NMF မှဖွင့်လှစ်သော အွန်လိုင်းအင်္ဂလိပ်စကားပြောသင်တန်း အပတ်စဥ်(၅) အတွက် သင်တန်းသားခေါ်ယူခြင်း

မဲဆောက်နှင့် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး နှင့်လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် New Myanmar Foundationမှ ဖွင့်လှစ်ပေးလျက်ရှိသော အွန်လိုင်း အင်္ဂလိပ်စကားပြောသင်တန်း အပတ်စဥ် (၅) ကို ဇွန်လ (၂၆)ရက်၊ ၂၀၂၃ ခုနှစ် (တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် အင်္ဂလိပ်ဘာသာစကားပြောကို စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါသည်။

သင်တန်းကာလ (၃) လ သတ်မှတ်ထားရှိပြီး အခြေခံအဆင့် အင်္ဂလိပ်ဘာသာစကားသင်တန်းများကို Foundation Class A နှင့် B ဟူ၍ အတန်းခွဲ နှစ်ခုခွဲကာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ပါသည်။

အင်္ဂလိပ်ဘာသာစကားသင်တန်း အပတ်စဉ် (၅) ၏ သင်တန်းများကို အောက်ပါ အချိန်ဇယားများအတိုင်း Zoom Application မှတဆင့် အင်္ဂလိပ်ဘာသာစကား သင်ကြားရေးအတွေ့အကြုံရှိ သင်တန်းဆရာ (၂) ဦးက သင်ကြားပေးသွားမည် ဖြစ်ပါသည်။

တက်ရောက်နိုင်သော အတန်းများ –

1. Foundation Class A: Monday, Wednesday, 3:30 – 5 PM

2. Foundation Class B: Tuesday, Wednesday, Thursday, 2:30 – 4 PM

အင်္ဂလိပ်ဘာသာစကားသင်တန်း တက်ရောက်ခွင့်လျှောက်ထားနိုင်သော Google Form ကို ဇွန်လ ၁၂ ရက်နေ့ မှ ၂၂ ရက် နေ့အထိ ဖွင့်လှစ်ထားပြီး လျှောက်ထားလာသော သင်တန်းသား/သင်တန်းသူများကို လက်ခံပေးသွားမည် ဖြစ်ပါသည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများကို Email မှတဆင့် ပြန်လည်အကြောင်းကြားပေးသွားမည် ဖြစ်ပါသောကြောင့် သင်တန်းသို့ လျှောက်ထားလာသူများအနေဖြင့် မိမိတို့၏ Email လိပ်စာများကို မှန်ကန်စွာ ထည့်သွင်းပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။

အွန်လိုင်းအင်္ဂလိပ်စကားပြောသင်တန်း လျှောက်ထားရန် လင့်ခ် –

https://forms.gle/18RiGLMK4iJC2kuU9

New Myanmar Foundation ၏ ဘာသာစကားသင်တန်းများနှင့်ပတ်သတ်၍ ထပ်မံသိရှိလိုသည်များရှိပါက အောက်ပါဖုန်းနံပါတ်သို့ တိုက်ရိုက်ဖုန်းဆက်၍သော်လည်းကောင်း၊ Signal, Telegram နှင့် Email များမှတဆင့်လည်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Phone – +66927833262

Signal – +66927833262

Telegram – +66927833262

Email: language.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!