မွေးမြူရေးထောက်ပံ့မှုစီမံကိန်း၏ လက်တွေ့လုပ်ငန်းဆိုင်ရာ အကြံပေးရေးအရာရှိ (𝐅𝐢𝐞𝐥𝐝 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐀𝐝𝐯𝐢𝐬𝐨𝐫) ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

Blossom Future သည် ၂၀၂၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့သည့် လုပ်ငန်း အစီအစဥ်များ ဆောင်ရွက်လျက် ရှိပါသည်။ ယခု ၂၀၂၆ ခုနှစ် ဇွန်လမှစ၍ မဲဆောက်ရောက် မြန်မာနိုင်ငံသားများ အတွက် အသေးစားမွေးမြူရေးလုပ်ငန်းစဉ်များ လုပ်ကိုင်နိုင်စေရန် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ရာ ၎င်းအစီအစဉ်အတွက် ရွေးချယ်ခံရသော အိမ်ထောင်စုများသည် ၎င်းတို့နေအိမ်ခြံဝင်းအတွင်း မွေးမြူစိုက်ပျိုးထိမ်းသိန်းရာတွင် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ တာဝန်ယူပေးနိုင်မည့် လက်တွေ့လုပ်ငန်းဆိုင်ရာ အကြံပေးရေးအရာရှိ (Field Technical Advisor) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါသည်။ ရာထူး Field Technical Advisor လျှောက်လွှာလက်ခံမည့်ကာလ ၂၀၂၆၊ မေလ ၈ ရက်နေ့မှ ၁၇ ရက်နေ့အထိ နေရာ ထိုင်းနိုင်ငံ […]

မွေးမြူရေးထောက်ပံ့မှု စီမံကိန်း၏ တာဝန်ခံအရာရှိ (𝗣𝗿𝗼𝗴𝗿𝗮𝗺 𝐌𝐚𝐧𝐚𝐠𝐞𝐫) ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

Blossom Future သည် ၂၀၂၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်း ရှောင်လာသော ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့သည့် လုပ်ငန်းအစီအစဥ်များ ဆောင်ရွက်လျက်ရှိပါသည်။ ယခု ၂၀၂၆ခုနှစ် ဇွန်လမှစ၍ မဲဆောက်ရောက် မြန်မာနိုင်ငံသားများ အတွက် အသေးစားမွေးမြူရေးလုပ်ငန်းစဉ်များ လုပ်ကိုင်နိုင်စေရန် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ရာ ၎င်းအစီအစဉ်အတွက် တာဝန်ယူလုပ်ဆောင်မည့် (Program Manager) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါသည်။ ရာထူး Livestock Program Manager လျှောက်လွှာလက်ခံမည့်ကာလ ၈ ရက်၊ မေလ ၂၀၂၆ မှ ၁၇ ရက်၊ မေလ အထိ။ နေရာ ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့ အစမ်းခန့်ကာလ (၁) လ အစမ်းခန့်လစာ ၁၃,၅၀၀ ဘတ် […]

𝐁𝐋𝐎𝐒𝐒𝐎𝐌 𝐅𝐔𝐓𝐔𝐑𝐄 (ပွင့်သစ်ဝေ) ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၈၂) သင်တန်းဖွင့်ပွဲအခမ်းအနား

ပွင့်သစ်ဝေ (BF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” အပတ်စဉ် (၈၂)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မေလ(၅) ရက်နေ့၊ ညနေ (၄:၀၀)နာရီ အချိန်တွင် မဲဆောက်မြို့ရှိ ပွင့်သစ်ဝေ၏ စက်ချုပ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခု သင်တန်းအပတ်စဉ်တွင် အမျိုးသမီး သင်တန်းသူ (၈)ဦး၊ သင်တန်းသား (၂)ဉီး စုစုပေါင်း (၁၀) ဦးတို့ တက်ရောက်သင်ယူ ကြမည်ဖြစ်ပါသည်။ ပထမဦးစွာ 𝐁𝐋𝐎𝐒𝐒𝐎𝐌 𝐅𝐔𝐓𝐔𝐑𝐄 မှ Executive Director Dr Sann Aung မှ ဤကဲ့သို့ အပ်ချုပ်စက်သင်တန်းဖွင့်လှစ်ပေးရခြင်းမှာ စက်ချုပ်ပညာဖြင့် အလုပ်အကိုင် လုပ်နိုင်ကြရန် သင်တန်းဖွင့် သင်ကြားခြင်းမျိုးလည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် […]

