ထိုင်းရွေးကောက်ပွဲ အနိုင်ရ 𝐌𝐨𝐯𝐞 𝐅𝐨𝐫𝐰𝐚𝐫𝐝 𝐏𝐚𝐫𝐭𝐲 မဲဆောက်ခရိုင် ကိုယ်စားပြု အမတ်လောင်း 𝐑𝐚𝐭𝐜𝐡𝐚𝐩𝐨𝐧𝐠𝐬𝐞 နှင့် 𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫 (𝐃𝐫 𝐒𝐚𝐧𝐧 𝐀𝐮𝐧𝐠) တို့နှင့်တွေ့ဆုံခြင်း

၂၀၂၃ ခုနှစ် ထိုင်းရွေးကောက်ပွဲ အနိုင်ရ Move Forward Party မဲဆောက်ခရိုင် ကိုယ်စားပြု အမတ်လောင်း (Ratchapongse) နှင့် New Myanmar Foundation ၏ Executive Director (Dr Sann Aung) တို့ တွေ့ဆုံမိတ်ဆက်၍ လက်ရှိနယ်စပ်တလျှောက် ကြုံတွေ့နေရသော မြန်မာပြည်သူ/သားများ၊ ထွက်ပြေးတိမ်းရှောင်များ၏ အခက်အခဲများကို အလွတ်သဘောဆွေးနွေးပြောဆိုရင်း Move Forward Party ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် သဘောထားအား ဝမ်းမြောက်ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။
မဲဆောက်မြိုသို့အခက်အခဲမျိုးစုံကြောင့် ထွက်ပြေးတိမ်းရှောင်လာရသော အမျိုးသမီးများအား နေရာထိုင်ခင်း အကူညီပေးခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြိုသို့အခက်အခဲမျိုးစုံကြောင့် ထွက်ပြေးတိမ်းရှောင်လာရသော အမျိုးသမီးများ အတွက် နေထိုင်နိုင်ရန် သီးသန့် နေရာထိုင်ခင်းများ စီစဥ်ပေးသွားမည် ဖြစ်ပါသဖြင့် မဲဆောက်မြို့တွင် နေထိုင်ရန် အခက်အခဲကြုံတွေ့နေရသည့် အမျိုးသမီးများ ( ရွှေ့ပြောင်းအလုပ်သမားများအပါအ၀င် နိုင်ငံရေးအရ ထွက်ပြေးတိမ်းရှောင်လာရသူများ၊စစ်ဘေးရှောင်များ နှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ) အနေဖြင့် လျှောက်ထားနိုင်ကြောင်း သတင်းစကားပါးအပ်ပါသည်။ ထိုသို့ အမျိုးသမီးများအတွက် သီးသန့်စီစဥ်ပေးထားသော နေရာထိုင်ခင်းများတွင် အနည်းဆုံး (၃) လမှ အများဆုံး (၆) လအထိ လုံခြုံစွာ နေထိုင်နိုင်မည် ဖြစ်ပါသည်။ နေထိုင်စဉ်ကာလအတွင်း မီးဖိုချောင်သုံးပစ္စည်းများ၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးများ၊ အိမ်တွင်းပရိဘောဂများ၊ အင်တာနက် နှင့် အခြေခံစားနပ်ရိက္ခာများကို ထောက်ပံ့ပေးထားမည် ဖြစ်ပါသည်။ လျှောက်ထားလိုသူများအနေဖြင့် အောက်တွင်ဖော်ပြထားသော NEW MYANMAR FOUNDATION ၏ နေရာထိုင်ခင်း တာ၀န်ခံ […]
𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐌𝐚𝐧𝐚𝐠𝐞𝐫 ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

