𝐎𝐧𝐥𝐢𝐧𝐞 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 သင်တန်းအပတ်စဥ်(၁)တက်ရောက်ခွင့်ရရှိသူများအား ရွေးချယ်ပြီးစီးကြောင်း ကြေငြာခြင်း

2023 ခုနှစ် July 3ရက်နေ့ မှ 7 ရက်နေ့အထိ ပြုလုပ်သွားမည့် Online Digital Security Training Batch (1) အတွက် သင်တန်းတက်ရောက်ခွင့် ရထားသူများကို Email မှတဆင့် ဆက်သွယ်အကြောင်းကြားပြီး ဖြစ်ပါသဖြင့် သင်တန်းလျှောက်ထားသူများအနေဖြင့် မိမိတို့၏ အီးမေးလ်ကို စစ်ဆေးကြည့်ရန်အတွက် မေတ္တာရပ်ခံပါသည်။ #NewMyanmarFoundation#NMF#Digital_Security Micky IT Support Officer Phone&Signal: +66 838788804 Email: nmf.itofficer@gmail.com
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ကျင်းပသော 𝐎𝐧𝐥𝐢𝐧𝐞 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 သင်တန်း အပတ်စဉ် ( ၁ ) အတွက် သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် New Myanmar Foundation က ဦးစီး၍ ဖွင့်လှစ်မည့် အွန်လိုင်း ဒီဂျစ်တယ်လုံခြုံရေး သင်တန်း အပတ်စဉ် (၁) ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် စိတ်ပါ ၀င်စားသူများ လျှောက်ထားနိုင်ပါသည်။ သင်တန်းအချက်အလက်များ လျှောက်လွှာ လက်ခံမည့်ကာလ – သင်တန်းကြေညာသည့်ရက်မှစရျ် စုစုပေါင်း (၅)ရက် သင်တန်းကာလ- (၅) ရက် သင်တန်းအချိန်- မြန်မာစံတော်ချိန် မနက် (၉)နာရီမှ (၁၂)နာရီအထိ သင်တန်းစတင်မည့်ရက် – ဇူလိုင်လ (၃) ရက်နေ့ မှ (၇) ရက် နေ့ ထိ သင်တန်းတက်ရောက်ရန် အခြေခံ လိုအပ်ချက်များ ————————————————- လုပ်ငန်းခွင်အသုံးချသင်တန်း ဖြစ်သဖြင့် ကွန်ပျူတာ အခြေခံသိရန်။ အွန်လိုင်း သင်တန်းဖြစ်သဖြင့် သင်တန်းသားထံတွင် […]
𝐊𝐚𝐫𝐞𝐧𝐧𝐢 𝐒𝐭𝐚𝐭𝐞 𝐈𝐧𝐭𝐞𝐫𝐢𝐦 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐂𝐨𝐮𝐧𝐜𝐢𝐥 – 𝐈𝐄𝐂 အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ခြင်းအပေါ် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ပေးပို့သော ဂုဏ်ပြုဝမ်းမြောက်ကြောင်းသ၀ဏ်လွှာ

