အခြေခံစားနပ်ရိက္ခာမျှဝေခြင်း အစီအစဉ်အကြောင်း သတင်းစကားပါးခြင်း

1) New Myanmar Foundation ၏ အခြေခံစားနပ်ရိက္ခာမျှဝေခြင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ မဲဆောက်ရောက် ဒီမိုကရေစီအရေး ကြိုးပမ်းသူများအတွက် ဆောင်ရွက် ပေးလျက်ရှိရာ ယခင်လများတွင် လူဦးရေ (၅၉၃၃) ဦးအား တစ်ဦးလျှင် (၃)လစာနှုန်းဖြင့် အခြေခံ စားနပ်ရိက္ခာဝေမျှပေးခဲ့ပြီး ငွေသားအဖြစ်ပြောင်းလဲ၍ မျှဝေခဲ့သည့် ဖေဖော်ဝါရီလတွင် (၆၁၈) ဦး အား (၁)လစာ ဘတ် (၅၀၀)ဖြင့်၎င်း ၊ မေလတွင် (၅၆၅)ဦးအား (၁)လစာ ဘတ်(၂၅၀) ဖြင့်၎င်း ယခုအခါ စုစုပေါင်း (၇၁၁၆) ဦးအား မျှဝေပေးခဲ့ ပြီးဖြစ်ပါသည်။

2) New Myanmar Foundation တွင် ဖေဖော်ဝါရီ ၂၇ မှ မတ်လ ၂၂ ရက်အတွင်း ရိက္ခာအတွက် လျှောက်လွှာတင်ထားသူများအား သတ်မှတ်စံနှုန်းများနှင့် စီစစ်ရွေးချယ်ကာလဖြစ်ပြီး အလှူရှင်ထံ စာရင်းတင်ပြပေးသွားပါသည်။

3) ရိက္ခာမျှဝေမှုနှင့် ပတ်သက်သည့် အစီအစဉ်အား အချိန်နှင့်တပြေးညီ ယခု NMF Page မှလည်း ကြေညာပေးသွားမည်ဖြစ်ပါသည်။ အလှူရှင်များ၏ အခက်အခဲများကြောင့် မဲဆောက်ရောက် ဒီမိုကရေစီအင်အားစုများအား အပြည့်အဝမကူညီနိုင်သည့်အပေါ် များစွာ စိတ်မကောင်းလည်း ဖြစ်ရပါသည်။

4) New Myanmar Foundation ၏ ရိက္ခာလျှောက်ထားနိုင်မည့် Google Form အား 23-Mar-2023 မှ စ၍ ပိတ်ထားပြီး ယခုအခါ ပြန်ဖွင့်ရန် အစီအစဉ် မရှိသေးပါ။

5) ရိက္ခာအတွက် အခက်အခဲဖြစ်ပါက အောက်တွင် ဖော်ပြထားသည့် ဖုန်းအား ရုံးချိန် တနင်္လာ မှ သောကြာ နံနက် ၉း၀၀ မှ ညနေ ၅း၃၀ အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။ ရုံးပိတ်ရက်သည် ထိုင်းအစိုးရ ရုံးပိတ်ရက်အတိုင်း ဖြစ်သည့်အတွက် ဖုန်းမကိုင်နိုင်ပါက Signalတွင် စာပို့ မေးမြန်း နိုင်ပါသည်။

ဆက်သွယ်မေးမြန်းရန်

Hay Mar

Basic Food Program Manager

Phone & Signal +66 659252173

Email: foodprogram.nmf@gmail.com

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!