𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၈၁) သင်တန်းဖွင့်ပွဲအခမ်းအနား

ပွင့်သစ်ဝေ (BF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” အပတ်စဉ် (၈၁)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ(၂၀) ရက်နေ့၊ ညနေ (၄:၀၀)နာရီ အချိန်တွင် မဲဆောက်မြို့ရှိ ပွင့်သစ်ဝေ၏ စက်ချုပ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခု သင်တန်းအပတ်စဉ်တွင် အမျိုးသမီး သင်တန်းသူ (၈)ဦး၊ သင်တန်းသား (၂)ဉီး စုစုပေါင်း (၁၀) ဦးတို့ တက်ရောက်သင်ယူ ကြမည်ဖြစ်ပါသည်။ ပထမဦးစွာ 𝗕𝗟𝗢𝗦𝗦𝗢𝗠 𝗙𝗨𝗧𝗨𝗥𝗘 မှ 𝗘𝘅𝗲𝗰𝘂𝘁𝗶𝘃𝗲 𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 𝗗𝗿 𝗦𝗮𝗻𝗻 𝗔𝘂𝗻𝗴 မှ ဤကဲ့သို့ အပ်ချုပ်စက်သင်တန်းဖွင့်လှစ်ပေးရခြင်းမှာ စက်ချုပ်ပညာဖြင့် အလုပ်အကိုင် လုပ်နိုင်ကြရန် သင်တန်းဖွင့် သင်ကြားခြင်းမျိုးလည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် […]

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ)၏ “အခမဲ့”အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၂၁) သင်တန်းဖွင့်ပွဲ

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ)၏ မှ ဦးစီးကျင်းပပြုလုပ်သော (၁၀) ရက်ကြာ “အခမဲ့ အခြေခံကွန်ပျူတာသင်တန်း အပတ်စဉ် (၂၁)၊ သင်တန်းဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့၊ နေ့လည် (၁၁)နာရီ အချိန်တွင် မဲဆောက်မြို့ရှိ 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ)၏ ကွန်ပျူတာသင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ယခု သင်တန်းအပတ်စဉ်တွင် အမျိုးသမီး သင်တန်းသူ (၇)ဦး၊ အမျိုးသား သင်တန်းသား (၃)ဦးစုစုပေါင်း (၁၀) ဦးတို့ တက်ရောက်သင်ယူ ကြမည်ဖြစ်ပါသည်။ ပထမဦးစွာ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ)၏ မှ Executive Director ဒေါက်တာစန်းအောင်မှ အဖွင့်အမှာစကားအဖြစ် ယခုလို သင်တန်းကို လာ၍တက်ရောက်ကြတာ ဝမ်းသာဂုဏ်ယူကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မဲဆောက်ကို ရောက်လာကြပေမယ့် […]

ပွင့်သစ်ဝေ (𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐨𝐮𝐭𝐮𝐫𝐞) ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၈၀) သင်တန်းဆင်းပွဲ

ပွင့်သစ်ဝေ (BLOSSOM FUTURE) မှ ဦးစီးကျင်းပပြုလုပ်သော (၂၀၂၆ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ ဧပြီလ(၁၂)ရက်နေ့ အထိ(၁၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သော BLOSSOM FUTURE ၏ အခမဲ့အခြေခံလျှပ်စစ်မော်တာစက်ချုပ်သင်တန်း အပတ်စဉ်(၈၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့ညနေ (၃:၀၀)နာရီတွင် ထိုင်းမြန်မာနယ်စပ်ဒေသရှိ ပွင့်သစ်ဝေ (BLOSSOM FUTURE) ၏ စက်ချုပ်သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခြေခံ မော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၈၀)ကို တက်ရောက်အောင်မြင်ခဲ့သည့် သင်တန်းသူ(၃)ယောက်၊ သင်တန်းသား (၇)ယောက် စုစုပေါင်း(၁၀)ဦးရှိပါသည်။ ပထမဦးစွာ BLOSSOM FUTURE မှ Field Coordinator မသိင်္ဂီမှ ဤကဲ့သို့ အပ်ချုပ်စက်သင်တန်းဖွင့်လှစ်ပေးရခြင်းမှာ စက်ချုပ်ပညာဖြင့် အလုပ်အကိုင် လုပ်နိုင်ကြရန် သင်တန်းဖွင့် သင်ကြားခြင်းမျိုးလည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော အလုပ်အကိုင်ရရှိအောင် စွမ်းဆောင်ရည် မြှင့်တင်ပေးသော […]

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐨𝐮𝐭𝐮𝐫𝐞 ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်းအပတ်စဉ် (၈၂) အတွက် သင်တန်းသား/သူ ခေါ်ယူခြင်း

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ရောက်ရှိနေကြသောမြန်မာပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန် ရည်ရွယ်၍ (ပွင့်သစ်ဝေ) မှ “အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း” များကို ၂၀၂၁ခုနှစ်၊ ဧပြီလမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်နေ့မှ မေလ ၁၆ ရက်နေ့ အထိ သင်ကြားသွားမည့် သင်တန်းအပတ်စဉ် (၈၂) အတွက် သင်တန်းသား/သူ အသစ် (၁၀) ဦး ထပ်မံခေါ်ယူ သွားမည်ဖြစ်ပါသည်။ ယခုသင်တန်းတွင် လူမျိုးရေး၊ဘာသာရေး ခွဲခြားမူမရှိဘဲ အမျိုးသမီးများနှင့်အမျိုးသားများ အားလုံး ဝင်ရောက် လျှောက် ထားနိုင်ပါသည်။ သို့ပါ၍ယခုသင်တန်းအားစိတ်ပါဝင်စားသောလျှောက်လွှာရှင်များအနေဖြင့်သင်တန်းတက်ရောက် နိုင်ရန်‌ ဧပြီလ (၂၀) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့ထိ၊ ညနေ (၅) နာရီအထိ ဂူဂဲလ် (googleform)လင့်ခ်မှတစ်ဆင့်ဖောင်ဖြည့်သွင်းလျှောက်ထားနိုင်ပြီဖြစ်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။ ကြိုတင်အသိပေးကြော်ငြာချက် • […]