NEW MYANMAR FOUNDATION ၏ Women Protection & Empowerment Program အတွက် မန်နေဂျာရာထူး တာ၀န် ထမ်းဆောင်ရန် လျှောက်လွှာ များခေါ်ယူ နေပါသည်။ လျှောက်လွှာလက်ခံမည့်ကာလ : ၁.၆.၂၀၂၃ မှ ၁၄.၆.၂၀၂၃ အထိ နေရာ : မဲဆောက် အစမ်းခန့်ကာလ : ၃ လ လစာ : အစမ်းခန့်ကာလ – ၈၀၀၀ ဘတ် အတည်ပြုပြီးကာလ – ၁၀၀၀၀ ဘတ် မှ ၁၅၀၀၀ ဘတ် အထိ အစီရင်ခံရမည့်သူ : Executive Director, BODs လုပ်ဆောင်ရမည့်တာ၀န်များ ဒေသတွင်း အမျိုးသမီးများ၏ အခက်အခဲများနှင့် ပြသနာများအား ဦးဆောင် […]
လူ့အခွင့်အရေးအခြေခံသင်တန်းနှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးသင်တန်းအတွက် သင်တန်းသားများ ခေါ်ယူခြင်း

New Myanmar Foundation မှ စီစဉ်ကျင်းပသော လူ့အခွင့်အရေး အခြေခံအမြင်ဖွင့်သင်တန်းနှင့် ဒီဂျစ်တယ်ဘေးကင်းလုံခြုံရေးသင်တန်း အပတ်စဉ် (၈) ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့ မှ (၉)ရက်နေ့ အထိ (၅) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ယင်းသင်တန်းတွင် ● လူ့အခွင့်အရေးအခြေခံအယူအဆသဘောတရား ● လူ့အခွင့်အရေးတိုးတက်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း ● အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း ● လူ့အခွင့်အရေးအမျိုးအစားများ၊ အုပ်စုလိုက် အခွင့်အရေးများ ● အစိုးရ၏တာဝန်ဝတ္တရားများ၊ လူ့အခွင့်အရေးလုပ်ငန်းစဉ်များ ● Digital Security & Privacy အကြောင်းအရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။ သင်တန်းအချက်အလက်များ ———————————————— သင်တန်းကျင်းပမည့်ရက် – ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့ မှ (၉)ရက်နေ့ အထိ (၅ ရက်ကြာ) သင်တန်းအချိန်- […]
ထိုင်းနိုင်ငံ၏ ၂၀၂၃ အထွေထွေရွေးကောက်ပွဲကြီးအား တရားမျှတ လွတ်လပ်စွာ ကျင်းပနိုင်ခဲ့ခြင်းအပေါ် ၀မ်းမြောက်ဂုဏ်ယူကြောင်းသ၀ဏ်လွှာ

နေ့စွဲ – ၁၆.၅.၂၀၂၃ ၂၀၂၃ ထိုင်းနိုင်ငံအထွေထွေရွေးကောက်ပွဲကြီးတွင် ပြည်သူများမှ တရားမျှတလွတ်လပ်သော မဲပေးဆန္ဒပြုခွင့် ရရှိခဲ့သည့်အတွက် မြန်မာပြည်သူများ၏ကိုယ်စား များစွာ နှစ်ထောင်းအားရ ၀မ်းသာဂုဏ်ယူရပါသည်။ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး၊တရားဥပဒေစိုးမိုးမှု၊ ပြည်သူ့အကျိုးကို ဦးထိပ်ထားဖော်ဆောင်မှုတို့ကို ကြိုးပမ်းအားထုတ်ကာ ထိုင်းနိုင်ငံပြည်သူများအား အေးချမ်းသာယာစည်ပင်တိုးတက်သော လူ့ဘောင်သစ်သို့ ဦးဆောင်သွားနိုင်မည့် လမ်းစသစ် ပေါ်ပေါက်လာပြီ ဟုလည်း ယုံကြည်ပါသည်။ ထို့အပြင် ရွေးကောက်ပွဲတွင် မဲအများဆုံးရရှိခဲ့သော Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ၏ “မူ၀ါဒအခြေခံ နိုင်ငံတကာဆက်ဆံရေး (Rule based Diplomacy) အား ကျင့်သုံးမည်၊ မြန်မာပြည်နှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရေး၊ ပါတီအားလုံးအကြား အပြုသဘောဆောင်သော အပြန်အလှန်ပြောဆို ဆွေးနွေးမှုများ ပြုလုပ်ခြင်း၊ အပြန်အလှန်ပြောဆိုဆွေးနွေးမှု လွယ်ကူစေရန် အာစီယံအထူးသံတမန်တစ်ဦးခန့်အပ်ခြင်း၊ […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ၏ ရိက္ခာအစားငွေကြေးမျှဝေခြင်းနှင့် ပတ်သက်သည့်သတင်းစကား

ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ ဖေဖော်ဝါရီလ (၂၆) ရက်နေ့အတွင်း New Myanmar Foundation တွင် လျှောက်ထားသူများအား Data တိုက်စစ်ပြီး (၁၇၁၈) ဦး လက်ခံရရှိပါသည် ။ သို့သော် အလှူရှင်များ၏ ဘတ်ဂျက်အခက်အခဲကြောင့် (၁၇၁၈) ဦးထဲမှ သတ်မှတ်စံနှုန်းများဖြစ်သည့် (၁) အသက် (၆၀) အထက် သက်ကြီးများ (၂) အသက် (၁၁) နှစ်မှ (၁၈) ထိ ကလေးများ (၃) အမျိုးသမီးများ (၄) မသန်စွမ်းများ အားစံနှုန်းသတ်မှတ်၍ ရွေးချယ်ခဲ့ရာ (၅၃၂) ဦးကိုသာ ရိက္ခာအစား ငွေကြေးဝေငှရန် အလှူရှင်ထံမှ သဘောတူညီမှု ရခဲ့ပါသည်။ အထက်ပါ (၅၃၂) ဦးအား 15-5-2023 (တနင်္လာ)နှင့် 16-5-2023 (အင်္ဂါ)ရက်နေ့များတွင် မနက် […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှ ဖွင့်လှစ်ထားသော 𝐓𝐞𝐥𝐞 𝐇𝐞𝐚𝐥𝐭𝐡 အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

New Myanmar Foundation ၏ နယူးမြန်မာ တယ်လီ ကျန်းမာရေး အစီအစဉ်ကို ဇွန်လ (၁) ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်လှစ်ခဲ့ရသော ရည်ရွယ်ချက်မှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တိမ်းရှောင်ခိုလှုံလာကြသည့် သိန်းနှင့်ချီသော လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သားများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ပေး ရန်ဖြစ်ပါသည်။ ၎င်းတို့အနေဖြင့် ကျန်းမာရေး ချို့တဲ့မှုများ၊ အရေးပေါ် အခြေအနေများနှင့် ကြုံတွေ့လာသည့် အခါတွင် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိနိင်ရန်အတွက် အခက်အခဲ၊ အဟန့်အတားများစွာ ကြုံတွေ့ရပါသည်။ ဘာသာစကား အခက်အခဲ၊ သွားလာရေး အခက်အခဲ၊ ငွေကြေးချို့တဲ့မှု၊ သတင်းအချက်အလက်ချို့တဲ့မှုနှင့် အဖမ်းအဆီးခံရနိုင်သည့် အခြေအနေများ အပါအဝင်များစွာသော အတားအဆီးများ ရှိနေပါသည်။ ၎င်းအခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် Tele Health (တယ်လီဖုန်းဖြင့် Telegram […]
လူ့အခွင့်အရေးအခြေခံအမြင်ဖွင့်သင်တန်းအတွက် သင်တန်းသားများ ခေါ်ယူခြင်း