ကရင်နီပြည်နယ်သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှစ၍ မတရားအာဏာသိမ်းယူခဲ့သောစစ်ကောင်စီအား ကြံ့ကြံ့ခံတွန်းလှန်နေသော ဒေသဖြစ်ပါသည်။ ဒေသခံ တိုင်းရင်းသားအဖွဲ့များ ဦးဆောင်သော ဒေသတွင်း အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ရေး တော်လှန်တိုက်ပွဲများ နေ့စဥ်နှင့်အမျှဖြစ်ပွားလျက်ရှိပြီး ဆက်လက်အားကောင်းနေဆဲ ဖြစ်သော ဒေသလည်းဖြစ်ပါသည်။ ဤကဲ့သို့ ဒေသတွင်း အရှိန်အဟုန်အားကောင်းသည့် တော်လှန်ရေးကြီး ဆင်နွှဲလျက်ရှိသော အချိန်ကာလကြားမှ ယခုကဲ့သို့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရာစီရင်ရေးကဏ္ဍများကို အပြန်အလှန် ထိန်းညှိပေးနိုင်ရန် နှင့် ပြည်နယ်တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဆောင်ရွက်နိုင်ရန်အတွက် ဒေသခံပြည်သူများနှင့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့များ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ကြကာ ကရင်နီပြည် ကြားကာလ ပြည်နယ်အုပ်ချုပ်ရေး ကောင်စီ (IEC) အား ဖွဲ့စည်းနိုင်ခဲ့ခြင်းအပေါ် NEW MYANMAR FOUNDATION အနေဖြင့် များစွာ ဂုဏ်ယူ ၀မ်းမြောက်မိပါသည်။ ဤကဲ့သို့ ဖွဲ့စည်းနိုင်ခဲ့သဖြင့် ကရင်နီဒေသအတွင်း/အပြင် တော်လှန်ရေးအင်အားစုများ […]
စစ်ကိုင်းတိုင်းဒေသတွင်းဆွေးနွေးပွဲ (𝐒𝐚𝐠𝐚𝐢𝐧𝐠 𝐅𝐨𝐫𝐮𝐦) အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ်တွင် ဝမ်းမြောက်အားပေးကြောင်း 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ သဝဏ်လွှာ

နေ့စွဲ – ၁၂.၀၆.၂၀၂၃ ဦးစွာပထမအနေဖြင့် မြန်မာနိုင်ငံသူ/သားများအားလုံး ကြုံတွေ့ခံစားနေရသော စစ်အာဏာရှင်စနစ် အပြီးတိုင်ဖယ်ရှားရေးတိုက်ပွဲတွင် စစ်ကိုင်းတိုင်းမှပြည်သူများနှင့် အဖွဲ့အစည်းများမှ အင်တိုက်အားတိုက် တိုက်ပွဲ၀င်နေကြသည်ကို မြန်မာပြည်သူတရပ်လုံးကိုယ်စား အထူးအသိအမှတ် ပြု ဂုဏ်ယူလေးစားအပ်ပါသည်။ မေလ (၃၀) ရက်နှင့် (၃၁) ရက်တွင် ကျင်းပခဲ့သော စစ်ကိုင်းတိုင်း ဒေသတွင်းဆွေးနွေးပွဲ (Sagaing Forum) ကြီးသို့ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ အခြေစိုက်အဖွဲ့အစည်းအသီးသီး (၁၇၃) ဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ပြီး စောင့်ကြည့်လေ့လာသူ (၃၁) ဦးရှိခဲ့ကြောင်း သိရှိရသည့်အတွက် အလွန်ပင် အားတက်၀မ်းမြောက်မိပါသည်။ စစ်ကိုင်းတိုင်းအတွင်းရှိအဖွဲ့အစည်းများ (အထူးသဖြင့် စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်စွဲ၍ တော်လှန်တိုက်ပွဲ၀င်နေကြသည့် အဖွဲ့အစည်းများ) အကြားတွင် ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ ဖြစ်ပေါ်လာနိုင်သော အခက်အခဲ များ၊ ပွတ်တိုက်မှုများ၊ ပြသနာများကို ကြိုတင်ကာကွယ်တားဆီးရေးနှင့် ယင်းကဲ့သို့သော […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှဖွင့်လှစ်သော အွန်လိုင်းအင်္ဂလိပ်စကားပြောသင်တန်း အပတ်စဥ်(၅) အတွက် သင်တန်းသားခေါ်ယူခြင်း

မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး နှင့်လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် New Myanmar Foundationမှ ဖွင့်လှစ်ပေးလျက်ရှိသော အွန်လိုင်း အင်္ဂလိပ်စကားပြောသင်တန်း အပတ်စဥ် (၅) ကို ဇွန်လ (၂၆)ရက်၊ ၂၀၂၃ ခုနှစ် (တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် အင်္ဂလိပ်ဘာသာစကားပြောကို စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါသည်။ သင်တန်းကာလ (၃) လ သတ်မှတ်ထားရှိပြီး အခြေခံအဆင့် အင်္ဂလိပ်ဘာသာစကားသင်တန်းများကို Foundation Class A နှင့် B ဟူ၍ အတန်းခွဲ နှစ်ခုခွဲကာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာစကားသင်တန်း အပတ်စဉ် (၅) ၏ သင်တန်းများကို အောက်ပါ အချိန်ဇယားများအတိုင်း Zoom Application မှတဆင့် အင်္ဂလိပ်ဘာသာစကား သင်ကြားရေးအတွေ့အကြုံရှိ သင်တန်းဆရာ (၂) ဦးက သင်ကြားပေးသွားမည် […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဖွင့်လှစ်သော 𝐒𝐩𝐫𝐢𝐧𝐠 𝐁𝐫𝐢𝐝𝐠𝐞 𝐎𝐧𝐥𝐢𝐧𝐞 𝐒𝐜𝐡𝐨𝐨𝐥 𝐀𝐝𝐯𝐞𝐫𝐭𝐢𝐬𝐞𝐦𝐞𝐧𝐭

New Myanmar Foundation သည် ၂၀၂၂ မေလ (၁) ရက်နေ့စတင်ပြီး စစ်ဘေးသင့် မြန်မာနိုင်ငံသား ရင်သွေးများ၏ ပညာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် Spring Bridge School (SBS) Online Program သို့ ကျောင်းသားများကို စတင်ဖိတ်ခေါ်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဇွန်လ (၆) ရက်နေ့မှစတင်ကာ Grade 1 မှ Grade 11 ထိ ကျောင်းသူ ကျောင်းသား ၁၂၀၀ ကျော်ကို သင်ကြားခဲ့ပြီး ဒီဇင်ဘာလ ၂၀၂၂ ခုနှစ် တွင် အတန်းတင် စာမေးပွဲ စစ်ဆေးခဲ့ပါသည်။ ၂၀၂၃ ဇန်နဝါရီလ (၃၁) ရက်တွင် အတန်းအားလုံး အောင်မြင်သော ကျောင်းသား ကျောင်းသူများအား အောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။ […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဖွင့်လှစ်သော အခမဲ့ အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်းများ

၂၀၂၃ ခုနစ် ဇွန်လအတွင်း လုပ်ဆောင်လျက်ရှိသော နယူးမြန်မာဖောင်ဒေးရှင်း၏ အခမဲ့ အွန်လိုင်းထိုင်းဘာသာစကား သင်တန်းအစီအစဥ်များအကြောင်း သတင်းစကားပါးလိုပါသည်။ နယူးမြန်မာဖောင်ဒေးရှင်းသည် မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ ထိုင်းနိုင်ငံအတွင်း နေထိုင်စဥ် နေ့စဥ် ကြုံတွေ့ရသည့် ထိုင်းဘာသာစကားဆိုင်ရာ အခက်အခဲများ အဆင်ပြေစေရန်ရည်ရွယ်လျက် အခမဲ့ အွန်လိုင်းထိုင်းဘာသာစကားပြောသင်တန်းများကို မတ်လ၊ ၂၀၂၂ မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ ထိုင်းဘာသာစကားပြောသင်တန်း အပတ်စဥ် (၁) ကို ၂၀၂၂ခုနစ်၊ မတ်လ (၁၄) ရက်မှ ဇူလိုင် (၂၂) ရက်နေ့အထိလည်းကောင်း၊ သင်တန်းအပတ်စဥ် (၂) ကို သြဂုတ်လ (၈) ရက်နေ့မှ ဒီဇင်ဘာ (၉) ရက်၊ ၂၀၂၂ အထိလည်းကောင်း၊ သင်တန်းအပတ်စဥ် (၃) ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐓𝐞𝐥𝐞𝐡𝐞𝐚𝐥𝐭𝐡 အစီအစဉ်မှ 𝐌𝐚𝐲 𝟐𝟎𝟐𝟑 လအတွင်း ကူညီမှုများ

