နို၀င်ဘာလ (၅) ရက်၊ ၂၀၂၃ ခုနှစ်တွင် မြန်မာပြည်သူ/သားများ လူ့အခွင့်အရေးဆုံးရှုံးခဲ့ရသည့် ရက် (၁၀၀၀) ပြည့် အခမ်းအနားအား New Myanmar Foundation မှ ဦးစီး၍ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဦးစွာပထမ New Myanmar Foundation ၏ Executive Director ဒေါက်တာဆန်းအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အထူးဖိတ်ကြားထားသူအသီးသီးများမှလည်း အမှာစကားများနှင့် မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းမှစ၍ မြန်မာပြည်သူ/သားများ၏ လူ့အခွင့်အရေးများ မည်သို့မည်ပုံဆုံးရှုံးခဲ့ရသည်တို့ကို အကျယ်တဝင့် ပြောကြားပေးခဲ့ကြပါသည်။
ထို့နောက် လူ့အခွင့်အရေးနှင့်ပတ်သက်သော နိုင်ငံသားတိုင်းသိရှိရန်လိုအပ်သည့် အကြောင်းအရာများပါဝင်သော လက်ကမ်းစာစောင်များကိုလည်းပေးဝေခဲ့ကာ အခမ်းအနားသို့တက်ရောက်လာသူများအား နေ့လည်စာများဖြင့်တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားကိုအောင် မြင်စွာရုတ်သိမ်းခဲ့ပါသည်။



