𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ၏ ယာယီနေရာထိုင်ခင်းအစီအစဉ်

Blossom Future (ပွင့်သစ်ဝေ) သည် (၂၀၂၁) ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများအပါအဝင် မဲဆောက်သို့တိမ်း ရှောင်ရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန် ယာယီနေရာထိုင်ခင်းများကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။

Blossom Future (ပွင့်သစ်ဝေ) ၏ ယာယီနေရာထိုင်ခင်းများတွင်

● အမျိုးသမီးသီးသန့်

● အမျိုးသားသီးသန့် နှင့်

● မိသားစု စသဖြင့်

ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင်ရမည်ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အ ခန်းများရရှိနိုင်ရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါမည်။

ယာယီနေရာထိုင်ခင်းတွင် ကူညီပေးနိုင်သောနေထိုင်ခွင့် အနည်းဆုံးကာလမှာ (၃)လဖြစ်ပြီး ထို (၃)လစာအတွက် အိမ်လစာ၊ ရေ၊ လျှပ် စစ်မီတာခ နှင့် 𝗪𝗶𝗳𝗶 ကုန်ကျစရိတ်များအား Blossom Future (ပွင့်သစ်ဝေ)မှ ပေးဆောင်ပေးမည် ဖြစ်ပါသည်။

ယာယီနေရာထိုင်ခင်းတွင် နေထိုင်စဉ်ကာလအတွင်း

● စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ဖျာများ၊

● မီးဖိုချောင်သုံးပစ္စည်းများ၊

● လစဉ်အိမ်အသုံးအဆောင် ပစ္စည်းများ၊ အိမ်တွင်းပရိဘောဂများဖြစ်သော ရေခဲသေတ္တာ၊ ပန်ကာ၊ စားပွဲ၊ ကုလားထိုင်အစရှိသည်များပံ ပိုးကူညီပေးထားသည့်အပြင် သွားလာရေးအတွက်

● စက်ဘီး

● ဆိုင်ကယ်

● ကားများကို လိုအပ်သလိုအသုံးပြုခွင့်နှင့် လိုက်လံပို့ဆောင်ပေးလျက် ရှိပါသည်။

ထို့အပြင် ယာယီနေရာထိုင်ခင်းများတွင် နေထိုင်သောမိသားစုများအတွက်

အရေးပေါ်စားနပ်ရိက္ခာနှင့် အခြေခံစားနပ်ရိက္ခာများအား လစဉ်ထောက်ပံ့ကူညီခြင်း၊ (မိမိကိုယ်တိုင်လျောက်ထားရပါမည်)

● အရေးပေါ်ဆေးကုသမှု / ပုံမှန်ဆေးကုသမှုများလုပ်ဆောင်ပေးခြင်း၊

● အသိပညာအတွက် စာကြည့်တိုက်ဖွင့်လှစ်ပေးထားခြင်း

● ကလေးငယ်များအတွက် ကစားကွင်းပြုလုပ်ပေးထားသည့်အပြင် သင်တန်းများဖြစ်သော

● ထိုင်းစာသင်တန်း၊

● အခြေခံကွန်ပျူတာသင်တန်း၊

● Canva Pro သင်တန်း၊

● Digital Security သင်တန်း၊

● လူ့အခွင့်အရေးသင်တန်း၊

● စိတ်ခွန်အားမြှင့်တင်ရေး သင်တန်း၊

● ကျန်းမာရေးအသိပညာပေးသင်တန်း၊

● ထိုင်းအလုပ်သမားဥပဒေများ နှင့် ထိုင်းယဉ်ကျေးမှုသင်တန်း

● အခြေခံမော်တာစက်ချုပ်သင်တန်းနှင့်

● စိုက်ပျိုးရေးသင်တန်းများကိုလည်း လစဉ်အခမဲ့သင်ကြားပေးနေပါသည်။

နေထိုင်စဉ်ကာလအတွင်း

———————–

● ကျောင်းနေအရွယ် ကလေးအယောက် (၃၀)အတွက် ကျောင်းအပ်စရိတ်များ၊ ကျောင်းလခများ၊ တူညီဝတ်စုံများနှင့် ကျောင်းကားခများလည်း အခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။

