အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၃၃) သင်တန်းဖွင့်ပွဲ

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာ ဖွင့်လှစ်မည့် အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၃၃) သင်တန်းဖွင့်ပွဲကို (၁၆-၁၀-၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာပထမ သင်တန်းတာဝန်ခံ NLD ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ သင်တန်းသို့ရောက်ရှိလာသူ တစ်ဦးချင်းစီသည် အလုပ်လုပ်မည်ဆိုသောစိတ်ဖြင့် ရောက်ရှိလာကြသောကြောင့် ဝမ်းသာလေးစားရပါကြောင်း၊ စက်ချုပ်ပညာသည် မည်သည့်ဒေသတွင်မဆိုလိုအပ်ပြီး အသုံးပြုနိုင်သော ပညာရပ်တစ်ခုဖြစ်သောကြောင့် စနစ်တကျသင်ယူကြရန် တိုက်တွန်းပါကြောင်း၊ ညီအစ် ကိုမောင်နှမစိတ်ဓာတ်ဖြင့် အချင်းချင်းစောင့်ရှောက်ကြပြီး ရှေ့ဆက်ခရီးအတွက် တိုင်ပင်ခြင်း၊ ဆွေးနွေးခြင်း၊ ခွန်အားပေးခြင်းများပြု လုပ်ရန်အားပေးကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတာဝန်ခံ မ‌ဝေဝေမှ အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်းသို့ ရောက်ရှိလာကြသော သင်တန်းသူ/ သားများအား ကြိုဆိုကြောင်း ၊ New Myanmar Foundation ၏ […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ စီစဉ်သည့် အခမဲ့အခြေခံမော်တာစက်နင်းသင်တန်းတက်ရောက်နိုင်ရန် သင်တန်းသား၊ သင်တန်းသူခေါ်ယူခြင်း

မဲဆောက်မြို့သို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှမများခင်ဗျား….. New Myanmar Foundation အနေဖြင့် မဲဆောက်ရောက် မြန်မာနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ရည်ရွယ်လျက် “အခမဲ့အခြေခံမော်တာစက်နင်းစက်ချုပ်သင်တန်း” ကို နိုဝင်ဘာလ (၁) ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ “အခမဲ့အခြေခံမော်တာစက်နင်းစက်ချုပ်သင်တန်း” ကို လစဉ် (၁ ရက်နေ့) မှ (၁၀ ရက်နေ့) အထိ တစ်ကြိမ်၊ (၁၅ ရက်နေ့) မှ (၂၄ ရက်နေ့) အထိ တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ သင်တန်းအပတ်စဉ် တစ်ကြိမ်လျှင် ထိရောက်သည့်သင်ကြားမှုများ ဆောင်ရွက်ပေးနိုင်ရန် သင်တန်းသား (၁၀) ဦးလက်ခံသင်ကြားပေးသွားမည်ဖြစ်ပါသည်။ လျှောက်ထားသူသင်တန်းသားများအနေ ဖြင့် မိမိလျှောက်ထားသည့်အပတ်စဉ်တစ်ခုတွင် တက်ရောက်ခွင့်မရရှိခဲ့ပါကလည်း နောက်အပတ်စဉ်များတွင် ဆက်လက်တက်ရောက် နိုင်ရန်စီစဉ်ထားပါသည်။ ‌သင်တန်းတက်ရောက်လိုသည့် သင်တန်းသားများအနေဖြင့် အောက်ဖော်ပြပါစည်းကမ်းချက်များကို လိုက်နာ နိုင်ပါက ယခု Google […]

𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐁𝐚𝐭𝐜𝐡-𝟖 အတွက် သင်တန်းသားရွေးချယ်ပြီးစီးကြောင်း အသိပေးအကြောင်းကြားခြင်း

2023 ခုနှစ် အောက်တိုဘာလ 23 ရက်နေ့ မှ 27 ရက်နေ့အထိ ပြုလုပ်သွားမည့် Online Digital Security Training Batch ( 8 ) အတွက် သင်တန်းတက်ရောက်ခွင့် ရထားသူများကို Email မှတဆင့် ဆက်သွယ်အကြောင်းကြားပြီး ဖြစ်ပါသဖြင့် သင်တန်းလျှောက်ထားသူများအနေဖြင့် မိမိတို့၏ အီးမေးလ်ကို စစ်ဆေးကြည့်ရန်အတွက် မေတ္တာရပ်ခံပါသည်။ လူဦးရေ အကန့်အသက်ကြောင့် Selection Criteria နှင့် ညီပြီး ယခု Batch-8 တွင် ရွေးချယ်ခြင်းမခံရသည့် သူများကိုလဲ နောက် သင်တန်းများတွင် ဆက်လက်ရွေးချယ် ပေးသွားပါမည်။ #NewMyanmarFoundation#NMF#Digital_Security Micky IT Support Officer Phone&Signal: +66 838788804 Email: nmf.itofficer@gmail.com

