မဲဆောက်မြို့သို့ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား ညီအစ်ကိုမောင်နှမများရှင်…..
New Myanmar Foundation အနေဖြင့် မဲဆောက်ရောက် မြန်မာနိုင်ငံသား ဒီမိုကရေစီအင်အားစုများ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ရည်ရွယ်လျက် (၁၀)ရက်ကြာ နေ/စား စရိတ်ငြိမ်း “အခမဲ့ အခြေခံ မော်တာစက်နင်းစက်ချုပ်သင်တန်း” ကို နိုဝင်ဘာလ နှင့် ဒီဇင်ဘာလ အတွင်း သင်တန်း အပတ်စဉ် (၄)ခု ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။
***သင်တန်းသားများ၏ အကြိုအပို့၊ စားစရိတ်၊ နေရာထိုင်ခင်းများအတွက် သင်တန်းမှ တာဝန်ယူပေးမည် ဖြစ်ပါသည်။***
သင်တန်းအပတ်စဉ် တစ်ကြိမ်လျှင် ထိရောက်သည့်သင်ကြားမှုများ ဆောင်ရွက်ပေးနိုင်ရန် သင်တန်းသား (၁၀) ဦး သာ လက်ခံသင်ကြားပေးသွားမည်ဖြစ်ပါသည်။
လျှောက်ထားသူများထဲမှ သတ်မှတ်စိစစ်ချက်များနှင့်အညီ (၁၀)ဦး အား ကနဦး ရွေးချယ်၍ ကျန်ရှိသူများအား ဆက်လက်ဖွင့်လှစ်မည့် နောက်အပတ်စဉ်များတွင် ရွေးချယ်တက်ရောက်ခွင့် ပေးသွားမည် ဖြစ်ကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်၊၊
အပတ်စဉ် (၃၄)
သင်တန်းကာလ- (၁၀) ရက်
သင်တန်းစတင်မည့်ရက် – နိုဝင်ဘာလ (၁) ရက်နေ့ မှ (၁၀) ရက် နေ့ ထိ
အပတ်စဉ် (၃၅)
သင်တန်းကာလ- (၁၀) ရက်
သင်တန်းစတင်မည့်ရက် – နိုဝင်ဘာလ (၁၁) ရက်နေ့ မှ (၂၀) ရက် နေ့ ထိ
အပတ်စဉ် (၃၆)
သင်တန်းကာလ- (၁၀) ရက်
သင်တန်းစတင်မည့်ရက် – နိုဝင်ဘာလ (၂၁) ရက်နေ့ မှ (၃၀) ရက် နေ့ ထိ
အပတ်စဉ် (၃၇)
သင်တန်းကာလ- (၁၀) ရက်
သင်တန်းစတင်မည့်ရက် – ဒီဇင်ဘာလ (၁) ရက် နေ့ မှ ဒီဇင်ဘာလ (၁၀) ရက် နေ့ ထိ
စည်းကမ်းချက်များ
၁။ သင်တန်းကာလ (၁၀) ရက်အတွင်း သင်တန်းကျောင်းတွင် ကျောင်းအိပ်၊ကျောင်းစားနေထိုင်ရမည်။
၂။ သင်တန်းချိန်မှာ နံနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီ ထိဖြစ်ပါသည်။
၃။ သင်တန်းအချိန်ကာလအတွင်း ပြင်ပသို့ ထွက်ခွာခွင့် မပြုပါ။
၄။ သင်တန်းပြင်ပသို့ ထွက်ခွာလိုသည့် ကိစ္စ ၊ အကြောင်းအရာရှိပါက သင်တန်းမှူးထံ ခွင့်ပြုချက်တောင်းခံရမည်။
၅။ သင်တန်းသားအားလုံး သင်တန်းပြီးဆုံးအောင်ထိသင်ယူရမည်။
၆။ သင်တန်းရက်အတွင်း New Myanmar Foundation မှ ပို့ချမည့် ထိုင်းနိုင်ငံ၏ အခြေခံအလုပ်သမားအခွင့်ရေး နှင့် အမျိုးသမီးအခွင့်ရေး သင်တန်းအား နေ့တစ်ပိုင်း တက်ရောက်ရမည်။
၇။ သင်တန်းရက်အတွင်း New Myanmar Foundation မှ ပို့ချမည့် စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်စွမ်းအား မြှင့်တင်မှု သင်တန်း (Resilience Training) အား နေ့တစ်ပိုင်း တက်ရောက်ရမည်။
၈။ လျှောက်ထားသူသည် ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။ (ကူးစက်ရောဂါရှိသူ မဖြစ်ရပါ)
၉။ သင်တန်းသားများတစ်ဦးနှင့်တစ်ဦး လူမျိုး/ကိုးကွယ်ရာဘာသာ/ အသားအရောင်/ ဆင်းရဲချမ်းသာ/ အဆင့်အတန်းမည်သည့်ခွဲခြားဆက်ဆံခြင်းမျိုးမရှိစေဘဲ ကျေးပျူငှာစွာဆက်ဆံရမည်။ ခိုက်ရန်ဖြစ်ပွားခြင်းလုံးဝမပြုလုပ်ရပါ။
၁၀။ သင်တန်းကာလအတွင်း ကလေးသူငယ်၊ အမျိုးသမီး နှင့် လိင်စိတ်ကွဲပြားသူများအပေါ် ကိုယ်၊နှုတ်၊အမူအရာ ဖြင့် ထိပါးနှောက်ယှက်စော်ကားခြင်းလုံးဝ (လုံးဝ) မပြုလုပ်ရပါ ။ကျူးလွန်ပါကသင်တန်းမှခြွင်းချက်မရှိထုတ်ပယ်ပါမည်။
၁၁။ သင်တန်းအောင်မြင်ပြီးဆုံးအောင် တက်ရောက်ပြီးနောက် အလုပ်ခွင်သို့ဝင်ရောက်ပြီး အထည်ချုပ်ပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုမည့်သူများကိုသာ ဦးစားပေးရွေးချယ်သွားမည်ဖြစ်သည်။ အမျိုးသမီး ဦးစားပေးမည်။
၁၂။ သင်တန်းတက်ရောက်မည့်သူများသည် လုံခြုံရေးအရ အနည်းဆုံး ရဲကဒ်ရှိရမည်ဖြစ်သည်။
လျှောက်ထားသူများအနေဖြင့် အထက်ဖော်ပြပါ စည်းကမ်းချက်များကို လိုက်နာနိုင်ပါက ယခု Google Form တွင် အချက်လက်များဖြည့်သွင်း၍ လျှောက်ထားနိုင်ပါသည်။
အခမဲ့ အခြေခံမော်တာစက်နင်းသင်တန်း လျှောက်ထားရန် Link
https://forms.gle/sRrGCbKvC5NWsD928
လေးစားစွာဖြင့်
Khin Hla Htay
သင်တန်းကြီးကြပ်ရေးမှူး
အသေးစိတ်သိရှိလိုသူများအနေဖြင့် သင်တန်းတာဝန်ခံ၏ အောက်ပါ နံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Phone: +66 652841489, +66 947708838
Signal: +66 652841489, +66 947708838
Email: contact@newmyanmarfoundation.org