● နေထိုင်သူ မိသားစု (၁၀)စုစာ အတွက် အသေးစားလုပ်ငန်း လုပ်ဆောင်နိုင်ရန်အတွက် ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

● နေထိုင်သူများအား အလုပ်အကိုင်ရှာဖွေပေးသွားမည်။ အလုပ်အကိုင်ဝင်သွားသူများအား ရေရှည်အလုပ်ခွင်တွင် အဆင်ပြေစေရန် အတွက် လူဦးရေ (၄၀)စာအတွက် အလုပ်လုပ်ရက် (၂၀) ပြည့်ပါက ထောက်ပံ့ကြေးပေးအပ်သွားမည်ဖြစ်သည်။

● နေထိုင်သူများနေထိုင်ခွင့်ပြည့်၍ ယာယီနေရာထိုင်ခင်းမှထွက်ခွာပါက ငွေကြေးအင်မတန်ခက်ခဲသော မိသားစု (၂၈) စုအား အိမ်ငှားခစပေါ်ငွေအဖြစ် ထောက်ပံ့ကြေးပေးအပ်သွားမည် ဖြစ်ပါသည်။

မှတ်ချက်။ ။ အထက်ဖော်ပြပါ ထောက်ပံ့မှုများသည် ကန့်သတ်အရေအတွက်သာ ရှိသည်ဖြစ်သောကြောင့် အရေအတွက်ပြည့်သွားပါက ဆက်လက်ထောက်ပံ့မည် မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

ယာယီနေရာထိုင်ခင်းများတွင် နေထိုင်သူတစ်ဦးချင်း၏ လိုအပ်ချက်များကို အသေးစိတ်စုံစမ်းမေးမြန်းပြီး အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမည်ဖြစ်ပါသည်။ Blossom Future (ပွင့်သစ်ဝေ)၏ ယာယီနေရာထိုင်ခင်းများတွင် နေထိုင်ခွင့်အတွက် လျှောက်ထားသူများအနက် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအား ဦးစားပေးမည်ဖြစ်ပြီး ပြည်တွင်းမှ စစ်မှုထမ်းရှောင်လာကြသူများ၊ စစ်ရှောင်ပုဂ္ဂိုလ်များအားလည်း ထည့်သွင်းစဉ်းစားပေးမည် ဖြစ်ပါသည်။

လျှောက်ထားသူများသည် အရက်သေစာ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းမရှိ၊ အကျင့်စာရိတ္တကောင်းမွန်ပြီး လူအများနှင့် သင့်တင့်မျှတစွာ နေနိုင်သူ ဖြစ်ရပါမည်။ အထက်ပါအချက်နှင့် ကိုက်ညီပြီး ထောက်ခံပေးမည့် ပုဂ္ဂိုလ် (၂) ဦးရှိပါက Blossom Future (ပွင့်သစ်ဝေ) ၏ ယာယီ နေရာထိုင်ခင်း လျှောက်ထားခြင်း ဆိုင်ရာဖုန်း၏ 𝐒𝐢𝐠𝐧𝐚𝐥 နံပါတ် +𝟲𝟲𝟵𝟰𝟳𝟴𝟰𝟭𝟵𝟲𝟳 သို့ တနင်္လာမှ သောကြာနေ့ များတွင် မနက် (၉) နာရီမှ ညနေ (၅) နာရီခွဲအတွင်း ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။

#BlossomFuture

#ပွင့်သစ်ဝေ

𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗠𝗮𝗻𝗮𝗴𝗲𝗿

+𝟲𝟲𝟵𝟰𝟳𝟴𝟰𝟭𝟵𝟲𝟳

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!