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ 𝐎𝐜𝐭𝐨𝐛𝐞𝐫 အတွက်ရိက္ခာဝေမျှပေးမည့်အကြောင်း သတင်းစကားပါးခြင်း

August 19 မှ September 18 အထိ New Myanmar Foundation တွင် ရိက္ခာလျှောက်ထားသူ (701) ဦးအား (19-10-2023 ) ကြာသပတေးနှင့် (23-9-2023) တနင်္လာ (၂) ရက်တွင် ရိက္ခာဝေမျှပေးမည့် အစီအစဉ်အား ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ ထို့ကြောင့် သတ်မှတ်ရက်များအတွင်း လျှောက်ထားသူများအနေဖြင့် မိမိတို့လျှောက်လွှာတွင် ဖြည့်စွက်ထားခဲ့သော Signal နံပါတ် များသို့ ယနေ့ (18-10-2023 ) တွင် မက်ဆေ့ဝင်/မဝင် သတိပြုကြည့်ရှုနိုင်ရန် ထပ်မံကြေညာပေးခြင်းဖြစ်ပါသည်။ ရိက္ခာဝေမျှပေးရန် ပြင်ဆင်နေပါသဖြင့် ဆရာ/ဆရာမတို့၏ ဖုန်းခေါ်ဆိုမှုများ / Signal မှ စာပို့မှုများကို အကြောင်းပြန်ကြားခြင်း မပြုနိုင်ပါက နားလည်ပေးကြပါရန် ကြိုတင်မေတ္တာရပ်ခံအပ်ပါသည် ။ ဆက်သွယ်မေးမြန်းရန် Hay Mar Basic […]

𝐒𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭 𝐑𝐞𝐠𝐚𝐫𝐝𝐢𝐧𝐠 𝐭𝐡𝐞 𝐌𝐢𝐥𝐢𝐭𝐚𝐫𝐲’𝐬 𝐁𝐥𝐚𝐭𝐚𝐧𝐭 𝐀𝐭𝐭𝐚𝐜𝐤 𝐨𝐧 𝐚𝐧 𝐈𝐃𝐏 𝐂𝐚𝐦𝐩

To the people of Burma, This letter is composed with profound and inconsolable sorrow. At approximately 11:25 PM on October 9th, 2023, the military junta executed a targeted airstrike on an Internally Displaced Persons (IDP) camp in Mon Lai Khet village, Laiza town, Kachin State. This heinous attack resulted in the loss of 50 civilian […]

𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐨𝐫𝐲 𝐒𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭 𝐨𝐧 𝐁𝐞𝐢𝐧𝐠 𝐀𝐰𝐚𝐫𝐝𝐞𝐝 𝐭𝐡𝐞 𝐍𝐨𝐛𝐥𝐞 𝐏𝐞𝐚𝐜𝐞 𝐏𝐫𝐢𝐳𝐞 𝟐𝟎𝟐𝟑

Date: October 9th, 2023 Our heartfelt congratulations are extended to Narges Mohammadi, an imprisoned Iranian women’s rights activist, who has been awarded the 2023 Nobel Peace Prize for her fight against the oppression of women in Iran and for promoting human rights and freedom for all. This prestigious accolade not only recognizes her courage but […]

အီရန်နိုင်ငံမှ အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူ 𝐌𝐫𝐬. 𝐍𝐚𝐫𝐠𝐞𝐬 𝐌𝐨𝐡𝐚𝐦𝐦𝐚𝐝𝐢 ကို (၂၀၂၃) ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ်ရွေးချယ်ခဲ့ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ပြုကြောင်းသဝဏ်လွှာ

