မြန်မာပြည်သူ/သားများလူ့အခွင့်အရေးဆုံးရှုံးခဲ့ရသည့် ရက် (၁၀၀၀) ပြည့်အခမ်းအနားကျင်းပ

နို၀င်ဘာလ (၅) ရက်၊ ၂၀၂၃ ခုနှစ်တွင် မြန်မာပြည်သူ/သားများ လူ့အခွင့်အရေးဆုံးရှုံးခဲ့ရသည့် ရက် (၁၀၀၀) ပြည့် အခမ်းအနားအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာဆန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးဖိတ်ကြားထားသူအသီးသီးများမှလည်း အမှာစကားများနှင့် မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းမှစ၍ မြန်မာပြည်သူ/သားများ၏ လူ့အခွင့်အရေးများ မည်သို့မည်ပုံဆုံးရှုံးခဲ့ရသည်တို့ကို အကျယ်တဝင့် ပြောကြားပေးခဲ့ကြပါသည်။ ထို့နောက် လူ့အခွင့်အရေးနှင့်ပတ်သက်သော နိုင်ငံသားတိုင်းသိရှိရန်လိုအပ်သည့် အကြောင်းအရာများပါဝင်သော လက်ကမ်းစာစောင်များကိုလည်းပေးဝေခဲ့ကာ အခမ်းအနားသို့တက်ရောက်လာသူများအား နေ့လည်စာများဖြင့်တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားကိုအောင် မြင်စွာရုတ်သိမ်းခဲ့ပါသည်။
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐓𝐞𝐥𝐞𝐡𝐞𝐚𝐥𝐭𝐡 အစီအစဉ်မှ 𝐎𝐜𝐭𝐨𝐛𝐞𝐫 𝟐𝟎𝟐𝟑 လအတွင်းကူညီမှုများ

New Myanmar Foundation ၏ နယူးမြန်မာတယ်လီကျန်းမာအစီအစဉ်ကို ဇွန်လ (၁) မှစတင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်လှစ်ခဲ့ရသော ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်ခိုလှုံလာကြသည့်သိန်းနှင့်ချီသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေးရန် ဖြစ်ပါ သည်။ ၎င်းတို့အနေဖြင့် ကျန်းမာရေးချို့တဲ့မှုများ၊ အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့လာသည့်အခါတွင် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိင်ရန်အတွက် အခက်အခဲအဟန့်အတားများစွာ ကြုံတွေ့ရပါသည်။ ဘာသာစကားအခက်အခဲ၊ သွားလာရေးအခက်အခဲ၊ ငွေကြေးချို့တဲ့မှု၊ သတင်းအချက်အလက်ချို့တဲ့မှုနှင့် အဖမ်းအဆီးခံရနိုင်သည့် အခြေအနေများအပါအဝင် များစွာသောအ တားအဆီးများ ရှိနေပါသည်။ ၎င်းအခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် Tele Health (တယ်လီဖုန်းဖြင့် Telegram Application သုံးကာ လူနာအား ကြည့်ရှုစစ်ဆေးကာ အကြံဉာဏ်ပေးခြင်းနှင့် ဖြစ်နိုင်ပါကကုသမှုပေးခြင်း) အစီအစဉ်ကို ဇွန်လ (၁) ရက် […]
မယ်ကုရှိစက်ရုံတစ်ရုံတွင်ပွိုင့်စားမဟုတ်ဘဲနေ့စားဖြင့်အလုပ်လုပ်ရန် မိန်းကလေးဝန်ထမ်းများအလုပ်ခေါ်ယူခြင်း