New Myanmar Foundation မှ စီစဉ်ကျင်းပသော လူ့အခွင့်အရေး အခြေခံအမြင်ဖွင့်သင်တန်း အပတ်စဉ် (၇) ကို ၂၀၂၃ ခုနှစ်၊ မေလ (၂၂)ရက် မှ (၂၆)ရက် အထိ (၅) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ယင်းသင်တန်းတွင် ● လူ့အခွင့်အရေးအခြေခံအယူအဆသဘောတရား ● လူ့အခွင့်အရေးတိုးတက်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း ● အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း ● လူ့အခွင့်အရေးအမျိုးအစားများ၊ အုပ်စုလိုက် အခွင့်အရေးများ ● အစိုးရ၏တာဝန်ဝတ္တရားများ၊ လူ့အခွင့်အရေးလုပ်ငန်းစဉ်များ ● Digital Security & Privacy စသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။ သင်တန်းအချက်အလက်များ • သင်တန်းကျင်းပမည့်ရက် – ၂၀၂၃ ခုနှစ်၊ မေလ (၂၂)ရက် မှ (၂၆)ရက် အထိ (၅ ရက်ကြာ) • […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 မှဖွင့်လှစ်ပေးခဲ့သော (𝐒𝐁𝐒) 𝐎𝐧𝐥𝐢𝐧𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦 အကြောင်းသတင်းစကားပါးခြင်း

New Myanmar Foundation သည် ၂၀၂၂ မေလ (၁) ရက်နေ့စတင်ပြီး စစ်ဘေးသင့် မြန်မာနိုင်ငံသား ရင်သွေးများ၏ ပညာရေးလို အပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် Spring Bridge School (SBS) Online Program သို့ ကျောင်းသားများကို စတင်ဖိတ်ခေါ်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဇွန်လ (၆) ရက်နေ့မှ စတင်ကာ Grade (1) မှ Grade (11) ထိ ကျောင်းသူ ကျောင်းသား (၁၂၀၀) ကျော်ကို သင်ကြားခဲ့ပြီး December 2022 တွင် အတန်းတင်စာမေးပွဲ စစ်ဆေးခဲ့ပါသည်။ 2023 January 31 တွင် အတန်းအားလုံး၏ အောင် မြင်သော ကျောင်းသား ကျောင်းသူများကို completion certificate […]
𝐍𝐞𝐰 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 (𝐍𝐌𝐅) မှ လူ့အခွင့်အရေးအခြေခံအမြင်ဖွင့်သင်တန်းအတွက် သင်တန်းသားများခေါ်ယူခြင်း

New Myanmar Foundation မှ ဦးဆောင်၍ လူ့အခွင့်အရေး အခြေခံ အမြင်ဖွင့်သင်တန်းများကို ကျင်းပပြုလုပ်လျက်ရှိပါသည်။ သင်တန်းအပတ်စဉ် (၆)ကို ၂၀၂၃ ခုနှစ်၊ မေလ (၅)ရက်မှ (၉)ရက်အထိ (၅)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ တစ်ရက်လျှင် ပို့ချဆွေးနွေးချိန် (၅)နာရီ ကြာမြင့်မည်ဖြစ်ပြီး၊ နေ့စဉ် မြန်မာစံတော်ချိန် နံနက် (၉)နာရီမှ (၁၂)နာရီအထိ သင်တန်းပထမပိုင်း၊ နေ့လယ် (၁)နာရီမှ (၃)နာရီအထိ သင်တန်းဒုတိယပိုင်းကို ကျင်းပသွားမည်ဖြစ်ပါသည်။ ယင်းသင်တန်းတွင် ● လူ့အခွင့်အရေးအခြေခံအယူအဆသဘောတရား ● လူ့အခွင့်အရေးတိုးတက်ဖြစ်ပေါ်လာပုံသမိုင်းကြောင်း ● အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း ● လူ့အခွင့်အရေးအမျိုးအစားများ၊ အုပ်စုလိုက်အခွင့်အရေးများ ● အစိုးရ၏တာဝန်ဝတ္တရားများ၊ လူ့အခွင့်အရေးလုပ်ငန်းစဉ်များ ● Digital Security & Privacy စသည့် အကြောင်းအရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။ သင်တန်းအချက်အလက်များ […]