𝐌&𝐄 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 ရာထူးအတွက် လျှောက်လွှာခေါ်ယူခြင်း

ရာထူး။ M&E Assistant လျှောက်လွှာလက်ခံမည့်ကာလ။ ၂၁ ရက်၊ ဧပြီလ ၂၀၂၆ မှ ၂၈ ရက်၊ ဧပြီလ ၂၀၂၆ အထိ။ ခန့်အပ်ထားမည့်နေရာ။ မဲဆောက် အစမ်းခန့်ကာလ။ (၃) လ အလုပ်စတင်မည့်ရက်။ As soon as possible အစမ်းခန့်လစာ။ ၈,၀၀၀ ဘတ် ပုံမှန်လစာ။ ၁၀,၀၀၀ ဘတ် ခန့်အပ်မည့်ဦးရေ။ (၁) ဦး အစီရင်ခံရမည့်သူ။ M&E Officer လုပ်ဆောင်ရမည့်တာဝန်များ (Responsibilities) ================ M&E Assistant သည် M&E Officer ၏ လမ်းညွှန်မှုအောက်တွင် အောက်ပါတာဝန်များကို လုပ်ဆောင် ရမည် စီမံကိန်းများ၏ ရလာဒ်များနှင့် တိုးတက်မှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် ဒေတာများ […]
စိတ်၊ ခံစားမှုနှင့် လူမှုဘဝပတ်ဝန်းကျင် ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန် လွှမ်းမိုးမှုပိုင်းဆိုင်ရာ အမြင်ဖွင့်ဆွေးနွေးပွဲ (𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫𝐦 𝐟𝐨𝐫 𝐌𝐇𝐏𝐒𝐒 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩) အတွက် သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ အတွက် စိတ်၊ ခံစားမှုနှင့် လူမှုဘဝပတ်ဝန်းကျင် ကျန်းမာပျော်ရွှင်ခြင်း အပြန်အလှန်လွှမ်းမိုးမှု ပိုင်းဆိုင်ရာအသိပညာများ မျှဝေရန် ရည်ရွယ်ချက်ဖြင့် ယခုဆွေးနွေးပွဲအား ၂၀၂၅ခုနှစ် ဧပြီလမှ စတင်၍ လစဉ်ကျင်းပပြုလုပ်ပေးလျှက်ရှိပါသည်။ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွက် သင်တန်း ထပ်မံဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းအား အမှန်တကယ် စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက်နိုင်ရန် ယခုလျှောက်လွှားအား ဖြည့်သွင်းစာရင်းပေးနိုင်ပြီ ဖြစ်ပါသည်။ ရည်ရွယ်ချက် ————- သင်တန်း၏ အဓိက ရည်ရွယ်ချက်အားဖြင့် မဲဆောက်မြို့အတွင်း ထွက်ပြေး ရောက်ရှိ […]
အခမဲ့ကွန်ပျူတာသင်တန်း အပတ်စဉ် (၂၇) အတွက်သင်တန်းသားခေါ်ယူခြင်း

မင်္ဂလာပါ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သအပ်ပါတယ်ရှင်။ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာကြသည့် မြန်မာပြည်သူ /ပြည်သားများအတွက် ကျောင်းတက်ခြင်း နှင့် အလုပ်အကိုင်ရှာဖွေရာတွင် အထောက်အကူ ဖြစ်စေရန် နှင့် လက်ရှိလုပ်ငန်းခွင် ဝင်ရောက်နေသူများ အနေဖြင့် နေ့စဉ် ရုံးလုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်လွယ်ကူစေရန် ရည်ရွယ်၍ Blossom Future (ပွင့်သစ်ဝေ) မှ အခမဲ့အခြေခံကွန်ပျူတာ သင်တန်းများကို ဧပြီလ ၂၀၂၅ ခုနှစ်မှ စတင်၍ဖွင့်လှစ်သင်ကြား ပေးခဲ့ရာမှာ ယခုအခါ အပတ်စဉ်(၂၆)အထိ ရောက်ရှိခဲ့ပြီဖြစ်ပြီး ယခုအပတ်စဉ်(၂၇)အတွက် သင်တန်းသား ခေါ်ယူနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ အခြေခံကွန်ပျူတာသင်တန်း သင်တန်းအပတ်စဉ် (၂၇) ကို 17- Jul -𝟮𝟬𝟮𝟲 မှ 28-𝗝𝘂l-𝟮𝟬𝟮𝟲 အထိ ဖွင့်လှစ် […]
𝐅𝐫𝐞𝐞 𝐜𝐨𝐮𝐧𝐬𝐞𝐥𝐥𝐢𝐧𝐠 𝐬𝐞𝐬𝐬𝐢𝐨𝐧 (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်းအစီအစဉ်)

