်ရမည့်တာဝန်များ

—————————

1. ဘဏ္ဍာရေးတာဝန်ခံ၏ ဦးဆောင်မှုအောက်တွင် အဖွဲ့အစည်း၏ ဘဏ္ဍာရေးကိစ္စများကို ပူးပေါင်းလုပ်ဆောင်ရမည်။

2. နေ့စဉ် ငွေအဝင်အထွက်များကို Policy အတိုင်း စနစ်တကျဆောင်ရွက်မှတ်တမ်းတင်ပေးရမည်။

3. နေ့စဉ် Finance Manager နှင့် ငွေစာရင်း ကိုက်ညီမှု စစ်ဆေးရမည်။

4. လက်ဝယ်ထားရှိသော ငွေသားများ၏ လုံခြုံမှုကို အပြည့်အဝတာဝန်ယူရမည်။

5. ရုံးအသုံးစရိတ်များကို ဘဏ် ATMတွင် လိုအပ်သလို ငွေထုတ်ယူ၍ လုပ်ငန်းအသီးသီးအတွက် လိုအပ်သော ငွေများကို အဆင်ပြေချောမွေ့အောင်ထုတ်ပေးရမည်။

6. အရေးပေါ်ငွေထုတ်ယူမှုများကိုလည်း အဆင်ပြေအောင် စီစဉ်ထုတ်ပေးရမည်။

7. Mobile banking သုံး၍လည်း ငွေထုတ်ငွေသွင်း ဆောင်ရွက်ရမည်။

8. Cash Flow အဆင်ပြေချောမွေ့အောင် ဘဏ္ဍာရေးအဖွဲ့အတွင်း ညှိနှိုင်းကာ အဖွဲ့တာဝန်ခံအား လိုအပ်သလို အသိပေးရမည်။ အပတ်စဉ်လိုအပ်မည့် ငွေပမာဏကို အဖွဲ့တာဝန်ခံအား အချိန်မှီအကြောင်းကြားရမည်။

9. အပတ်စဉ် ဖြစ်စေ၊ လစဉ်ဖြစ်စေ၊ လုပ်ငန်းလိုအပ်ချက်အရဖြစ်စေ Cash Count အား၊ Finance Team နှင့်အတူ ဆောင်ရွက်ရမည်။

10. လစဉ် ဘဏ်ဖြင့် ပေးဆောင်ရသော လစဉ်ကြေးများ (အိမ်လခ၊ ရေလခ၊ မီးလခများ စသည်ဖြင့်) ကို အချိန်မှီ ပေးဆောင်ရမည်။

11. ဌာန၏ Yearly Plan အတိုင်း လုပ်ဆောင်စရာရှိသည်များကို အချိန်မီ လုပ်ဆောင်ပေးရမည်။

12. လုပ်ငန်းကိစ္စရပ်များနှင့် ပုဂ္ဂလိကဆိုင်ရာကိစ္စရပ်များအား (Privacy and Confidentiality) ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူရမည်။

အတွေ့အကြုံလိုအပ်ချက်

————————

1. လုပ်ငန်းနှင့် သက်ဆိုင်သော ဘွဲ့ (သို့) ဒီပလိုမာ တစ်ခုခု ရရှိထားသူဖြစ်ရမည်။

2. သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ (၁) နှစ်ရှိရမည်။

3. စည်းစနစ်ကျ၍ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာ ပြောဆိုတတ်သူပြီး ပူးပေါင်း ဆောင်ရွက် လိုစိတ်ရှိသူ ဖြစ်ရမည်။

4. အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment) ၊ ကလေး သူငယ်များအား အမြတ်ထုတ်မှု/စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။

လျှောက်လွှာတင်ရမည့်ပုံစံ

————————–

1. မြန်မာဘာသာဖြင့် ရေးသားထားသည့် Cover letter နှင့် CV Form အား contact@blossomfuture.org Email သို့ ပေးပို့ပေးပါရန်။

2. Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

3. CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

အသေးစိတ်မေးမြန်းလိုပါက :

—————————

For further inquires

𝗔𝗱𝗺𝗶𝗻 Officer

𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿/Signal Number– +𝟲𝟲 626 874 266

𝗘𝗺𝗮𝗶𝗹 – contact@blossomfuture.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!