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ( ၈ ) ရက်။ အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်နေမှုများကြောင့် ထောင်ဒဏ် (၁၂) နှစ်ကျခံနေရသော အီရန်နိုင်ငံသူ Mrs. Narges Mohammadi အား (၂၀၂၃) ခုနှစ်နိုဘယ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်လိုက်ခြင်းနှင့်ပတ်သတ်၍ မိမိတို့အပါအဝင်မြန်မာပြည်သူပြည် သားများမှ နှစ်ထောင်းအားရ ဝမ်းသာဂုဏ်ယူပါသည်။ ဤကဲ့သို့ချီးမြှင့်ခြင်းသည် ထိုအမျိုးသမီးတစ်ဦးတည်းကိုသာမက အမျိုးသမီးအခွင့်အရေးနှင့် လူ့အခွင့်အရေးများအတွက် တိုက်ပွဲဝင်နေသော မြန်မာပြည်သူများအပါအဝင် ကမ္ဘာပေါ်ရှိပုဂ္ဂိုလ်များအားလုံးကိုအ သိအမှတ်ပြုခြင်း ဖြစ်ပါသည်။ အလားတူပင် (၁၉၉၁) ခုနှစ်တွင် မြန်မာနိုင်ငံ၏လူ့အခွင့်အရေးနှင့် ဒီမိုက‌ရေစီအရေးအတွက် တိုက်ပွဲဝင်လူထုခေါင်းဆောင် ‌ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပေးအပ်ခြင်းခံခဲ့ရပါသည်။ ထိုကဲ့သို့ အပ်နှင်းခြင်းသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတိုက်ပွဲတွင် အဓိကမောင်းနှင်အားတစ်ခုဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီတိုက်ပွဲဝင် ပြည်သူများကို အကာအကွယ်များစွာ ပေးရာရောက်ပါသည်။ […]

အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၃၂) သင်တန်းဆင်းပွဲ

New Myanmar Foundation ၏ ၂၆-၉-၂၀၂၃ မှ ၅-၁၀-၂၀၂၃ ရက်နေ့အထိ (၁၀) ရက်ကြာ ကျင်းပဖွင့်လှစ်သည့် အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၃၂) သင်တန်းဆင်းပွဲကို (၅-၁၀-၂၀၂၃) ရက်နေ့ ညနေ (၄) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Sewing Machine Training Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်း အပတ်စဉ် (၃၂)ကို အောင်မြင်ပြီး‌မြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ (၈)ဦး ရှိပါသည်။ သင်တန်းဆင်းပွဲတွင် ဦးစွာ New Myanmar Foundation ၏ Monitoring and Evaluation Manager ဖြစ်သူ ကိုဝိုင်းချစ်အောင်မှ မိမိတို့အားလုံးသည် ဝင်ငွေရှိမှရပ်တည်နိုင်မည်ဖြစ်သောကြောင့် ယခုလိုဝင်ငွေရရှိမည့် အလုပ်များလုပ်ရန် ပြင်ဆင်ကြိုးစားနေကြတာ တွေ့ရှိသောကြောင့် အားပေးပါကြောင်း၊ အခက်အခဲဟူသည် […]

𝐎𝐧𝐥𝐢𝐧𝐞 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 သင်တန်းအတွက်သင်တန်းသားခေါ်ယူခြင်း

မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် နယူးမြန်မာဖောင်ဒေးရှင်းမှ ဦးစီး၍ဖွင့်လှစ်သည့် ဒီဂျစ်တယ်လုံခြုံရေး သင်တန်းအပတ်စဉ် (၆)ကို စက်တင်ဘာလ (၁၈)ရက်နေ့မှ (၂၂)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းသင်တန်းသို့ တက်ရောက် ရန်ဒေသအစုံ၊ လုပ်ငန်းနယ်ပယ်အစုံမှ ပုဂ္ဂိုလ်များ၊ မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများသို့ ပြန်လည်မျှဝေပေးရန်ဆန္ဒရှိသူများ၊ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူများ၊ အမျိုးသမီးများ၊ LGBTများ၊ မသန်စွမ်းများအားလုံး ပါဝင်တက်ရောက်ရန် အထူးအလေးပေးဖိတ်ခေါ်ခဲ့ပါသည်။ ယင်းသင်တန်း အပတ်စဉ် (၆)အတွက် လျှောက်ထားသူများစွာထဲမှ (၂၅)ယောက်အား ရွေးချယ်သင်ကြားပေးခဲ့ပါသည်။ ရွေးချယ်၍ကျန်ရှိသောသူများထဲမှ ယခုခေါ်ယူမည့် အပတ်စဉ် (၇) အတွက် ဆက်လက်ရွေးချယ်ပေးသွားမည်ဖြစ်၍ လျှောက်လွှာတင်ထားသောသူများအနေဖြင့် မိမိတို့၏ email များအား စောင့်ကြည့်စစ်ဆေးပေးပါရန် လေးစားစွာ အကြောင်းကြားအပ်ပါသည်၊၊ သင်တန်းကာလ- (၅) ရက် သင်တန်းအချိန်- မြန်မာစံတော်ချိန် မနက် (၉) နာရီမှ (၁၂) နာရီအထိ […]

အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

ဆက်သွယ်မေးမြန်းရန်                                                                                                     Hay Mar                                                                                                                                              Basic Food Program Manager                                                                                                            Phone & Signal +66 659252173                                                                        foodprogram.nmf@gmail.com

error: Content is protected !!