New Myanmar Foundation သည် ၂၀၂၂ မေလ (၁) ရက်နေ့စတင်ပြီး စစ်ဘေးသင့် မြန်မာနိုင်ငံသား ရင်သွေးများ၏ ပညာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် Spring Bridge School (SBS) Online Program သို့ ကျောင်းသားများကို စတင်ဖိတ်ခေါ်ခဲ့ပါသည်။ ၂၀၂၂ ခုနှစ် ဇွန်လ (၆) ရက်နေ့မှစတင်ကာ Grade 1 မှ Grade 11 ထိ ကျောင်းသူ ကျောင်းသား ၁၂၀၀ ကျော်ကို သင်ကြားခဲ့ပြီး ဒီဇင်ဘာလ ၂၀၂၂ ခုနှစ် တွင် အတန်းတင် စာမေးပွဲ စစ်ဆေးခဲ့ပါသည်။ ၂၀၂၃ ဇန်နဝါရီလ (၃၁) ရက်တွင် အတန်းအားလုံး အောင်မြင်သော ကျောင်းသား ကျောင်းသူများအား အောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။
Spring Bridge School ၏ ၂၀၂၃ စာသင်နှစ်ကို ပြန်လည်စတင်ရန် ၂၀၂၃ ခုနစ်၊ ဖေဖေါ်ဝါရီလ နှင့် မတ်လ နှစ်လတွင် ဆရာ၊ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူ အသစ်များကို ဖိတ်ခေါ်လက်ခံခဲ့ပါသည်။ ဒုတိယစာသင်နှစ်ကို ၂၀၂၃၊ မတ်လ (၆) ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာ Grade 1 မှ Grade 12 ထိ ကျောင်းသား ကျောင်းသူ ပေါင်း (၁၀၀၀) ကျော်အား ဆရာ၊ ဆရာမစုစုပေါင်း (၇၀) ကျော်ဖြင့် အတန်း (၁၈) တန်းခွဲကာ သင်ကြားပေးလျှက်ရှိပါသည်။ ဤစာသင်နှစ်သည် ၂၀၂၃ အောက်တိုဘာလတွင် သင်ကြား ပြီးမြောက်မည်ဖြစ်ပြီး ၂၀၂၃၊ နိုဝင်ဘာလတွင် အတန်းတင်စာမေးပွဲများ ကျင်းပမည်ဖြစ်ပါသည်။
NLD အရပ်သား အစိုးရလက်ထက်က အသစ်ပြုပြင်ရေးဆွဲခဲ့သော အမျိုးသားပညာရေး မူဝါဒများအတိုင်း Grade 1 မှ Grae 12 ထိ စနစ်သစ် သင်ရိုးများဖြင့် ပြဌာန်းချက်ဘာသာရပ်အားလုံးကို မချွင်းမချန်သင်ကြားလေ့ကျင့် ပေးလျှက်ရှိပြီး ခေတ်မီသင်ကြားနည်း စနစ်များဖြင့် ထိရောက်အောင် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ ထပ်ဆောင်း သင်ရိုးညွှန်းတမ်း များကိုလည်း လိုအပ်သလို ဖြည့်စွက်သင်ကြားလျှက်ရှိပါသည်။ ထို့အပြင် ထိရောက်သော သင်ကြားရေးကို ရရှိစေရန် ကျောင်းချိန်မှာ နံနက် ၉ နာရီ မှ ညနေ ၄ နာရီထိဖြစ်ပြီး၊ မူလတန်း အလယ်တန်းများ တပါတ်လျှင် (၅) ရက် ၊ အထက်တန်းများ တပါတ်လျှင် (၆) ရက်တက်ရောက်ရပါသည်။
ဆက်သွယ်ရန်
Admin Team
Spring Bridge School
Phone: (+66) 06 1870 4910, (+66) 06 53207577
Telegram & Signal: (+66) 06 1870 4910, (+66) 06 53207577
Email: springbridgeoffice@gmail.com
