ရာထူး။ လူ့အခွင့်အရေးစီမံကိန်းအရာရှိ (𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗢𝗳𝗳𝗶𝗰𝗲𝗿)
လျှောက်လွှာလက်ခံမည့်ကာလ။ ၁၄ ရက်၊ ဇူလိုင်လ ၂၀၂၆ မှ ၂၀ ရက်၊ ဇူလိုင်လ ၂၀၂၆ အထိ။
ခန့်အပ်ထားမည့်နေရာ။ မဲဆောက်
အလုပ်စတင်မည့်ရက်။ As soon as possible
အစမ်းခန့်ကာလ။ (၃) လ
လစာ။ ၁၅,၀၀၀ ဘတ်
အစီရင်ခံရမည့်သူ။ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 (𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲)
ခန့်အပ်မည့်ဦးရေ။ (၁) ဦး
စီမံကိန်းပြီးဆုံးမည့်ရက်။ ၂၀၂၇ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ။
ပွင့်သစ်ဝေ (𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲) အဖွဲ့အစည်းသည် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ (၅)နှစ်တာ လူ့အခွင့်အရေးစီမံကိန်း (𝗛𝘂𝗺𝗮𝗻 𝗥𝗶𝗴𝗵𝘁𝘀 𝗣𝗿𝗼𝗴𝗿𝗮𝗺) အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လူ့အခွင့်အရေးစီမံကိန်းအရာရှိ (𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗢𝗳𝗳𝗶𝗰𝗲𝗿) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါသည်။
လုပ်ဆောင်ရမည့်တာဝန်များ
—————————
● မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီနှင့် စစ်လက်နက်/စစ်သုံးပစ္စည်းတင်ပို့ရောင်းချခြင်းနှင့် ငွေကြေးထောက်ပံ့ကူညီခြင်း ကွင်းဆက်တွင် ပါဝင်ပတ်သတ်နေသည့် ဒေသတွင်းနှင့် နိုင်ငံတကာမှ လူပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် အစိုးရများ၏အ ချက်အလက်များကို စုဆောင်းခြင်းနှင့် မှတ်တမ်းတင်ခြင်း
● လူ့အခွင့်အရေးဆိုင်ရာအခြေအနေများ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုများအား စောင့်ကြည့်လေ့လာခြင်း၊ သုံးသပ်ခြင်း၊ Monthly Fact Sheet နှင့် အစီရင်ခံစာများထုတ်ပြန်ခြင်းနှင့် သက်ဆိုင်ရာ Stakeholders များထံ မျှဝေခြင်း
● လူ့အခွင့်အရေးစီမံကိန်းနှင့် ဆက်စပ်ဆောင်ရွက်ရမည့် Stakeholders များအား mapping ပြုလုပ်ပြီး မိတ်ဖက်ဆက်ဆံရေး ထူ ထောင်ခြင်းနှင့် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ခြင်းလုပ်ငန်းများအတွက် ဦးစီးဆောင်ရွက်ခြင်း
● UN agencies၊ INGOs များအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာရှိ လူ့အခွင့်အရေးလုပ်ဆောင်နေသော အဖွဲ့အစည်းများနှင့် ညှိ နှိုင်းဆောင်ရွက်၍ information sharing နှင့် joint advocacy လုပ်ငန်းများ တိုးမြှင့်ခြင်းအတွက် စီမံကိန်းတာဝန်ခံကို ပံ့ပိုးကူညီခြင်း
● ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ စီမံကိန်းမိတ်ဆက်တွေ့ဆုံခြင်းနှင့် ဆွေးနွေးခြင်းလုပ်ငန်းများတွင် စီမံကိန်းတာဝန်ခံနှင့်အတူ ပူးပေါင်းကူညီလုပ်ဆောင်ရမည်။
● စီမံကိန်းအောင်မြင်ရေးအတွက် လိုအပ်လျှင်ပြင်ဆင်မှုများ၊ စီမံကိန်းအဖွဲ့ဝင်များနှင့်အတူ လုပ်ငန်းအစီအစဉ်ရေးဆွဲမှုများတွင် စီမံ ကိန်းတာဝန်ခံနှင့်အတူ ပူးပေါင်းကူညီလုပ်ဆောင်ရမည်။
● HR Documentation Annual Report Launching Event စီစဉ်မှုများ၌ စီမံကိန်းတာဝန်ခံနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်း
● စီမံကိန်းအောင်မြင်ရေးအတွက် လိုအပ်သော လုပ်ငန်းများအားလုံးကို ကူညီပံ့ပိုးလုပ်ဆောင်ရမည်။
