အွန်လိုင်းအင်္ဂလိပ်စကားပြောသင်တန်းအပတ်စဥ်(၆)သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် New Myanmar Foundation မှ ဖွင့်လှစ်ပေးလျက်ရှိသော အွန်လိုင်း အင်္ဂလိပ်စကားပြောသင်တန်း အပတ်စဥ် (၆) ကို နိုဝင်ဘာလ ၁ ရက်၊ ၂၀၂၃ ခုနှစ် (ဗုဒ္ဓဟူးနေ့)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် အင်္ဂလိပ်ဘာသာစကားပြောကို စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါသည်။

သင်တန်းကာလကို (၃) လ သတ်မှတ်ထားရှိပြီး အခြေခံအဆင့် အင်္ဂလိပ်ဘာသာစကားသင်တန်းများကို Foundation Class A နှင့် B ဟူ၍ အတန်းခွဲ နှစ်ခုခွဲထားပေးပါသည်။

အင်္ဂလိပ်ဘာသာစကားသင်တန်း အပတ်စဉ် (၆) ၏ သင်တန်းများကို အောက်ပါအချိန်ဇယားများအတိုင်း Zoom Application မှတဆင့် အင်္ဂလိပ်ဘာသာစကား သင်ကြားရေးအတွေ့အကြုံရှိ သင်တန်းဆရာ (၂) ဦးက သင်ကြားပေးသွားမည် ဖြစ်ပါသည်။

တက်ရောက်နိုင်သော အတန်းများ –

1. Foundation Class A: Monday, Wednesday, 3:30 – 5 PM

2. Foundation Class B: Tuesday, Wednesday, Thursday, 2:30 – 4 PM

အင်္ဂလိပ်ဘာသာစကားသင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်သော Google Form ကို အောက်တိုဘာလ ၂၆ ရက်နေ့ မှ ၃၀ ရက် နေ့အထိ ဖွင့်လှစ်ထားပြီး လျှောက်ထားလာသော သင်တန်းသား/သင်တန်းသူ (၁၅၀) ဦး ကို လက်ခံပေးသွားမည် ဖြစ်ပါသည်။ အွန်လိုင်းဘာသာစကားသင်တန်းဖြစ်သည့်အတွက် သင်တန်းသားဦးရေကို အကန့်အသတ်ဖြင့်သာ လက်ခံပေးရခြင်းဖြစ်ပါသည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများကို Email မှတဆင့် ပြန်လည်အကြောင်းကြားပေးသွားမည် ဖြစ်ပါသောကြောင့် သင်တန်းလျှောက်ထားသူများအနေဖြင့် မိမိတို့၏ Email လိပ်စာများကို မှန်ကန်စွာ ထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

အွန်လိုင်းအင်္ဂလိပ်စကားပြောသင်တန်း လျှောက်ထားရန် လင့်ခ် –

https://forms.gle/GSw1UKHbMWzxrxtA7

New Myanmar Foundation ၏ ဘာသာစကားသင်တန်းများနှင့်ပတ်သတ်၍ ထပ်မံသိရှိလိုသည်များရှိပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်၊ Signal, Telegram နှင့် Email များမှတဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

ဘာသာစကားသင်တန်းတာဝန်ခံ

နယူးမြန်မာဖောင်ဒေးရှင်း

Phone – +66927833262

Signal – +66927833262

Telegram – +66927833262

Email: language.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!