NMF မှ ကျင်းပသော Online Digital Security Training သင်တန်း အပတ်စဉ် ( ၁ ) အတွက် သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

မြန်မာ့ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများအတွက် New Myanmar Foundation က ဦးစီး၍ ဖွင့်လှစ်မည့် အွန်လိုင်း ဒီဂျစ်တယ်လုံခြုံရေး သင်တန်း အပတ်စဉ် (၁) ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် စိတ်ပါ ၀င်စားသူများ လျှောက်ထားနိုင်ပါသည်။

သင်တန်းအချက်အလက်များ

လျှောက်လွှာ လက်ခံမည့်ကာလ – သင်တန်းကြေညာသည့်ရက်မှစရျ် စုစုပေါင်း (၅)ရက်

သင်တန်းကာလ- (၅) ရက်

သင်တန်းအချိန်- မြန်မာစံတော်ချိန် မနက် (၉)နာရီမှ (၁၂)နာရီအထိ

သင်တန်းစတင်မည့်ရက် – ဇူလိုင်လ (၃) ရက်နေ့ မှ (၇) ရက် နေ့ ထိ

သင်တန်းတက်ရောက်ရန် အခြေခံ လိုအပ်ချက်များ

————————————————-

လုပ်ငန်းခွင်အသုံးချသင်တန်း ဖြစ်သဖြင့် ကွန်ပျူတာ အခြေခံသိရန်။

အွန်လိုင်း သင်တန်းဖြစ်သဖြင့် သင်တန်းသားထံတွင် Internet ရှိရန်။

သင်တန်း အစမှ အဆုံးထိ တက်ရောက်နိုင်သူ။

မိမိပတ်ဝန်းကျင်နှင့် မိတ်ဆွေများသို့ ပြန်လည် ဝေငှပေးရန် ဆန္ဒရှိသူ။

လူမှုအဖွဲ့အစည်းအတွက် အကျိုးပြုလိုသူ ။

(အမျိုးသမီးများ၊ LGBTIQ များ၊ မသန်စွမ်းများ အားလုံး ပါဝင်တက်ရောက်ရန်လည်း အထူးဖိတ်ခေါ်အပ်ပါသည်။ )

သင်တန်းပြီးမြောက်ပါက Completion Certificateပေးသွားမည်ဖြစ်ပါသည်။

သင်တန်းတွင် ပါဝင်သည့် အခြေခံ အကြောင်းအရာများ

—————————————————-

ကွန်ပျူတာများအလုပ်လုပ်ပုံ၊ Mobile Phone များ အလုပ်လုပ်ပုံ၊

အင်တာနက် အလုပ်လုပ်ပုံအကြောင်း၊

Signal, Telegram, Facebook Messenger, Viber, အစရှိသည့် Messaging Apps များလုံခြုံစွာ အသုံးပြုနိုင် မည့် နည်းလမ်းများ ၊ VPN အသုံးပြုနည်းများ ၊

Password များလုံခြုံစွာ အသုံးပြုရန် နည်းလမ်းများ၊

2-factor authentication အကြောင်း

Google မှ Provide လုပ်ထားသော Email Client ဖြစ်သည့် Gmail အသုံးပြုနည်း နှင့် အသုံးများသည့် Google Products များဖြစ်သည့် Docs, Slide, Sheets, Keep, Drive, Form, Maps, Photo,

datas များလုံခြုံအောင် ထိန်းသိမ်းနည်းများ

သိသင့်သိထိုက်သော Cyber security law များအကြောင်း

သင်တန်းသားများ သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခြင်း များပါဝင်ပါသည်။

အပတ်စဉ် (၁) သင်တန်းလျှောက်ရန် လင့်ခ်

—————————————–

https://docs.google.com/…/1FAIpQLSd…/viewform…

သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများကို Email, Signal တို့ဖြင့် ဆက်သွယ်သွားမည်ဖြစ်ပါသဖြင့် မိမိတို့၏ Email/Message ကို စစ်ဆေးရန် လိုအပ်ပါသည်။

သင်တန်းတစ်ကြိမ်လျှင် (၂၅) ဦးခန့်သာ ကန့်သတ်ထားပြီး ယခုကဲ့သို့ သင်တန်းများကို လစဉ်ပုံမှန် ဖွင့်လှစ်သွားမည်ဖြစ်ပါသဖြင့် အခြေခံလိုအပ်ချက်များနှင့်ကိုက်ညီပြီး ယခုသင်တန်းတွင် တက်ရောက်ခွင့်မရရှိခဲ့သူများလည်း ပြန်လည်လျှောက်ထားနိုင်ပါသည်။

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များရှိပါက အောက်ပါဖုန်းနံပါတ်နှင့် အီးမေးလ်များသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။ (ရုံးချိန်တွင်း တနလ်ာနေ့ မှ သောကြာနေ့ (9:00 AM မှ 5:00 PM) တွင်သာ ဆက်သွယ်စုံစမ်းရန်)

Phone: +66 0838788804‎

Email: nmf.itofficer@gmail.com

#newmyanmarfoundation#digital_security

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!