(စက်ရုံမှ နေစရာ မစီစဉ်ပေးပါ။ မိမိအစီအစဉ်ဖြင့်သာ အပြင်တွင်အိမ်ဌားနေရမည်။) ပုံမှန်အလုပ်ချိန် – တစ်ပတ်လျှင် (၆) ရက် ၊ မနက် (၈)နာရီ မှ ညနေ (၅)နာရီထိ။ အလုပ်ပိတ်ရက် – တနင်္ဂနွေ။ တစ်နေ့လုပ်အားခ – ထိုင်းဘတ် (၃၃၂) ဘတ်။ အချိန်ပိုကြေး – တစ်နာရီလျှင် ထိုင်းဘတ် (၆၂) ဘတ်။ စက်ရုံသို့ ဝင်ရန် လိုအပ်ချက်များ ၁။ မှတ်ပုံတင်မူရင်း။ ၂။ သန်းခေါင်စာရင်း မိတ္တူ။ ၃။ စက်ရုံ၌အလုပ်လုပ်ရန်အတွက် ပန်းရောင်ကဒ်ပြုလုပ်ရန် လိုအပ်ပါသည်။ ပန်းရောင်ကဒ်ကုန်ကျစရိတ်အား စက်ရုံ၏ စည်းကမ်းအ တိုင်းဝန်ထမ်းမှ ပေးသွင်းရပါမည်။ ၄။ အလုပ်ဝင်ကြေး (စမတ်ကြေး) ထိုင်းဘတ်(၁,၅၀၀) ဘတ်ကိုလည်း ဝန်ထမ်းမှ ပေးသွင်းရပါမည်။ ၅။ […]
အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်အကြောင်းသတင်းစကားပါးခြင်း

မဲဆောက်ရောက် ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ ။ အခြေခံစားနပ်ရိက္ခာများကို တစ်လလျှင်တစ်ဦး (၂၅၀) ဘတ်နှုန်းဖြင့်ထောက်ပံ့နေပါသည် ။ အဆင်ပြေချောမွေ့စေရန် အောက်ပါတို့ကို ရှင်းလင်းအကြောင်းကြားအပ်ပါသည်။ New Myanmar Foundation တွင် ရိက္ခာလျှောက်ထားနိုင်သူများမှာ — ၁။ (မဲဆောက်ရောက် ဒီမိုကရေစီအင်အားစုများထဲမှ) မိသားစုဝင်ငွေမရှိသူ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မသန်စွမ်းသူများ၊ နာမကျန်းသူများ၊ မိဘမဲ့ကလေးများ (အုပ်ထိန်းသူမရှိသူများ)၊ အသက် (၆၀) အထက်ပုဂ္ဂိုလ်များ (ကျောထောက်နောက်ခံသား/သမီး မရှိသူများ) လျှောက်ထားနိုင်ပါသည်။ ၂။ အထောက်အပံ့ရနေသည့် စစ်/ရဲ CDM များနှင့် ၎င်းတို့မိသားစုများ လျှောက်ထား၍မရပါ။ ၃။ အရပ်သား CDM များလည်း လျှောက်ထား၍ မရပါ။ သို့သော် ၎င်းတို့မိသားစုများ လျှောက်ထားနိုင်ပါသည်။ ၄။ အဖွဲ့အစည်း (၂) ခုတွင် တစ်ပြိုင်နက်တည်း ရိက္ခာလျှောက်ထား၍ […]
အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၃၄) သင်တန်းဖွင့်ပွဲ

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာ နေ/စား စရိတ်ငြိမ်း “အခမဲ့အခြေခံမော်တာစက်နင်းစက်ချုပ်သင်တန်း” အပတ်စဉ် (၃၄) ကို (၁-၁၁-၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာပထမ သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ မိမိတို့၏နိုင်ငံအရေးများတွင် တစ်ဖက်တစ်လမ်း ပါဝင်ကူညီခဲ့ကြရင်း အခုလိုဆုံတွေ့ခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊ New Myanmar Foundation ဘက်မှလည်း လေးစားစွာ ကူညီပေးသွားမည်ဖြစ်ကြောင်း၊ စက်ချုပ်ပညာသည် မည်သည့်ဒေသနေရာတွင်မဆို အသုံးပြုနိုင်သော ပညာရပ်တစ်ခုဖြစ်သောကြောင့် စနစ်တကျအားစိုက်ပြီး လေ့လာသင်ယူကြရန် တိုက်တွန်းပါကြောင်း၊ သင်တန်းသူ၊ သင်တန်းသား အချင်းချင်း ရိုင်းပင်းစောင့်ရှောက်ကြရင်း သင်တန်းပြီးမြောက်အောင် သင်ယူကြစေလိုကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများ မဆုတ်မနစ်ကြိုးစားခြင်းဖြင့် မိမိနိုင်ငံအရေးနှင့် မိသားစုအရေးတွင်လည်း စဉ်ဆက်မပြတ် ဂရုစိုက်အားဖြည့်ကြဖို့ တိုက်တွန်းအားပေးပါကြောင်း ပြောကြားခဲ့ပါသည်။ […]
𝐎𝐧𝐥𝐢𝐧𝐞 𝐁𝐚𝐬𝐢𝐜 𝐌𝐢𝐜𝐫𝐨𝐬𝐨𝐟𝐭 𝐄𝐱𝐜𝐞𝐥 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 သင်တန်းအတွက် သင်တန်းသားခေါ်ယူခြင်း

မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် နယူးမြန်မာဖောင်ဒေးရှင်းမှ ဦးစီး၍ ဖွင့်လှစ်မည့် Online Basic Microsoft Excel သင်တန်းအပတ်စဉ် (၁) မှ အပတ်စဉ် (၄) ကို နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။ ယင်းသင်တန်းသို့တက်ရောက်ရန် မဲဆောက်ရောက် ရွှေ့ပြောင်းလုပ်သားများ၊ ဒေသအစုံ/လုပ်ငန်းနယ်ပယ်အစုံမှ ပုဂ္ဂိုလ်များ၊ မိမိပတ် ဝန်းကျင်နှင့်မိတ်ဆွေများသို့ ပြန်လည်မျှဝေပေးရန် ဆန္ဒရှိသူများ၊ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူများ၊ အမျိုးသမီးများ၊ LGBT များ၊ မသန်စွမ်းများ အားလုံးပါဝင်တက်ရောက်ရန် အထူးအလေးပေးဖိတ်ခေါ်အပ်ပါသည်။ ယင်းသင်တန်း အပတ်စဉ် (၁) အတွက်လျှောက်ထားသူများစွာထဲမှ (၃၀) ယောက်အား ရွေးချယ်သင်ကြားပေးမည်ဖြစ်ပါသည်။ အပတ်စဉ် (၁)အတွက် ရွေးချယ်၍ ကျန်ရှိသော သူများထဲမှ အပတ်စဉ် (၂) မှ အပတ်စဉ် (၄) အတွက် ဆက်လက်ရွေးချယ်ပေးသွားမည်ဖြစ်၍ လျှောက်လွှာတင်ထားသောသူများအနေ […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ စီစဉ်သည့် အခမဲ့ အခြေခံမော်တာစက်နင်းစက်ချုပ်သင်တန်း တက်ရောက်နိုင်ရန် သင်တန်းသား၊သင်တန်းသူခေါ်ယူခြင်း။ (နေ/စား စရိတ်ငြိမ်း)

မဲဆောက်မြို့သို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှမများရှင်….. New Myanmar Foundation အနေဖြင့် မဲဆောက်ရောက် မြန်မာနိုင်ငံသား ဒီမိုကရေစီအင်အားစုများ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ရည်ရွယ်လျက် (၁၀)ရက်ကြာ နေ/စား စရိတ်ငြိမ်း “အခမဲ့ အခြေခံ မော်တာစက်နင်းစက်ချုပ်သင်တန်း” ကို နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ အတွင်း သင်တန်း အပတ်စဉ် (၄)ခု ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။ ***သင်တန်းသားများ၏ အကြိုအပို့၊ စားစရိတ်၊ နေရာထိုင်ခင်းများအတွက် သင်တန်းမှ တာဝန်ယူပေးမည် ဖြစ်ပါသည်။*** သင်တန်းအပတ်စဉ် တစ်ကြိမ်လျှင် ထိရောက်သည့်သင်ကြားမှုများ ဆောင်ရွက်ပေးနိုင်ရန် သင်တန်းသား (၁၀) ဦး သာ လက်ခံသင်ကြားပေးသွားမည်ဖြစ်ပါသည်။ လျှောက်ထားသူများထဲမှ သတ်မှတ်စိစစ်ချက်များနှင့်အညီ (၁၀)ဦး အား ကနဦး ရွေးချယ်၍ ကျန်ရှိသူများအား ဆက်လက်ဖွင့်လှစ်မည့် နောက်အပတ်စဉ်များတွင် ရွေးချယ်တက်ရောက်ခွင့် ပေးသွားမည် […]
အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၃၃) သင်တန်းဆင်းပွဲ

