အခြေခံစားနပ်ရိက္ခာ မျှဝေခြင်း အစီအစဉ် အကြောင်း သတင်းစကားပါးခြင်း

မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများ ရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။

အခြေခံစားနပ်ရိက္ခာများကို တစ်လလျှင် တစ်ဦး (၂၅၀) ဘတ်နှုန်းဖြင့် ထောက်ပံ့နေပါသည် ။ အဆင်ပြေချော မွေ့စေရန် အောက်ပါ တို့ကို ရှင်းလင်းအကြောင်းကြားအပ်ပါသည်။

New Myanmar Foundation တွင် ရိက္ခလျှောက်ထား နိုင်သူများမှာ —

👉 ၁။ (မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူ များ ၊ နာမကျန်းသူများ ၊ မိဘမဲ့ ကလေးများ(အုပ်ထိန်းသူမရှိသူများ) ၊ အသက်(၆၀)အထက်ပုဂ္ဂိုလ်များ (ကျော ထောက်နောက်ခံသား/သမီး မရှိသူများ) လျှောက်ထားနိုင်ပါသည်။

👉 ၂။ အထောက်အပံ့ရနေသည့် စစ်/ရဲ CDM များနှင့် ၎င်းတို့မိသားစုများ လျှောက်ထား၍ မရပါ။

👉 ၃။ အရပ်သား CDM များလည်း လျှောက်ထား၍ မရပါ။ သို့သော် ၎င်းတို့မိသားစုများ လျှောက်ထားနိုင်ပါသည်။

👉 ၄။ အဖွဲ့အစည်း (၂)ခုတွင် တစ်ပြိုင်နက်တည်း ရိက္ခာ လျှောက်ထား၍ မရပါ။

ရိက္ခာလျှောက်ထားရန်

👉 ရိက္ခာလျှောက်ရန် 0659252173 ရုံးဖုန်းသို့ ရုံးချိန် မနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း တိုက်ရိုက် ဖုန်းဆက်၍ ၎င်း ၊ Signal မှ ဖုန်းဆက်၍ ၎င်း လျှောက်ထားရမည် ဖြစ်ပါသည်။

#ရိက္ခာလျှောက်ထားရမည့် ကာလကို အောက်ပါကြေညာချက်တွင် ဖော်ပြပေး ထားပါသည် ။

ဆက်သွယ်မေးမြန်းရန်

Basic Food Support Program Manager

Hay Mar

New Myanmar Foundation

Phone: +66 659 252 173

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!