ရာထူး။ လူ့အခွင့်အရေးစီမံကိန်းတာဝန်ခံ (Program Manager)
လျှောက်လွှာလက်ခံမည့်ကာလ။ ၁၄ ရက်၊ ဇူလိုင်လ ၂၀၂၆ မှ ၂၀ ရက်၊ ဇူလိုင်လ ၂၀၂၆ အထိ။
ခန့်အပ်ထားမည့်နေရာ။ မဲဆောက်
အလုပ်စတင်မည့်ရက်။ As soon as possible
အစမ်းခန့်ကာလ။ (၃) လ
လစာ။ ၁၈,၀၀၀ ဘတ်
အစီရင်ခံရမည့်သူ။ Executive Director (Blossom Future)
ခန့်အပ်မည့်ဦးရေ။ (၁) ဦး
စီမံကိန်းပြီးဆုံးမည့်ရက်။ ၂၀၂၇ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ။
ပွင့်သစ်ဝေ (Blossom Future) အဖွဲ့အစည်းသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ ၅ နှစ်တာ လူ့အခွင့်အရေးစီမံကိန်း (Human Rights Program) အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ စီမံကိန်းတာဝန်ခံ (Program Manager) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါသည်။
လုပ်ဆောင်ရမည့်တာဝန်များ
++++++++++++++++++
● လူ့အခွင့်အရေးစီမံကိန်း (Human Rights Program) ၏ လုပ်ငန်းများအားလုံး အထူးသဖြင့် Advocacy & Networking လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရန် တာဝန်ယူဆောင်ရွက်ခြင်း
● Human Rights Program ၏ Advocacy Plan လုပ်ငန်းများအား တာဝန်ယူဆောင်ရွက်ခြင်း
● လူ့အခွင့်အရေးဆိုင်ရာ လူတွေ့ (သို့) အွန်လိုင်း ဆွေးနွေးပွဲများ၊ dialogue sessions၊ workshops၊ seminars များသို့ အဖွဲ့အစည်းကိုယ်စားပြု တက်ရောက်ဆွေးနွေးခြင်း
● UN agencies၊ INGOs များအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာရှိ လူ့အခွင့်အရေးလုပ်ဆောင်နေသော အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်၍ information sharing နှင့် joint advocacy လုပ်ငန်းများ တိုးမြှင့်ခြင်းအတွက် ဦးစီးဆောင်ရွက်ခြင်း
● စီမံကိန်းအကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် logic model, grant management framework နှင့် annual work plan တို့ကို ရေးဆွဲခြင်း
● စီမံကိန်းလုပ်ငန်းများအလိုက် သုံးစွဲမည့် စီမံကိန်းရန်ပုံငွေ လိုအပ်ချက် နှင့် ခန့်မှန်းအသုံးစရိတ် တွက်ချက်ခြင်း၊ ရန်ပုံငွေစီမံခန့်ခွဲခြင်း အပါအဝင် budget plan ရေးဆွဲခြင်းကို သက်ဆိုင်ရာ Finance Department, Organizational Development Department မှ တာဝန်ရှိသူများ နှင့် တွဲဖက်ရေးဆွဲခြင်း
● စီမံကိန်း အကောင်အထည် ဖော်ဆောင်မှုများနှင့် တိုးတက်အောင်မြင်မှုများကို သက်ဆိုင်ရာ အစီရင်ခံစာများ (Report) ရေးသား၍ Donor များထံ ပေးပို့ခြင်း
● စီမံကိန်း အကောင်အထည်ဖော်ဆောင်မှု အခြေအနေများကို Donor များနှင့်မပြတ် ချိတ်ဆက်၍ လိုအပ်သလို ဆောင်ရွက်ခြင်း
● စီမံကိန်းလုပ်ငန်းများကို လျာထားသည့် ပြီးမြောက်မှု (target) နှင့် အချိန်ကာလ (timeline) အတွင်း အချိန်မီ ပြီးမြောက်စေရန် Program Team ကို ကြီးကြပ် ညွန်ကြားဦးဆောင်ခြင်း
● HR Documentation Annual Report Launching Event စီစဉ်မှုများအား ကြီးကြပ်ဆောင်ရွက်ခြင်း
● လိုအပ်ပါက စီမံကိန်းအဆိုပြုလွှာ (Proposal) အသစ်များ ရေးဆွဲတင်ပြနိုင်ခြင်း
● စီမံကိန်းအောင်မြင်ရေးအတွက် လိုအပ်သော လုပ်ငန်းများအားလုံးကို ကြီးကြပ်၍ ဦးစီးလုပ်ဆောင်ရမည်။
အတွေ့အကြုံလိုအပ်ချက်
+++++++++++++++
● လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းများဖြစ်သည့် လူ့အခွင့်အရေးအသိပညာပေးခြင်း (Education)၊ မှတ်တမ်းတင်ခြင်း (Documentation)၊ လူ့အခွင့်အရေးလှုပ်ရှားသူများအား အကာအကွယ်ပေးခြင်း (Protection)၊ စည်းရုံးလှုံ့ဆော်ခြင်း (Advocacy) နှင့် မိတ်ဖက်အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း (Networking) လုပ်ငန်းနယ်ပယ်များတွင် အတွေ့အကြုံ ရှိသူအား ဦးစားပေးပါမည်။
● အစိုးရ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်းတခုခုတွင် စီမံကိန်းတာဝန်ခံ (သို့မဟုတ်) ဦးဆောင်စီမံခန့်ခွဲသူအဖြစ် အလုပ်လုပ်ကိုင်ဖူးသူ ဦးစားပေးပါမည်။
● International Human Rights Principles and Mechanisms အကြောင်းအရာများကို ထဲထဲဝင်ဝင် သိရှိနားလည်ပြီး၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနောက်ခံ သမိုင်းကြောင်းများ/ ဖြစ်စဥ်များကိုလည်း သိရှိနားလည်သူ ဦးစားပေးပါမည်။
● အရပ်ဘက်အဖွဲ့အစည်းများ၊ Volunteers များနှင့် လက်တွဲလုပ်ကိုင်ဖူးသူဖြစ်ရပါမည်။
● Project Proposal, Report နှင့် Research များ ကိုယ်တိုင်ရေးသားပြုစုတင်သွင်းသော အတွေ့အကြုံရှိရပါမည်။
လိုအပ်သောကျွမ်းကျင်မှုများ
+++++++++++++++++
● လူ့အခွင့်အရေးဆိုင်ရာ (သို့) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းများတွင် ဦးဆောင်စီမံခန့်ခွဲခြင်း အတွေ့အကြုံ အနည်းဆုံး (၃) နှစ်ရှိသူ
● လူ့အခွင့်အရေးနှင့်သက်ဆိုင်သော ဘွဲ့လက်မှတ်/ဒီပလိုမာ/အသိအမှတ်ပြုလက်မှတ် တစ်ခုခုရရှိထားသူ
● English နှင့် မြန်မာဘာသာ နှစ်မျိုးလုံး ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုရေးသားနိုင်သူ
● Microsoft Office (Word, Excel, PowerPoint) ကို ကောင်းမွန်စွာ အသုံးပြုနိုင်သူ
● Email နှင့် online communication tools (Zoom, Microsoft Teams စသည်) များကို ထိရောက်စွာ အသုံးပြုနိုင်သူ
● Social media platforms (Facebook, Signal, Telegram, etc.,) များကို ကောင်းစွာအသုံးပြုနိုင်သူ
● Interpersonal, Intercultural, Networking နှင့် Communication Skills များ ကောင်းမွန်သူ
လျှောက်လွှာတင်ရန်
● Cover letter နှင့် CV form ကို Email: contact@blossomfuture.org သို့ ပေးပို့ပါရန်။
● CV form တွင် နှစ်အလိုက် ပြည့်စုံစွာဖော်ပြထားသော ယခင်လုပ်ငန်းအတွေ့အကြုံ၊ လူ့အခွင့်အရေးလုပ်ငန်းစဉ် အတွေ့အကြုံ၊ လက်တွဲလုပ်ကိုင်ခဲ့သော အဖွဲ့အစည်းများနှင့် ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် မိမိအထက် တာဝန်ရှိသူ ၂ ဦး၏ အမည်၊ ဆက်သွယ်ရန် email ၊ ဖုန်းနံပါတ်နှင့် Signal နံပါတ်များကို ထည့်သွင်းပေးပို့ပေးရန်။
● ယခုလစ်လပ်ရာထူးအား Rolling basis ဖြင့် ခေါ်ယူသွားမည်ဖြစ်ပြီး ရာထူးအတွက် ကိုက်ညီသောသူရရှိပါက ဖောင်ပိတ်သွားမည်ဖြစ်သောကြောင့် အမြန်ဆုံးလျှောက်ထားရန် တိုက်တွန်းအပ်ပါသည်။
လူတွေ့အင်တာဗျူးအတွက် ရွေးချယ်ခံရသူ (𝐒𝐡𝐨𝐫𝐭 𝐥𝐢𝐬𝐭𝐞𝐝 𝐚𝐩𝐩𝐥𝐢𝐜𝐚𝐧𝐭𝐬) များကိုသာ ပြန်လည်ဆက်သွယ် သွားမည်ဖြစ်ပါသည်။
အသေးစိတ် သိရှိလိုပါက
𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁
𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲
𝗦𝗶𝗴𝗻𝗮𝗹 𝗡𝘂𝗺𝗯𝗲𝗿 – +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲
𝗘𝗺𝗮𝗶𝗹 – contact@blossomfuture.org