New Myanmar Foundation ၏ ၁၆-၁၀-၂၀၂၃ မှ ၂၅-၁၀-၂၀၂၃ ရက်နေ့အထိ (၁၀) ရက်ကြာ ကျင်းပဖွင့်လှစ်သည့် အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်း အပတ်စဉ်-(၃၃) သင်တန်းဆင်းပွဲ ကို (၂၅-၁၀-၂၀၂၃) ရက်နေ့ ညနေ (၄) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Sewing Machine Training Center တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ သင်တန်း အပတ်စဉ် (၃၃)ကို အောင်မြင်ပြီးမြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ၊ သင်တန်းသား (၁၁) ဦးရှိပါသည်။ သင်တန်းဆင်းပွဲတွင် ဦးစွာသင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်းတွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ သင်တန်းသားများ၏ အလုပ် လုပ်ရာတွင် အလေးအနက်ထားတတ်သော စိတ်ဓာတ်များနှင့် ကြိုးစားမှုများအားတွေ့ရသည့်အတွက် ဝမ်းသာပါကြောင်း၊ ရောက်ရှိရာနေရာတိုင်းတွင် ညီရင်းအစ်ကို၊ မောင်ရင်းနှမစိတ်ထားများနှင့် ကူညီစောင့်ရှောက်ရင်း […]
အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်း အပတ်စဥ် (၆) သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

မဲဆောက် နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ နေ့စဉ်ကြုံတွေ့နေရသည့် ထိုင်းဘာသာစကားဆိုင်ရာအခက်အခဲများအား ကူညီပေးနိုင်ရန်ရည်ရွယ်လျက် New Myanmar Foundation မှ အွန်လိုင်း အခြေခံထိုင်းဘာသာစကားပြောသင်တန်း အပတ်စဥ် (၆) ကို နိုဝင်ဘာလ (၁) ရက်၊ ၂၀၂၃ ခုနှစ် (ဗုဒ္ဓဟူးနေ့)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် ထိုင်းဘာသာစကားကို စိတ်ပါဝင်စားသင်ယူလိုသူများ လျှောက်ထားနိုင်ပါသည်။ သင်တန်းကာလကို (၃) လ သတ်မှတ်ထားရှိပြီး အခြေခံအဆင့် ထိုင်းဘာသာစကားပြောသင်တန်းများကို Class A, Class B, Class C နှင့် Class D ဟူ၍ အတန်းခွဲ (၄) ခုခွဲကာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ထိုင်းဘာသာစကား သင်ကြားရေးအတွေ့အကြုံရှိ သင်တန်းဆရာမ (၁) ဦးက သင်ကြားပေးသွားမည်ဖြစ်ပါသည်။ […]
အွန်လိုင်းအင်္ဂလိပ်စကားပြောသင်တန်းအပတ်စဥ်(၆)သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် New Myanmar Foundation မှ ဖွင့်လှစ်ပေးလျက်ရှိသော အွန်လိုင်း အင်္ဂလိပ်စကားပြောသင်တန်း အပတ်စဥ် (၆) ကို နိုဝင်ဘာလ ၁ ရက်၊ ၂၀၂၃ ခုနှစ် (ဗုဒ္ဓဟူးနေ့)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် အင်္ဂလိပ်ဘာသာစကားပြောကို စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါသည်။ သင်တန်းကာလကို (၃) လ သတ်မှတ်ထားရှိပြီး အခြေခံအဆင့် အင်္ဂလိပ်ဘာသာစကားသင်တန်းများကို Foundation Class A နှင့် B ဟူ၍ အတန်းခွဲ နှစ်ခုခွဲထားပေးပါသည်။ အင်္ဂလိပ်ဘာသာစကားသင်တန်း အပတ်စဉ် (၆) ၏ သင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း Zoom Application မှတဆင့် အင်္ဂလိပ်ဘာသာစကား သင်ကြားရေးအတွေ့အကြုံရှိ သင်တန်းဆရာ (၂) ဦးက သင်ကြားပေးသွားမည် ဖြစ်ပါသည်။ တက်ရောက်နိုင်သော […]