ရိက္ခာမျှဝေခြင်းအစီအစဉ်နှင့် ပတ်သက်၍ အသိပေးကြေညာချက်

Blossom Future (ပွင့်သစ်ဝေ) ၏ အခြေခံစားနပ်ရိက္ခာ ထောက်ပံ့ရေးအစီအစဉ်ကို ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလမှ စတင်ကာ ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလအထိ (၄) နှစ်တာ ကာလအတွင်း အဆက်မပြတ် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ သို့သော် ၂၀၂၆ ခုနှစ် ၊ မတ်လ တွင် အလှူရှင်ဘတ်ဂျတ်ဆိုင်ရာ အခက်အခဲများကြောင့် • လူဟောင်း ဆရာ/ဆရာမများအတွက် ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီ(၁)လစာ • လူသစ် ဆရာ/ဆရာမများအတွက် ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီ(၁) လစာ အထိသာ ထောက်ပံ့ပေးနိုင်ခဲ့ပြီး ယာယီရပ်နားထားခဲ့ရပါသည်။ ယခုအခါ ၂၀၂၆ ခုနှစ် ၊ ဧပြီလမှ စ၍ အလှူရှင်ဘတ်ဂျတ် ပြန်လည်ရရှိလာသဖြင့် အခြေခံစားနပ်ရိက္ခာအစီအစဉ်ကို […]

အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (18)သင်တန်းပိတ်ပွဲ အခမ်းအနား

Blossom Future မှ ဦးစီးကျင်းပပြုလုပ်သော (၂၂) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၁၈) ပိတ်ပွဲအခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့၊ ညနေ (၂) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင် ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၄) ဦး နှင့် အမျိုးသား သင်တန်းသား (၈) ဦး စုစုပေါင်း (၁၂) ဦးတို့ သင်တန်းပြီးဆင်းခဲ့ကြသည်။ Blossom Future မှ Executive Director မှ သင်တန်းသား/သူများ သင်တန်းဆင်းပြီးနောက် စိုက်ပျိုးရေးဖြင့် အလုပ်အကိုင် လုပ်နိုင်ကြရန် သင်တန်းဖွင့်သင်ကြားခြင်းမျိုးလည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော အလုပ်ကိုင် ရရှိအောင် စွမ်းဆောင်ရည်မြှင့်တင်ပေးသော […]

၂၀၂၆ ခုနှစ် (မေလ) အတွင်း မေ နှင့် ဇွန် (၂) လစာ အတွက်(လူသစ်များ) ပုံမှန်ရိက္ခာလျှောက်ထားနိုင်ရန် သတင်းစကားပါးခြင်း

