Online Basic Microsoft Excel Training သင်တန်း အတွက် သင်တန်းသားခေါ်ယူခြင်း

မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် နယူးမြန်မာဖောင်ဒေးရှင်းမှ ဦးစီး၍ ဖွင့်လှစ် မည့် Online Basic Microsoft Excel သင်တန်း အပတ်စဉ် (၁) မှ အပတ်စဉ် (၄)   ကို နိုဝင်ဘာလ မှ ဒီဇင်ဘာလ အတွင်း ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည် ။ ယင်းသင်တန်းသို့ တက်ရောက်ရန်  Mae Sot ရောက် ရွှေ့ပြောင်းလုပ်သားများ ၊ ဒေသအစုံ/လုပ်ငန်းနယ်ပယ်အစုံမှ ပုဂ္ဂိုလ်များ၊ မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများသို့ ပြန်လည်မျှဝေပေးရန် ဆန္ဒရှိသူများ၊ လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူများ၊ အမျိုးသမီးများ၊ LGBTများ၊ မသန်စွမ်းများအားလုံး ပါဝင်တက်ရောက်ရန် အထူးအလေးပေး ဖိတ်ခေါ်အပ်ပါသည်။ ယင်းသင်တန်း အပတ်စဉ် (၁) အတွက် လျှောက်ထားသူများစွာထဲမှ (၃၀)ယောက်အား ရွေးချယ် သင်ကြားပေး မည်ဖြစ်ပါသည်။ အပတ်စဉ် (၁) အတွက် ရွေးချယ်၍ ကျန်ရှိသော သူများထဲမှ  အပတ်စဉ် (၂) မှ အပတ်စဉ် (၄) အတွက် ဆက်လက်ရွေးချယ်ပေးသွားမည် ဖြစ်၍ လျှောက်လွှာတင်ထားသော သူများအနေဖြင့် မိမိတို့၏ email များအား စောင့်ကြည့်စစ်ဆေး ပေးပါရန် လေးစားစွာ အကြောင်းကြားအပ်ပါသည်၊၊

အပတ်စဉ် (၁)

သင်တန်းကာလ- (၅) ရက်

သင်တန်းအချိန်- မြန်မာစံတော်ချိန် နေ့လည် (၃)နာရီမှ (၅)နာရီအထိ

သင်တန်းစတင်မည့်ရက် – နိုဝင်ဘာလ (၆) ရက်နေ့ မှ (၁၀) ရက် နေ့ ထိ

အပတ်စဉ် (၂)

သင်တန်းကာလ- (၅) ရက်

သင်တန်းအချိန်- မြန်မာစံတော်ချိန် နေ့လည် (၃)နာရီမှ (၅)နာရီအထိ

သင်တန်းစတင်မည့်ရက် – နိုဝင်ဘာလ (၁၃) ရက်နေ့ မှ (၁၇) ရက် နေ့ ထိ

အပတ်စဉ် (၃)

သင်တန်းကာလ- (၅) ရက်

သင်တန်းအချိန်- မြန်မာစံတော်ချိန် နေ့လည် (၃)နာရီမှ (၅)နာရီအထိ

သင်တန်းစတင်မည့်ရက် – နိုဝင်ဘာလ (၂၀) ရက်နေ့ မှ (၂၄) ရက် နေ့ ထိ

အပတ်စဉ် (၄)

သင်တန်းကာလ- (၅) ရက်

သင်တန်းအချိန်- မြန်မာစံတော်ချိန် နေ့လည် (၃)နာရီမှ (၅)နာရီအထိ

သင်တန်းစတင်မည့်ရက် – နိုဝင်ဘာလ (၂၇) ရက်နေ့ မှ ဒီဇင်ဘာလ (၁) ရက် နေ့ ထိ

သင်တန်းတက်ရောက်ရန် အခြေခံ လိုအပ်ချက်များ

————————————————-

လုပ်ငန်းခွင်အသုံးချသင်တန်း ဖြစ်သဖြင့် ကွန်ပျူတာ အခြေခံသိရန်။

အွန်လိုင်း သင်တန်းဖြစ်သဖြင့် သင်တန်းသားထံတွင် Internet ရှိရန်။

သင်တန်း အစမှ အဆုံးထိ တက်ရောက်နိုင်သူ။

မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများသို့ ပြန်လည် ဝေငှပေးရန် ဆန္ဒရှိသူ။

လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူ ။

(အမျိုးသမီးများ၊ LGBTQ များ၊ မသန်စွမ်းများ အားလုံး ပါဝင်တက်ရောက်ရန်လည်း အထူးဖိတ်ခေါ်အပ်ပါသည်။)

✅လုပ်ငန်းခွင်အတွက် Excel ကိုအခြေခံမှစတင်လေ့လာလိုသူများ

✅Excel တွင် လုပ်ငန်းခွင်အတွက် အရေးပါ သည့် functions နှင့် formula များ ကိုအသုံးပြုလိုသူများ

✅Excel တွင် data များ ကိုကောင်းစွာ စီမံခန့်ခွဲမှု ပြုလုပ်လိုသူများ

အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။

သင်တန်းပြီးမြောက်ပါက Completion Certificateပေးသွားမည်ဖြစ်ပါသည်။

သင်တန်းအားစိတ်ပါဝင်စားပါက အောက်ပါလျှောက်လွှာ လင့်ခ်မှ လျှောက်ထားနိုင်ပါသည်

https://docs.google.com/forms/d/e/1FAIpQLScRnCkdatsgjGIMxiIaRZ_Io2ALrcLYn6E7vC5i4nOCIwxoWQ/viewform?usp=sf_link

Tr. Sandar

Excel Trainer

Phone: +66 619204323

Email: exceltrainer@newmyanmarfoundation.org

#newmyanmarfoundation

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!