အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၃၅) သင်တန်းဖွင့်ပွဲ

New Myanmar Foundation မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာ နေ/စား စရိတ်ငြိမ်း “အခမဲ့အခြေခံမော်တာစက်နင်းစက် ချုပ်သင်တန်း” အပတ်စဉ် (၃၅) ကို (၁၁-၁၁-၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဦးစွာပထမ သင်တန်းတာဝန်ခံ NLD – ဧရာဝတီတိုင်း တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်လှဌေးမှ မိမိတို့၏နိုင်ငံအရေးများတွင် တစ်ဖက်တစ်လမ်းပါဝင်ကူညီခဲ့ကြရင်း အခုလိုဆုံတွေ့ခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊ စက်ချုပ်ပညာသည် မည်သည့်ဒေသနေရာတွင်မဆို အသုံးပြုနိုင်သော ပညာရပ်တစ်ခုဖြစ်သောကြောင့် စနစ်တကျအားစိုက်ပြီး လေ့လာသင်ယူကြရန် တိုက်တွန်းပါကြောင်း၊ သင်တန်းသူ၊ သင်တန်းသားများ မဆုတ်မနစ်ကြိုးစားခြင်းဖြင့် မိမိနိုင်ငံအရေးနှင့် မိသားစုအရေးတွင်လည်း စဉ်ဆက်မပြတ် ဂရုစိုက်အားဖြည့်ကြဖို့ တိုက်တွန်းအားပေးပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတာဝန်ခံ မ‌ဝေဝေမှ အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်းသို့ ရောက်ရှိလာကြသော သင်တန်းသူ/ သားများအား ဝမ်းသာကြိုဆိုကြောင်း ၊ New […]

အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၃၅) သင်တန်းဆင်းပွဲ

New Myanmar Foundation ၏ ၁၁-၁၁-၂၀၂၃ မှ ၂၀-၁၁-၂၀၂၃ ရက်နေ့အထိ (၁၀) ရက်ကြာ ကျင်းပဖွင့်လှစ်သည့် အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၃၅) သင်တန်းဆင်းပွဲကို (၂၀-၁၁-၂၀၂၃) ရက်နေ့ ညနေ (၄) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Sewing Machine Training Center တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းအပတ်စဉ် (၃၅) ကို အောင်မြင်ပြီး‌မြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ၊ သင်တန်းသား (၈) ဦးရှိပါသည်။ သင်တန်းဆင်းပွဲတွင် ဦးစွာ New Myanmar Foundation ၏ Monitoring and Evaluation Manager ဖြစ်သူ ကိုဝိုင်းချစ်အောင်မှ ဘဝကိုတန်ဖိုးရှိရှိ၊ အားကောင်းကောင်းနှင့် စိတ်ဓာတ်မကျဘဲ ရှေ့ခရီးဆက်ကြဖို့ အားပေးနေမှာ ဖြစ်ကြောင်း၊ အခက်အခဲများရှိပေမယ့်လည်း စိတ်ရှည်ဇွဲကောင်းစွာနှင့် […]

ကမ္ဘာတစ်ဝှမ်းရှိကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊ အလွဲသုံးစားမှုနှင့် အကြမ်းဖက်မှုတို့မှတားဆီး၊ ကာကွယ်ခြင်း၊ ပြန်လည်ထူထောင်ရေးနေ့နှင့် ကမ္ဘာ့ကလေးသူငယ်များနေ့ အကြိုအခမ်းအနားကျင်းပခြင်း

နေ့စွဲ – ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်။ နိုဝင်ဘာလ (၁၈) ရက်၊ ၂၀၂၃ ခုနှစ်တွင်ကျရောက်ခဲ့သော ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊ အလွဲသုံးစားမှုနှင့်အကြမ်းဖက်မှုတို့မှ တားဆီးကာကွယ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးနေ့ အခမ်းအနားနှင့်အတူ လာမည့်နိုဝင်ဘာလ ( ၂၀ )ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ကလေးသူငယ်များနေ့ အကြိုအခမ်းအနားအား New Myanmar foundation မှဦးစီး၍ ထိုင်း – မြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar foundation ၏ Executive Director ‌ဒေါက်တာစန်းအောင်မှ ကလေးသူငယ်များနှင့်ပတ်သတ်၍ သိမှတ်ဖွယ်ရာအဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် အထူးဖိတ်ကြားထားသူများမှလည်း ကလေးသူငယ်များဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာအသိ ပညာများ အသီးသီးပြောကြားပေးခဲ့ကြပါသည်။ ထို့နောက် ကလေးသူငယ်များ လိင်ပိုင်းဆိုင်ရာ […]

အခြေခံလူ့အခွင့်အရေးနှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးသင်တန်းအတွက် လျှောက်လွှာများခေါ်ယူခြင်း

