လက်တွဲညီညီ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် စာနာနားလည်မှုရှိသော လူမှုအသိုက်အဝန်းဆီသို့

ရက်စွဲ။ ။၁၁ ရက်၊ ဇူလိုင်လ ၊ ၂၀၂၆ ခုနှစ် (စနေနေ့)

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အတွင်း အတူတကွနေထိုင်ကြသော ထိုင်းနှင့် မြန်မာပြည်သူများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် ယုံကြည်မှုများ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်၍ Blossom Future (ပွင့်သစ်ဝေ)အဖွဲ့၏ 𝗙𝗼𝘂𝗻𝗱𝗲𝗿 ဒေါက်တာစန်းအောင် မှဦးဆောင်ပြီး လူမှုအကျိုးပြု သန့်ရှင်းရေးလှုပ်ရှားမှုကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးလှုပ်ရှားမှုတွင် 𝗧𝗵𝗮𝗶-𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗙𝗿𝗶𝗲𝗻𝗱𝘀𝗵𝗶𝗽 𝗠𝗮𝗲𝘀𝗼𝘁 အဖွဲ့ ၊ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ) အဖွဲ့ ၊ 𝗢𝘃𝗲𝗿𝘀𝗲𝗮𝘀 𝗜𝗿𝗿𝗮𝘄𝗮𝗱𝗱𝘆 𝗔𝘀𝘀𝗼𝗰𝗶𝗮𝘁𝗶𝗼𝗻-𝗢𝗜𝗔 အဖွဲ့ ၊ 𝗘𝗾𝘂𝗮𝗹 𝗠𝗼𝘃𝗲 𝗗𝗶𝘀𝗮𝗯𝗶𝗹𝗶𝘁𝘆 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 (𝗘𝗠𝗗𝗖) အဖွဲ့များမှ စေတနာ သန့်ရှင်းရေးလုပ်အားပေးသူများက တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြသည်။ ဤလှုပ်ရှားမှုသည် ပတ်ဝန်းကျင်သန့်ရှင်းရေးကို စုပေါင်းဆောင်ရွက်ခြင်းဖြင့် သက်ဆိုင်ရာ လူမှုအသိုင်းအဝန်းများအကြား အပြန်အလှန်နားလည်မှု ပိုမိုကောင်းမွန်လာပြီး၊ လူမှုဆက်ဆံရေးများ တိုးတက်ကောင်းမွန်လာစေခြင်းဖြင့် အားလုံးပါဝင်နိုင်ပြီး ငြိမ်းချမ်းသာယာသော လူမှုအသိုင်းအဝန်းတစ်ခုကို တည်ဆောက်သွားနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!