Date – 5-May-2026 မဲဆောက်ရောက်ဒီမိုကရေစီအင်အားစုများရှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ Blossom Future (ပွင့်သစ်ဝေ) တွင် ပုံမှန် လစဉ် ရိက္ခာလျှောက်ထားနိုင်သူများမှာ – မဲဆောက်ရောက် ဒီမိုကရေစီ အင်အားစုများထဲမှ မိသားစုဝင်ငွေမရှိသူများ ၊ ကိုယ်ဝန်ဆောင်မိခင်များ ၊ မသန်စွမ်းသူများ ၊ နာမကျန်း သူများ ၊ မိဘမဲ့ကလေးများ(အုပ်ထိန်းသူမရှိသူများ) ၊ အသက် (၆၀) အထက်ပုဂ္ဂိုလ်များ (ကျောထောက် နောက်ခံသား/ သမီး မရှိသူများ) လျှောက်ထား နိုင်ပါသည်။ အထက်ပါ အချက်များအတွက် သက်ဆိုင်ရာ အထောက်အထားပြရန် လိုအပ်ပါသည်။ အောက်ပါပုဂ္ဂိုလ်များ အပါအဝင် ဒီမိုကရေစီ အင်အားစုများသည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်။ ၁။ အရပ်သား […]

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) အရေးပေါ်စားနပ်ရိက္ခာလျှောက်ထားနိုင်သည့် အစီအစဉ်

Date 5th-May-2026 • Blossom Future (ပွင့်သစ်ဝေ) ၏ အရေးပေါ်အခြေခံစားနပ်ရိက္ခာ ထောက်ပံ့သည့် အစီအစဉ်ကို ၂၀၂၄ အောက်တိုဘာလတွင် စတင်ခဲ့ပြီး ၂၀၂၆ ဧပြီလအထိ အရေးပေါ်အခြေခံ စားနပ်ရိက္ခာ ထောက်ပံ့ခဲ့ပြီး ဖြစ်ပါသည်။ • ပုံမှန်အားဖြင့် လူတစ်ဦးလျှင် တစ်ကြိမ်သာ ရိက္ခာလျှောက်ထားနိုင်ပြီး (၁) လစာ ပမာဏ အရေးပေါ်ရိက္ခာ ရရှိမည် ဖြစ်ပါသည် ။ (လစဉ် ရနိုင်မည်မဟုတ်ပါ) ။ • ယခုအစီအစဉ်တွင် ပြည်တွင်းမှ မဲဆောက်သို့ လတ်တလောရောက်ရှိလာသူ မည်သူမဆို စားနပ်ရိက္ခာ ပြတ်လပ်နေပါက လျှောက်ထားနိုင်ပါသည်။ • ရွေးချယ်ခံရသူများကို အကြောင်းကြားပေးသွားမည်ဖြစ်ပြီး နောက်အကျဆုံး တစ်ပတ်အတွင်း ရိက္ခာမျှဝေ ပေးသွားမည်ဖြစ်ပါသည်။ • ရွေးချယ်ခြင်းမခံရသူများကို အချိန်အခက်အခဲများကြောင့် တစ်ဦးချင်းစီအား ပြန်လည်ဆက်သွယ် […]

စိတ်ဓါတ်စွမ်းရည်မြှင့်တင်မှုပိုင်းဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ရန် သင်တန်းသားခေါ်ယူခြင်း (𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫𝐦 𝐟𝐨𝐫 𝐫𝐞𝐬𝐢𝐥𝐢𝐞𝐧𝐜𝐞 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐰𝐨𝐫𝐤𝐬𝐡𝐨𝐩)

မင်္ဂလာပါခင်ဗျာ။ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ)မှ ကျန်းမာချမ်းသာကြပါစေကြောင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ။ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ)အနေဖြင့် မြန်မာပြည်အတွင်း စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေး ဖိအားအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ထွက်ပြေးရောက်ရှိလာသော မြန်မာပြည်သူများ အတွက် စိတ်ဓာတ်စွမ်းအား မြှင့််တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ဆွေးနွေးပွဲများအား ၂၀၂၅ခုနှစ် ဧပြီလမှ စတင်၍ လစဉ်ကျင်းပပြုလုပ်လျှက်ရှိရာ ၂၀၂၆ မေလအတွက် သင်တန်း ထပ်မံဖွင့်လှစ် သွားမည်ဖြစ်၍ သင်တန်းအား အမှန်တကယ် စိတ်ပါဝင်စားသော မည်သူမဆို တက်ရောက်နိုင်ရန် ယခုလျှောက်လွှာအား ဖြည့်သွင်းစာရင်းပေးနိုင်ပြီ ဖြစ်ပါသည်။ ရည်ရွယ်ချက် သင်တန်း၏ အဓိက ရည်ရွယ်ချက်အားဖြင့် မဲဆောက်မြို့အတွင်း ထွက်ပြေးရောက်ရှိလာကြသည့် မြန်မာပြည်သူများအတွက် စိတ်ဓါတ်စွမ်းရည်မြှင့်တင်ရန်နှင့် စိတ်ဓါတ်ခွန်အား၏ အရေးပါမှုအား နားလည်သဘောပေါက်ပြီး ပြည်သူအတွင်း အသိပညာပျံနှံ့စေရန် ရည်ရွယ်ပါသည်။ […]

𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐫 ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူခြင်း

𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 သည် ၂၀၂၁ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသော မြန်မာနိုင်ငံသားအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များဖြစ်သော နေရာထိုင်ခင်း၊ စားနပ် ရိက္ခာထောက်ပံ့ခြင်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ သင်တန်းများ၊ အလုပ်အကိုင်ရှာဖွေပေးခြင်းနှင့် ကာကွယ်ပေးရေးဆိုင်ရာ လုပ်ငန်းများအား ကျယ်ပြန့်စွာ လုပ်ကိုင်လျက်ရှိပါသည်။ ၎င်းလုပ်ကိုင်စဉ်များ၏ တိုးတက်မှုအစီရင်ခံစားများ အပါအဝင် မြေပြင်တွင် ကြုံတွေ့ရသော လုပ်ငန်းစဉ်အခက်အခဲများအား 𝗣𝗿𝗼𝗴𝗿𝗮𝗺 𝗠𝗮𝗻𝗮𝗴𝗲𝗿 များထံ အကြံပြုဖြေရှင်းခြင်းများ လုပ်ဆောင်နိုင်ရန်အတွက် 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗿 ရာထူးအတွက် လျှောက်လွှာခေါ်ယူနေပါသည်။ ရာထူး 𝗔𝘀𝘀𝗶𝘀𝘁𝗮𝗻𝘁 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗠𝗮𝗻𝗮𝗴𝗲𝗿 လျှောက်လွှာလက်ခံမည့်ကာလ – ၂၄.၄.၂၀၂၆ မှ ၃၀.၄.၂၀၂၆ ခုနှစ်အထိ နေရာ – မဲဆောက် အစမ်းခန့်ကာလ – ၃လ […]

𝐌&𝐄 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 ရာထူးအတွက် လျှောက်လွှာ ခေါ်ယူခြင်း

ရာထူး။ M&E Assistant လျှောက်လွှာလက်ခံမည့်ကာလ။ ၂၁ ရက်၊ ဧပြီလ ၂၀၂၆ မှ ၂၈ ရက်၊ ဧပြီလ ၂၀၂၆ အထိ။ ခန့်အပ်ထားမည့်နေရာ။ မဲဆောက် အစမ်းခန့်ကာလ။ (၃) လ အလုပ်စတင်မည့်ရက်။ As soon as possible အစမ်းခန့်လစာ။ ၈,၀၀၀ ဘတ် ပုံမှန်လစာ။ ၁၀,၀၀၀ ဘတ် ခန့်အပ်မည့်ဦးရေ။ (၁) ဦး အစီရင်ခံရမည့်သူ။ M&E Officer လုပ်ဆောင်ရမည့်တာဝန်များ (Responsibilities) ================ M&E Assistant သည် M&E Officer ၏ လမ်းညွှန်မှုအောက်တွင် အောက်ပါတာဝန်များကို လုပ်ဆောင် ရမည် စီမံကိန်းများ၏ ရလာဒ်များနှင့် တိုးတက်မှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် ဒေတာများ […]

error: Content is protected !!