Blossom Future (ပွင့်သစ်ဝေ) မှ ထိခိုက်လွယ်သော အမျိုးသမီးများအတွက် ယာယီနေရာထိုင်ခင်း ထောက်ပံ့ခြင်းအစီအစဉ်
+++++++++++++++++++++++++++
Blossom Future (ပွင့်သစ်ဝေ) သည် ထိုင်းနိုင်ငံ၊ မဲဆောက်သို့ တိမ်းရှောင်ရောက်ရှိလာကြသော မြန်မာပြည်သူများအတွက် ယာယီနေရာထိုင်ခင်းများအား ၂၀၂၁ခုနှစ်မှ ဧပြီလမှစတင်၍ ထောက်ပံ့ကူညီ ပေးလျှက် ရှိပါသည်။
ယခုအခါ Blossom Future (ပွင့်သစ်ဝေ) ၏ ယာယီနေရာထိုင်ခင်းများတွင် အမျိုးသမီးသီးသန့် နေထိုင်ခွင့်များ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။
အထူးသဖြင့် _
❖ အကြမ်းဖက်ခံရသော အမျိုးသမီးများ၊
❖ တစ်ကိုယ်တည်း မိခင်များ
❖ မှီခိုရာမဲ့ အမျိုးသမီးများ
❖ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းချက်ရှိသော အမျိုးသမီးများ
❖ စားဝတ်နေရေး ခက်ခဲလျက်ရှိသော အမျိုးသမီးများအား ဦးစားပေးရွေးချယ် နေထိုင်ခွင့်ပြုသွားမည် ဖြစ်ပါသည်။
အမျိုးသမီးဆောင် တစ်ခန်းလျှင် (၄) ဦးစီ အတူနေထိုင်ရမည်ဖြစ်ပါသည်။
မိသားစုများအနေနှင့်မူ သီးသန့်အခန်းများ ရရှိနိုင်ရန် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါမည်။
ယာယီနေရာထိုင်ခင်းတွင် နေထိုင်ခွင့်ပြုပေးနိုင်သော ကာလမှာ project ပြီးဆုံးမည့် ၂၀၂၇ ခုနှစ် ဧပြီလ (၃၀) ရက်နေ့ထိ ဖြစ်ပါသည်။
ယာယီနေရာထိုင်ခင်းတွင် နေထိုင်စဉ်ကာလအတွင်း –
❖ နေရာထိုင်ခင်း၊ ရေ၊ လျှပ်စစ်မီတာနှင့် Wifi များ နေထိုင်စဉ်ကာလတလျှောက် အခမဲ့ အသုံးပြုနိုင်ခြင်း
❖ အခြေခံလူသုံးကုန်ပစည်းများ ဝယ်ယူနိုင်ရန်အတွက် လစဉ် (၈၀၀) ဘတ် ထောက်ပံ့ပေးခြင်း
❖ အထောက်အထားမရှိသော အမျိုးသမီးများအတွက် Work Permit (ပန်းရောင်ကဒ်) ထောက်ပံ့ပေးခြင်း
(အစိုးရမှ တရားဝင်ဖွင့်လှစ်သည့်ကာလအတွင်း နေထိုင်ခွင့်ရရှိသူများအတွက်သာ)
❖ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ဖျာများ ထောက်ပံ့ပေးခြင်း
❖ မီးဖိုချောင်သုံးပစ္စည်းများ ထောက်ပံ့ပေးခြင်း
❖ လစဉ်အိမ်အသုံးအဆောင်ပစ္စည်းများနှင့် အိမ်တွင်းပရိဘောဂများ ဖြစ်သော ရေခဲသေတ္တာ၊ ပန်ကာ၊ စားပွဲ၊ ကုလားထိုင် စသည်တို့ ပံ့ပိုးပေးခြင်း
❖ သွားလာရေးအတွက် စက်ဘီး၊ ဆိုင်ကယ်၊ ကားများကို လိုအပ်သလို အသုံးပြုခွင့်နှင့် လိုက်လံပို့ဆောင်ပေးခြင်းများ
❖ အရေးပေါ်ဆေးကုသမှု / ပုံမှန်ဆေးကုသမှုများ ဆောင်ရွက်ပေးခြင်း
❖ အသိပညာတိုးပွားစေရန် စာကြည့်တိုက် ဖွင့်လှစ်ပေးထားခြင်း
❖ ကလေးငယ်များအတွက် ကစားကွင်း စီစဉ်ပေးထားခြင်း
❖ အရေးပေါ်စားနပ်ရိက္ခာနှင့် အခြေခံစားနပ်ရိက္ခာများအား လစဉ်ထောက်ပံ့ကူညီပေးခြင်း
(မိမိကိုယ်တိုင် လျှောက်ထားရမည်)။
ထို့အပြင် Blossom Future မှ လက်ရှိဖွင့်လှစ်သင်ကြားလျက်ရှိသော –
❖ ထိုင်းဘာသာစကားသင်တန်း
❖ အခြေခံကွန်ပျူတာသင်တန်း
❖ Canva Pro သင်တန်း
❖ Digital Security သင်တန်း
❖ လူ့အခွင့်အရေးသင်တန်း
❖ စိတ်ခွန်အားမြှင့်တင်ရေးသင်တန်း
❖ ကျန်းမာရေးအသိပညာပေးသင်တန်း
❖ ထိုင်းအလုပ်သမားဥပဒေနှင့် ထိုင်းယဉ်ကျေးမှုသင်တန်း
❖ အခြေခံမော်တာစက်ချုပ်သင်တန်း
❖ စိုက်ပျိုးရေးသင်တန်းများကိုလည်း လစဉ် အခမဲ့ သင်ကြားပေးလျက်ရှိပါသည်။
ယာယီနေရာထိုင်ခင်းများတွင် နေထိုင်သူ တစ်ဦးချင်း၏ လိုအပ်ချက်များအား အသေးစိတ်စုံစမ်းမေးမြန်းပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါသည်။
လျှောက်ထားသူများသည် –
❖ အရက်သေစာနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းမရှိသူ
❖ အကျင့်စာရိတ္တကောင်းမွန်သူ
❖ လူအများနှင့် သင့်တင့်မျှတစွာ နေထိုင်နိုင်သူ ဖြစ်ရပါမည်။
အထက်ပါအချက်များ နှင့် ကိုက်ညီပြီး မိမိ၏ လျှောက်ထားမှုအပေါ် ထောက်ခံပေးနိုင်မည့် ပုဂ္ဂိုလ်(၂)ဦးရှိပါကBlossom Future (ပွင့်သစ်ဝေ)၏ အမျိုးသမီးသီးသန့် ယာယီနေရာထိုင်ခင်း တာဝန်ခံ မယဉ်မွန် ဖုန်းနံပါတ် / Signal – +66 970207343, +66 967656387 နံပါတ်သို့ တနင်္လာနေ့ မှ သောကြာနေ့အထိ နံနက် (၉:၀၀) နာရီမှ ညနေ (၅:၃၀) နာရီအတွင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။
