မင်္ဂလာပါ၊ Blossom Future (ပွင့်သစ်ဝေ)မှ နှုတ်ခွန်းဆက်သလိုက်ပါသည်။
Blossom Future (ပွင့်သစ်ဝေ)မှ ထိုင်းနိုင်ငံမဲဆောက်မြို့အတွင်း ပြောင်းရွှေ့နေထိုင်နေကြသူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုလုပ်ငန်းများအား ကြိုးစားအားထုတ်လျှက်ရှိရာ ယခု အခါ အသက်မွေးဝမ်းကြောင်းကဏ္ဍတစ်ခုအနေဖြင့် အသေးစားမွေးမြူရေးဆိုင်ရာ ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်အား ထပ်မံ၍အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိမိတို့ နေအိမ်၊ခြံဝင်း၊ မြေနေရာအတွင်း တနိုင်တပိုင်မွေးမြူရေးလုပ်ငန်း အသေးစား လုပ်ငန်းလုပ်ကိုင်ရန် စိတ်ဝင်စားသူများအနေဖြင့် ယခုထောက်ပံ့ခြင်းအစီအစဉ်တွင် ပါဝင်နိုင်ရန် သတင်း ကောင်းပါးအပ်ပါသည်။
အစီအစဉ်အကြောင်းအရာ
—————————
လုပ်ငန်းစဉ်ကာလ
၉ လ (၂၀၂၆ ခုနှစ် ဇူလိုင်လ မှ ၂၀၂၇ မတ်လအထိ)
လျှောက်ထားနိုင်သော ဧရိယာနှင့် လက်ခံမည့် အိမ်ထောင်စုအရေအတွက်
—————————————————————
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အနီးတဝိုက်၌ နေထိုင်သည့် မြန်မာနိုင်ငံသား အိမ်ထောင်စု ၁၀၅၅ အတွက်
(လုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်သည့် ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် မဲဆောက်အနီးတဝိုက်ရှိ မြန်မာနိုင်ငံသားများအတွက်သာ ထောက်ပံ့ပေးနိုင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။)
ထောက်ပံ့ပေးမည့်အမျိုးအစား
—————————–
ကြက်မွေးမြူရေး
တအိမ်ထောင်လျှင် ဒေသကြက် (၄) ကောင်နှုန်းဖြင့် (အိမ်ထောင်စု 400 အတွက် )
(သို့မဟုတ်)
ဆိတ်မွေးမြူရေး
တအိမ်ထောင်လျှင် တစ်ကောင်နှုန်းဖြင့် (အိမ်ထောင်စု 410 အတွက်)
(သို့မဟုတ်)
ဝက်မွေးမြူရေး
တအိမ်ထောင်လျှင် တစ်ကောင်နှုန်းဖြင့် (အိမ်ထောင်စု 245 အတွက်)
အထက်ဖော်ပြပါ ထောက်ပံ့မှုအတွက် Blossom Future (ပွင့်သစ်ဝေ) မှ
လျှောက်လွှာလျှောက်ထားလာသော မိသားစုဝင်များထဲမှ ရွေးချယ်ခံရသော မိသားစုဝင်များ၏ လုပ်ကိုင်မည့် တည်နေရာအရောက် ထောက်ပံ့မည့် မွေးမြူရေးတိရစ္ဆာန်များအား ပို့ဆောင်ပေးခြင်း နှင့် အပြီးအပိုင်ပေးအပ်ခြင်း။
မွေမြူရေးပညာရှင်မှ အိမ်တိုင် ရာရောက် (လိုအပ်ပါက) သင်ကြားပို့သပေးခြင်း။
မွေမြူရေးပညာရှင်ထံမှ တိရိစ္ဆာန်များ၏ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးပံ့ပို့းပေးခြင်း။
လုပ်ငန်းလုပ်ဆောင်မည့် Project ကာလ ၉ လတာအတွင်း လစဉ်လုပ်ငန်းတိုးတက်မှုများအား လာရောက် စစ်ဆေးပေးခြင်း။
သို့ပါ၍ ဖော်ပြပါ အစီအစဉ်အား အမှန်တကယ်စိတ်ဝင်စားသူများအနေဖြင့် အစီအစဉ်တွင်ပါဝင်နိုင်ရန် အမြန်ဆုံးလျှောက်ထား ပါဝင်နိုင်ပြီဖြစ်ကြောင်း တိုက်တွန်းအပ်ပါသည်။
လျှောက်ထားနိုင်ရန်နည်းလမ်းများ
+++++++++++++++++++++++
နည်းလမ်း (၁) အောက်ဖော်ပြပါ Google Form အားဖြည့်သွင်းလျှောက်ထားခြင်း
လျှောက်ထားနိုင်ရန် 𝗚𝗼𝗼𝗴𝗹𝗲 𝗙𝗼𝗿𝗺 𝗟𝗶𝗻𝗸 https://forms.gle/mc8WG253rsQbzB9H9
( သို့မဟုတ် )
နည်းလမ်း (၂) အစီအစဉ်နှင့်ပက်သက်၍ Google Form လျှောက်လွှာမဖြည့်သွင်းတတ်ခြင်း၊ မရှင်းလင်းသည်များ နှင့် မေးမြန်လိုသည်များ ရှိပါက လုပ်ငန်းစဉ် တာဝန်ခံထံ နေ့စဉ် တနင်္လာနေ့မှ၊ သောကြာနေ့ နံနက် (၉) နာရီမှ ညနေ (၅) နာရီ အတွင်း တိုက်ရိုက်ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
မှတ်ချက်။ ။ ထောက်ပံ့ပေးသည့်အရေအတွက်အကန့်အသတ်ရှိပါသဖြင့် အမြန်ဆုံးလျှောက်ထားကြနိုင်ရန် ကြိုတင်အသိပေးအပ်ပါသည်။
ဆက်သွယ်ရန်
————-
တာဝန်ခံ ဖုန်းနံပါတ်/𝐒𝐢𝐠𝐧𝐚𝐥 နံပါတ် –
+66635804509/ +66945595084
Email – livestockpo.blossomfuture@gmail.com/ livestockapo.blosssomfuture@gmail.com