New Myanmar Foundation မှ လူ့အခွင့်အရေးအခြေခံနှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးသင်တန်းကို လစဉ်စီစဉ်ကျင်းပလျက်ရှိရာ လျှောက်ထားသူများပြား၍ သင်တန်းတစ်ကြိမ်လျှင် (၂၅) ဦးခန့်သာလက်ခံနိုင်ခြင်းကြောင်းနှင့် လျှောက်ထားလာသူများထဲမှ သတ်မှတ် ချက်များနှင့်ကိုက်ညီသူများအားကျန်ရှိသော အပတ်စဉ်များအတွက် ဆက်သွယ်သွားမည်ဖြစ်ပါသည်။ သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများကိုသာ Email, Signal တို့ဖြင့် ဆက်သွယ်သွားမည် ဖြစ်ပါသည်။ Zoom အသုံးပြု သင်ကြားမည့် Online သင်တန်းဖြစ်ပြီး၊ နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ပြုလုပ်မည့်သင်တန်းများ၏ လျာထားသတ်မှတ်ရက်များကို ပူးတွဲပါပုံတွင် အသေးစိတ်ကြည့်ရှုနိုင်ပါသည်။ ယင်းသင်တန်းတစ်ကြိမ်စီတွင် ● လူ့အခွင့်အရေးအခြေခံအယူအဆသဘောတရား ● လူ့အခွင့်အရေးတိုးတက်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း ● အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း ● လူ့အခွင့်အရေးအမျိုးအစားများ၊ အုပ်စုလိုက်အခွင့်အရေးများ ● အစိုးရ၏တာဝန်ဝတ္တရားများ၊ လူ့အခွင့်အရေးလုပ်ငန်းစဉ်များ ● Digital Security & Privacy အကြောင်းအရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။ သင်တန်းကို […]

အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းအပတ်စဉ် (၃၄) သင်တန်းဆင်းပွဲ

New Myanmar Foundation ၏ ၁-၁၁-၂၀၂၃ မှ ၁၀-၁၁-၂၀၂၃ ရက်နေ့အထိ (၁၀) ရက်ကြာ ကျင်းပဖွင့်လှစ်သည့် အခမဲ့ အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၃၄) သင်တန်းဆင်းပွဲကို (၁၀-၁၁-၂၀၂၃) ရက်နေ့ ညနေ (၄) နာရီတွင် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ Sewing Machine Training Center တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းအပတ်စဉ် (၃၄) ကို အောင်မြင်ပြီး‌မြောက်သည်အထိ တက်ရောက်ခဲ့ကြသော သင်တန်းသူ၊ သင်တန်းသား (၁၀)ဦး ရှိပါသည်။ သင်တန်းဆင်းပွဲတွင် ဦးစွာ New Myanmar Foundation ၏ Monitoring and Evaluation Manager ဖြစ်သူ ကိုဝိုင်းချစ်အောင်မှ မိမိတို့အားလုံးသည် ဘဝတူများဖြစ်သောကြောင့် စိတ်ဓာတ်မကျရန် အားပေးစကားပြောကြားလိုကြောင်း၊ New Myanmar […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ 𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 အတွက်ရိက္ခာဝေမည့်အကြောင်းသတင်းစကားပါးခြင်း

September 19 မှ October 18 အထိ New Myanmar Foundation တွင် ရိက္ခာလျှောက်ထားသူ (573) ဦးအား (16-11-2023 ) ကြာသပတေးနှင့် (20-11-2023) တနင်္လာ (၂) ရက်တွင် ရိက္ခာဝေမျှပေးမည့် အစီအစဉ်အား ပြုလုပ်ပေးသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် သတ်မှတ်ရက်များအတွင်း လျှောက်ထားသူများအနေဖြင့် မိမိတို့လျှောက်လွှာတွင် ဖြည့်စွက်ထားခဲ့သော Signal နံပါတ် များသို့ (15-11-2023 ) တွင်မက်ဆေ့ဝင်/ မဝင် သတိပြုကြည့်ရှုနိုင်ရန် ထပ်မံကြေညာပေးခြင်းဖြစ်ပါသည်။ ရိက္ခာဝေရန် ပြင်ဆင်နေပါသဖြင့် ဆရာ/ဆရာမတို့၏ ဖုန်းခေါ်ဆိုမှုများ/ Signal မှ စာပို့မှုများကို အကြောင်းပြန်ကြားခြင်း မပြုနိုင်ပါက နားလည်ပေးကြပါရန် ကြိုတင်မေတ္တာရပ်ခံအပ်ပါသည် ။ ဆက်သွယ်မေးမြန်းရန် Hay Mar Basic Food […]

𝐓𝐞𝐥𝐞-𝐇𝐞𝐚𝐥𝐭𝐡 𝐏𝐫𝐨𝐠𝐫𝐚𝐦 မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိမြန်မာအများစုနေထိုင်အလုပ်လုပ်ကိုင်ရာနေရာများတွင် ကျန်းမာရေးဆိုင်ရာပညာပေးအစီအစဥ်များလုပ်ဆောင်ခြင်း