အတွေ့အကြုံလိုအပ်ချက်
————————-
● လူ့အခွင့်အရေးဆိုင်ရာစည်းရုံးလှုံ့ဆော်ခြင်း (Advocay) လုပ်ငန်းများ၊ မိတ်ဖက်အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း (Networking) လုပ်ငန်းနယ်ပယ်များတွင် အတွေ့အကြုံရှိသူ
● အစိုးရ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်းတခုခုတွင် အလုပ်လုပ်ကိုင်ဖူးသူ
● International Human Rights Principles and Mechanisms အကြောင်းအရာများကို သိရှိနားလည်ပြီး၊ မြန်မာနိုင်ငံ၏ လူ့အခွင့် အရေးနောက်ခံ သမိုင်းကြောင်းများ/ ဖြစ်စဥ်များနှင့်ပတ်သတ်သော ဗဟုသုတရှိသူ
● အရပ်ဘက်အဖွဲ့အစည်းများ၊ Volunteers များနှင့် လက်တွဲလုပ်ကိုင်ဖူးသူ
● Project Proposal၊ Report နှင့် သုတေသနစာတမ်းများ ရေးသားတင်သွင်းဖူးသည့် အတွေ့အကြုံရှိသူ
လိုအပ်သောကျွမ်းကျင်မှုများ
—————————
● လူ့အခွင့်အရေးနှင့်သက်ဆိုင်သော ဘွဲ့လက်မှတ် (သို့မဟုတ်) ဒီပလိုမာ (သို့မဟုတ်) အသိအမှတ်ပြုလက်မှတ် တစ်ခုခုရရှိထားသူ
● လူ့အခွင့်အရေးဆိုင်ရာ စည်းရုံးလှုံဆော်ခြင်းနှင့် မိတ်ဖက်တည်ဆောက်ခြင်း လုပ်ငန်းများကို ဦးစီးလုပ်ဆောင်နိုင်သူ
● အဆိုပြုလွှာများ၊ အစီရင်ခံစာများ၊ စာတမ်းများ ရေးသားပြုစုဖူးသူ
● English နှင့် မြန်မာဘာသာ နှစ်မျိုးလုံး ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုရေးသားနိုင်သူ
● Microsoft Office (Word, Excel, PowerPoint) ကို ကောင်းမွန်စွာ အသုံးပြုနိုင်သူ
● Email နှင့် online communication tools (Zoom, Microsoft Teams စသည်) များကို ထိရောက်စွာ အသုံးပြုနိုင်သူ
● Social media platforms (Facebook, Signal, Telegram, etc.,) များကို ကောင်းစွာအသုံးပြုနိုင်သူ
● Interpersonal, Intercultural, Networking နှင့် Communication Skills များ ကောင်းမွန်သူ
လျှောက်လွှာတင်ရန်
——————–
● Cover letter နှင့် CV form ကို Email: contact@blossomfuture.org သို့ ပေးပို့ပါရန်။
● CV form တွင် နှစ်အလိုက်ပြည့်စုံစွာဖော်ပြထားသော ယခင်လုပ်ငန်းအတွေ့အကြုံ၊ လူ့အခွင့်အရေးလုပ်ငန်းစဉ်အတွေ့အကြုံ၊ လက် တွဲ လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းများနှင့် ယခင်လုပ်ကိုင်ခဲ့သော အဖွဲ့အစည်းတစ်ခုခုမှ ထောက်ခံပေးမည့် မိမိအထက် တာဝန်ရှိသူ (၂) ဦး၏ အမည်၊ ဆက်သွယ်ရန် email၊ ဖုန်းနံပါတ်နှင့် Signal နံပါတ်များကို ထည့်သွင်းပေးပို့ပေးရန်။
● ယခုလစ်လပ်ရာထူးအား Rolling basis ဖြင့်ခေါ်ယူသွားမည်ဖြစ်ပြီး ရာထူးအတွက်ကိုက်ညီသောသူရရှိပါက ဖောင်ပိတ်သွားမည်ဖြစ် သောကြောင့် အမြန်ဆုံးလျှောက်ထားရန် တိုက်တွန်းအပ်ပါသည်။
● လူတွေ့အင်တာဗျူးအတွက် ရွေးချယ်ခံရသူ (𝐒𝐡𝐨𝐫𝐭 𝐥𝐢𝐬𝐭𝐞𝐝 𝐚𝐩𝐩𝐥𝐢𝐜𝐚𝐧𝐭𝐬) များကိုသာ ပြန်လည်ဆက်သွယ်သွားမည်ဖြစ်ပါသည်။
အသေးစိတ် သိရှိလိုပါက
𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁 –
𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿: +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲
𝗦𝗶𝗴𝗻𝗮𝗹 𝗡𝘂𝗺𝗯𝗲𝗿: +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲
𝗘𝗺𝗮𝗶𝗹: contact@blossomfuture.org
𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲-𝗕𝗙
