အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၃၄) သင်တန်း ဖွင့်ပွဲ

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာ နေ/စား စရိတ်ငြိမ်း “အခမဲ့ အခြေခံ မော်တာစက်နင်းစက်ချုပ်သင်တန်း” အပတ်စဉ်-(၃၄) ကို (၁-၁၁-၂၀၂၃) ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဦးစွာပထမ သင်တန်း တာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက် အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ မိမိတို့၏နိုင်ငံအရေးများတွင် တစ်ဖက်တစ်လမ်း ပါဝင်ကူညီခဲ့ကြရင်း အခုလိုဆုံတွေ့ခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊ New Myanmar Foundation ဘက်မှလည်း လေးစားစွာ ကူညီပေးသွားမည်ဖြစ်ကြောင်း၊ စက်ချုပ်ပညာသည် မည်သည့်ဒေသနေရာတွင်မဆို အသုံးပြုနိုင်သော ပညာရပ်တစ်ခုဖြစ်သောကြောင့် စနစ်တကျ အားစိုက်ပြီး လေ့လာသင်ယူကြရန် တိုက်တွန်းပါကြောင်း၊ သင်တန်းသူ၊သင်တန်းသား အချင်းချင်း ရိုင်းပင်းစောင့်ရှောက်ကြရင်း သင်တန်းပြီးမြောက်အောင် သင်ယူကြစေလိုကြောင်း၊ သင်တန်းသူ၊သင်တန်းသားများ မဆုတ်မနစ်ကြိုးစားခြင်းဖြင့် မိမိနိုင်ငံအရေး နှင့် မိသားစုအရေးတွင်လည်း စဉ်ဆက်မပြတ် ဂရုစိုက်အားဖြည့်ကြဖို့ တိုက်တွန်းအားပေးပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်း တာဝန်ခံ မ‌ဝေဝေမှ အခမဲ့ အခြေခံလျှပ်စစ် မော်တာစက်ချုပ်သင်တန်းသို့ ရောက်ရှိလာကြသော သင်တန်းသူ / သား များအား ဝမ်းသာကြိုဆိုကြောင်း ၊ သင်တန်းသူ၊သင်တန်းသား အချင်းချင်း သင်တန်းကာလတွင် မောင်နှမစိတ်ဓာတ်ဖြင့် ရိုင်းပင်းစောင့်ရှောက်စေလိုကြောင်း၊ New Myanmar Foundation ၏ ကူညီဆောင်ရွက်နေမှုများနှင့် ရယူနိုင်သောအခွင့်အလမ်းများကို Program အလိုက်ရှင်းပြပေးခဲ့ပြီး မိမိလိုအပ်သည့်အချိန်တွင် ဆက်သွယ်အကူအညီ တောင်းနိုင်ပါကြောင်း၊ အချင်းချင်း ဗဟုသုတမျှဝေနိုင်ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ အခြားသောအထောက်အပံ့များ ရယူနိုင်ခွင့်များအတွက် Signal Groupများ ဖွဲ့ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်မှုများနှင့် အကြံပြုလိုသည်များရှိပါက ဆက်သွယ်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြား၍ အခမ်းအနားအား အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

New Myanmar Foundation အနေဖြင့် ယခုဖွင့်လှစ်သည့် (၁၀) ရက်ကြာ နေ/စား စရိတ်ငြိမ်း “အခမဲ့ အခြေခံ မော်တာစက်နင်းစက်ချုပ်သင်တန်း” အပတ်စဉ်-(၃၄) တွင် စက်ချုပ်ပညာရပ်သာမက ထိုင်းနိုင်ငံ၏ အခြေခံအလုပ်သမားအခွင့်အရေး နှင့် အမျိုးသမီးအခွင့်ရေးဆိုင်ရာသင်တန်း၊ အခြေခံလူ့အခွင့်အရေးသင်တန်း၊ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်စွမ်းအား မြှင့်တင်မှု သင်တန်း (Resilience Training) တို့ကို လည်း ဝေမျှပေးသွားမည် ဖြစ်ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!