New Myanmar Foundation သည် စစ်အာဏာသိမ်းချိန်မှစ၍ မိမိတို့အသက်အန္တရာယ်ကြောင့် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်လာကြသူများ၊ CDM များအား ကျန်းမာရေးစောင့်ရှောက်မှုကို စဥ်ဆက်မပြတ် ကူညီထောက်ပံ့လျက်ရှိပါသည်။ ယခုနိုဝင်ဘာလအတွင်းတွင် မဲဆောက်မြို့ရှိ မြန်မာအများစုနေထိုင်၊ အလုပ်လုပ်ကိုင်နေကြသောရွာများ၊ Safe House များ၊ စက်ရုံ/အလုပ်ရုံများနှင့် ကျောင်းများတွင် New Myanmar Foundation ၏ ဆရာဝန်နှစ်ဦးမှ ဦးဆောင်၍ ကျန်းမာရေးပညာပေးဟောပြောပွဲများနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းအထောက်အပံ့များကို ဆောင်ရွက်လျက်ရှိပါသည်။ ဟောပြောပွဲခေါင်းစဥ်များအနေဖြင့်”ဝန်းကျင် သန့်ရှင်းရေးနှင့်ဖြစ်ပွားတတ်သောရောဂါများ” “သားဆက်ခြားရေးဆိုင်ရာဗဟုသုတများနှင့်မိသားစုစီမံချက်” အစရှိသည့်ခေါင်းစဥ်များ ဖြင့် ထိရောက်စွာဟောပြောခဲ့ကြပါသည်။ လိုအပ်သောနေရာများတွင် ရောဂါရှာဖွေစစ်ဆေးမှုများကိုလည်း အခမဲ့စမ်းသပ်ကူညီပေးခဲ့ကြပါသည်။

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ (၁၁၁၁) အောင်သပြေလှုပ်ရှားမှုအခမ်းအနားကျင်းပခြင်း

နေ့စွဲ – ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်။ နိုဝင်ဘာလ (၁၁) ရက်၊ ၂၀၂၃ ခုနှစ်တွင် (၁၁၁၁) အောင်သပြေလှုပ်ရှားမှု အခမ်းအနားအား New Myanmar foundation မှ ဦးစီး၍ ထိုင်း – မြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar foundation ၏ Exe- cutive Director ‌ဆရာဒေါက်တာစန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ပြည်သူ့ပန်းတိုင်မှ ဆရာနောင်ရိုး၊ မေမေ့ရင် ခွင် Foundation မှ ဆရာဦးသန်းမြင့်အောင်နှင့် Breaking Brainwork Media မှ ဆရာထက်မြက်တို့မှလည်း အမှာစကားများ အသီး သီး ပြောကြားပေးခဲ့ကြပါသည်။ ထို့နောက် မြန်မာပြည်တွင်းရှိ ပြည်သူ့ရဲဘော်များဆင်နွှဲလျက်ရှိသော […]

𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 အစီအစဉ်

New Myanmar Foundation သည် ၂၀၂၂ ခုနှစ်၊ မတ်လမှစတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် Safe House အစီအစဉ်ကို ဆောင်ရွက်လျက်ရှိပါသည်။ New Myanmar Foundation ၏ Safe House များတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစု Safe House များဟုခွဲ ခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၅)ဦးစီအတူနေထိုင်ရမည် ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ မိသားစု (၅) ဦးဖြစ်ပါကအခန်းရရှိမည်ဖြစ်ပြီး မိသားစု (၅) ဦးမရှိပါက အခန်းလွတ်လျှင် ၎င်းအခန်းများတွင်ခေတ္တနေနိုင်ပြီး မိသားစု (၅) ဦးလာပါက ၎င်းတို့ကို ဦးစားပေးရမည် ဖြစ်ပါသည်။ Safe House […]

ထိုင်းမြန်မာနယ်စပ်တွင် ထိုင်းနိုင်ငံဆိုင်ရာသိသင့်သိထိုက်သောအလုပ်သမားဥပဒေများနှင့် ဓလေ့ထုံးစံများအသိပညာပေးရေး အစီအစဥ်ဆောင်ရွက်ခြင်း

New Myanmar Foundation မှ ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာအများစုနေထိုင်၊ အလုပ်လုပ်ကိုင်ရာနေရာများသို့ သွားရောက်၍ ထိုင်းနိုင်ငံတွင်နေထိုင်၊ အလုပ်လုပ်ကိုင်ရာ၌ လိုအပ်သောဥပဒေများ၊ ထိုင်းနိုင်ငံ၏ယဥ်ကျေးမှု၊ ဆောင်ရန်ရှောင်ရန်များကို သင်ကြားပို့ချပေး လျက်ရှိပါသည်။ ထိုင်းနိုင်ငံရောက် မြန်မာများအနေဖြင့် အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ သိရှိစုံစမ်းလိုပါက New Myanmar Foundation ၏ အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ New Myanmar Foundation Admin +66 626 874 266

error: Content is protected !!