New Myanmar Foundation ၏ နယူးမြန်မာ တယ်လီ ကျန်းမာ အစီအစဉ်ကို ဇွန်လ (၁) မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်လှစ်ခဲ့ရသော ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံ,မဲဆောက်မြို့သို့ တိမ်းရှောင်ခိုလှုံလာကြသည့် သိန်းနှင့်ချီသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ စစ်ဘေးရှောင် ပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေးကို ကာကွယ် စောင့်ရှောက်ပေးရန် ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ကျန်းမာရေး ချို့တဲ့မှုများ၊ အရေးပေါ် အခြေအနေများနှင့် ကြုံတွေ့လာသည့် အခါတွင်လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိင်ရန်အတွက် အခက်အခဲ အဟန့်အတားများစွာ ကြုံတွေ့ရပါသည်။ ဘာသာစကားအခက်အခဲ၊ သွားလာရေးအခက်အခဲ၊ ငွေကြေးချို့တဲ့မှု၊ သတင်းအချက် အလက်ချို့တဲ့မှုနှင့် အဖမ်းအဆီး ခံရနိုင်သည့် အခြေအနေများ အပါအဝင်များစွာသော အတားအဆီးများ ရှိနေပါသည်။ ၎င်း အခက်အခဲများကို ကူညီ ဖြေရှင်းပေးနိုင်ရန်အတွက် […]
အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

1) New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် ဆောင်ရွက် ပေးလျက်ရှိရာ ယခင်လများတွင် လူဦးရေ (၅၉၃၃) ဦးအား တစ်ဦးလျှင် (၃)လစာနှုန်းဖြင့် အခြေခံ စားနပ်ရိက္ခာဝေမျှပေးခဲ့ပြီး ငွေသားအဖြစ်ပြောင်းလဲ၍ မျှဝေခဲ့သည့် ဖေဖော်ဝါရီလတွင် (၆၁၈) ဦး အား (၁)လစာ ဘတ် (၅၀၀)ဖြင့်၎င်း ၊ မေလတွင် (၅၆၅)ဦးအား (၁)လစာ ဘတ်(၂၅၀) ဖြင့်၎င်း ယခုအခါ စုစုပေါင်း (၇၁၁၆) ဦးအား မျှဝေပေးခဲ့ ပြီးဖြစ်ပါသည်။ 2) New Myanmar Foundation တွင် ဖေဖော်ဝါရီ ၂၇ မှ မတ်လ ၂၂ ရက်အတွင်း ရိက္ခာအတွက် […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧’𝐬 𝐒𝐚𝐟𝐞 𝐇𝐨𝐮𝐬𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦

New Myanmar Foundation သည် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် (Safe House) အစီအစဉ်ကို ပြန်လည်ဆောင်ရွက်လျက် ရှိပါသည်။ New Myanmar Foundation ၏ Safe House များတွင် အမျိုးသမီးသီးသန့်၊ အမျိုးသားသီးသန့်နှင့် မိသားစု Safe House များဟု ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများအနေဖြင့် အဆင်ပြေလုံခြုံစွာ နေနိုင်မည် ဖြစ်ပါ သည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၅)ဦးစီ အတူနေထိုင်ရမည် ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ မိသားစု(၅)ဦးဖြစ်ပါက အခန်းရရှိမည်ဖြစ်ပြီး မိသားစု(၅)ဦး မရှိပါက အခန်းလွတ်လျှင် ၎င်းအခန်းများတွင် ခေတ္တနေနိုင်ပြီး မိသားစု (၅)ဦး လာပါက ၎င်းတို့ကို […]