မင်္ဂလာပါ။ Blossom Future (ပွင့်သစ်ဝေ) မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ Blossom Future (ပွင့်သစ်ဝေ) အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအား အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် Free counselling session (အခမဲ့နှစ်သိမ့်ဆွေးနွေးခြင်း အစီအစဉ်)အား ၂၀၂၅ခုနှစ် ဧပြီလမှ စတင်၍ ပြုလုပ်ပေးလျက် ရှိပါသည်။ သို့ဖြစ်ပါ၍ မိမိကြုံတွေ့ရသော အခြေအနေ စိတ်ခံစားချက်များကို ရင်ဖွင့်ပြောကြားလိုပါက လွတ်လပ်စွာနှင့် လုံခြုံစိတ်ချစွာ ရင်ဖွင့်ဆွေးနွေးနိုင်ကြောင်း နွေးထွေးစွာ ကြိုဆိုလိုက်ရပါတယ်ခင်ဗျ။ ရည်ရွယ်ချက် ++++++++ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုများအတွက် လွတ်လပ်စွာ ရင်ဖွင့်ပြောဆိုနိုင်စေရန်နှင့် အခမဲ့နှစ်သိမ့် ဆွေးနွေးပေးနိုင်ရန် […]
𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၈၈) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန် ရည်ရွယ်၍ (ပွင့်သစ်ဝေ) မှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့ အထိ သင်ကြားသွားမည့် သင်တန်းအပတ်စဉ် (၈၈) အတွက် သင်တန်းသား/သူ အသစ် (၁၀) ဦး ထပ်မံခေါ်ယူ သွားမည်ဖြစ်ပါသည်။ ယခုသင်တန်းတွင် လူမျိုးရေး၊ဘာသာရေး ခွဲခြားမူမရှိဘဲ အမျိုးသမီးများနှင့်အမျိုးသားများ အားလုံး ဝင်ရောက် လျှောက် ထားနိုင်ပါသည်။ သို့ပါ၍ယခုသင်တန်းအားစိတ်ပါဝင်စားသောလျှောက်လွှာရှင်များအနေဖြင့်သင်တန်းတက်ရောက် နိုင်ရန် ဇူလိူင်လ (၁) ရက်နေ့မှ ဇူလိူင်လ (၂၇) ရက်နေ့ထိ၊ ညနေ (၅) နာရီအထိ ဂူဂဲလ် (google form)လင့်ခ်မှတစ်ဆင့်ဖောင်ဖြည့်သွင်းလျှောက်ထားနိုင်ပြီဖြစ်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။ ကြိုတင်အသိပေးကြော်ငြာချက် […]
ပြန်ကြားဆက်သွယ်ရေးတာဝန်ခံ (𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐎𝐟𝐟𝐢𝐜𝐞𝐫) လုပ်ငန်းနေရာအတွက် လျှောက်လွှာခေါ်ယူခြင်း

Blossom Future (ပွင့်သစ်ဝေ) အဖွဲ့အစည်းသည် ထိုင်းနိုင်ငံ၊ အထူးသဖြင့် နယ်စပ်ဒေသရောက် မြန်မာနိုင်ငံသူ/သားများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးလုပ်ငန်းများ၊ ဥပဒေရေးရာ အထောက်အကူပြု လုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများနှင့် အခြားသော လူမှုအကျိုးပြုလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လုပ်ငန်း များအား အများပြည်သူပိုမိုသိရှိလာနိုင်စေရေးအတွက် ပွင့်သစ်ဝေအဖွဲ့အစည်း၏ ပြန်ကြား ဆက်သွယ်ရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဦးစီးဆောင်ရွက် ကူညီပေးနိုင်ရန်အတွက် လုပ်ငန်းအတွေ့အကြုံရှိ ဆက်သွယ်ရေး တာဝန်ခံရာထူးအတွက် လျှောက်လွှာများ ခေါ်ယူလျက်ရှိပါသည်။ ရာထူး ပြန်ကြားဆက်သွယ်ရေးတာဝန်ခံ လျှောက်လွှာလက်ခံမည့်ကာလ (၀၃.၀၇.၂၀၂၆ မှ ၁၀.၀၇.၂၀၂၆) အထိ စီမံကိန်းကာလ ဇူလိုင် ၂၀၂၆ မှ ဇွန် ၂၀၂၇ အထိ နေရာ မဲဆောက် အစမ်းခန့်ကာလ ၃လ ပုံမှန်လစာ […]
စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၂၂) အတွက် သင်တန်းသားခေါ်ယူခြင်း

မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ အပတ်စဉ် (၂၂) သင်တန်းကို လာမည့် ( ဩဂုတ်လ ၃ရက် မှ ဩဂုတ်လ ၂၇ ရက် ၂၀၂၆ ခုနှစ် ) အထိ သင်တန်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေးလုပ်ငန်းအား စိတ်ပါဝင်စားစွာ သင်ယူလုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ် ပါသည်။ ကောက်ရိုးမှိုစိုက်ပျိုးနည်းအပြင် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဗူး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်၊ ခရမ်းသီး ၊ ငရုတ်သီး၊ ကျောက်ဖရုံသီး၊ ရွှေဖရုံသီး နှင့် သခွားသီး အစရှိသည်တို့ကို လက်တွေ့သင်ကြား ပေးသွားမည်အပြင် မြေဩဇာအကြောင်း၊ ပိုးမွှားရောဂါများအကြောင်းနှင့် […]
၂၀၂၆ ခုနှစ် (ဇူလိုင်လ) အတွင်း ဇူလိုင် နှင့် ဩဂုတ် (၂) လစာ အတွက် (လူသစ်များ) ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

Date – 02-July-2026 မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ Blossom Future (ပွင့်သစ်ဝေ) တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ – မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်းသူများ ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိသူများ) ၊ အသက် (၆၀) အထက်ပုဂ္ဂိုလ်များ (ကျောထောက် နောက်ခံသား/ သမီး မရှိသူများ) လျှောက်ထား နိုင်ပါသည်။ အထက်ပါ အချက်များအတွက် သက်ဆိုင်ရာ အထောက်အထားပြရန်လိုအပ်ပါသည်။ အောက်ပါပုဂ္ဂိုလ်များ အပါအဝင် ဒီမိုကရေစီ အင်အားစုများသည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။ ၁။ အရပ်သား CDM များ […]
𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) အရေးပေါ်စားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

Blossom Future (ပွင့်သစ်ဝေ) ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဇွန်လအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ ● ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ အရေးပေါ်ရိက္ခာ ရရှိမည်ဖြစ်ပါသည် ။ (လစဉ် ရနိုင်မည်မဟုတ်ပါ) ။ ● ယခုအစီအစဉ်တွင် ပြည်တွင်းမှ မဲဆောက်သို့ လတ်တလောရောက်ရှိလာသူ မည်သူမဆို စားနပ်ရိက္ခာ ပြတ်လပ်နေပါက လျှောက်ထားနိုင်ပါသည်။ ● ရွေးချယ်ခံရသူများကို အကြောင်းကြားပေးသွားမည်ဖြစ်ပြီး နောက်အကျဆုံး တစ်ပတ်အတွင်း ရိက္ခာမျှဝေ ပေးသွားမည်ဖြစ်ပါသည်။ ● ရွေးချယ်ခြင်းမခံရသူများကို အချိန်အခက်အခဲများကြောင့် တစ်ဦးချင်းစီအား ပြန်လည်ဆက်သွယ် အကြောင်းပြန်ပေးနိုင်မည် မဟုတ်ကြောင်း ကြိုတင်အသိပေးလိုပါသည်။ ● […]
ထိုင်း–မြန်မာ ဘာသာပြန် (𝐓𝐡𝐚𝐢 – 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐫𝐚𝐧𝐬𝐥𝐚𝐭𝐨𝐫/𝐈𝐧𝐭𝐞𝐫𝐩𝐫𝐞𝐭𝐞𝐫) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူခြင်း

ထိုင်း–မြန်မာ ဘာသာပြန် (Thai – Myanmar Translator/Interpreter) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူခြင်း ++++++++++++++++++++++ Blossom Future (ပွင့်သစ်ဝေ) သည် ထိုင်းနိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိသော မြန်မာပြည်သူ/ ပြည်သားများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပံ့ပိုးဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ထိုင်းနိုင်ငံအတွင်း ပြုလုပ်သည့် အစည်းအဝေးများ၊ ဥပဒေရေးရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် မြန်မာဘာသာ ထိုင်းဘာသာကို တိကျကျွမ်းကျင်စွာ ဘာသာပြန်ဆိုပေးနိုင်မည့် Thai Translator ရာထူးအတွက် လျှောက်လွှာများကို ဖိတ်ခေါ်အပ်ပါသည်။ ရာထူး Thai Translator လျှောက်လွှာလက်ခံမည့်ကာလ ၃၀.၀၆.၂၀၂၆ မှ ၁၀.၀၇.၂၀၂၆ အထိ နေရာ မဲဆောက် အစမ်းခန့်ကာလ ၃လ ပုံမှန်လစာ ၁၂,၀၀၀ ဘတ် […]