စိုက်ပျိုးရေးသင်တန်းအပတ်စဉ် (၁၉) အတွက် သင်တန်းသားခေါ်ယူခြင်း

ရက်စွဲ ။ ။ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၀) ရက် မင်္ဂလာပါ။ 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 မှ နှုတ်ခွန်းဆက်သအပ်ပါသည်။ မိမိတို့အနေဖြင့် ယခုအခါတွင် မြန်မာနိုင်ငံမှ မဲဆောက်မြို့သို့ပြောင်းရွှေ့နေထိုင်နေကြသော မြန်မာပြည်သူများ အတွက် (၁)လကြာ နေ/စား (ငြိမ်း) စိုက်ပျိုးရေးသင်တန်းများကို ကျွမ်းကျင်သော သင်တန်းဆရာများမှ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ အပတ်စဉ် (၁၉) သင်တန်းကို လာမည့် (၄ ရက် မေလ မှ ၂၈ ရက် မေလ ၂၀၂၆ ခုနှစ် )အထိ သင်တန်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိုက်ပျိုးရေး လုပ်ငန်းအား စိတ်ပါဝင်စားစွာ သင်ယူလုပ်ကိုင်လိုသူများအနေဖြင့် စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။ မှိုစိုက်ပျိုးရေးအပြင် ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဗူး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ […]

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐨𝐮𝐭𝐮𝐫𝐞 ၏ နှစ်သစ်ကူး တရားပွဲ

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၇) ရက်၊ မြန်မာ နှစ်ဆန်းတစ်ရက်‌နေ့တွင် Blossom Future မှ ကြီးမှူး၍ ထိုင်း-မြန်မာနယ်စပ် တစ်နေရာ၌ မြန်မာပြည်သူ/သားများ နှင့်တကွ နှစ်သစ်ကူး တရားပွဲ အားကျင်းပပြုလုပ်ခဲ့ပါသည်။ တရားပွဲပြုလုပ်ပြီးနောက် စတုဒီသာ အလှူအဖြစ် မုန့်လက်ဆောင်း နှင့် ပေါင်မုန့်အုန်းနို့ဆမ်း ကျွေးမွေးဧည့်ခံခဲ့ပါသည်။ နှစ်သစ်မှစပြီး အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှင့်ပြည့်စုံကြပါစေ ကြောင်း Blossom Future မှ ဆုတောင်း မေတ္တာပို့သအပ်ပါသည်။ #ပွင့်သစ်ဝေ #𝗕𝗹𝗼𝘀𝘀𝗼𝗺𝗙𝘂𝘁𝘂𝗿𝗲 #မြန်မာနှစ်ဆန်းတစ်ရက်နေ့

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐨𝐮𝐭𝐮𝐫𝐞 ရဲ့ သင်္ကြန်အကြို စတုဒီသာအလှူ……..

ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၃) ရက်၊ မြန်မာ့ရိုးရာ အတာသင်္ကြန် အကြိုနေ့မှာ Blossom Future အဖွဲ့သားများမှ ထိုင်း-မြန်မာနယ်စပ်တစ်နေရာမှာရှိတဲ့ မိဘပြည်သူများ၊ ညီအစ်ကို မောင်နှမများကို “မုန့်လုံးရေပေါ်” စတုဒီသာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ အားလုံးပဲ နှစ်သစ်မှာ ဘေးကင်းလုံခြုံပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း Blossom Future အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ #ပွင့်သစ်ဝေ #𝗕𝗹𝗼𝘀𝘀𝗼𝗺𝗙𝘂𝘁𝘂𝗿𝗲 #အတာသကြင်္န် #မြန်မာ့နှစ်သစ်ကူး

သကြင်္န်ရုံးပိတ်ရက် အသိပေးကြေညာချက်

မြန်မာ့နှစ်သစ်ကူး အတာသကြင်္န်ပွဲတော်ကာလဖြစ်သော ၂၀၂၆ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့မှ (၁၇)ရက်နေ့ အထိ 𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ၏ ရုံးပိတ်ရက်များဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ ရုံးလုပ်ငန်းများကို ဧပြီလ (၂၀) ရက် (တနင်္လာနေ့)တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ ရုံးပိတ်ရက်များအတွင်း အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက အောက်ပါ ဆရာ/ဆရာမများ၏ ဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါသည်။ 𝗞𝗼 𝗡𝘆𝗶 𝟬𝟵𝟰 𝟮𝟱𝟮 𝟮𝟯𝟰𝟲 𝗠𝗮 𝗚𝗶 𝟬𝟲𝟮 𝟬𝟲𝟴 𝟴𝟮𝟳𝟵 မြန်မာ့နှစ်သစ်တွင် မိတ်ဆွေများအားလုံး စိတ်သစ် လူသစ်ဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကျစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ #ပွင့်သစ်ဝေ #မြန်မာ့နှစ်သစ်ကူး #အတာသကြင်္န်

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) ၏ ယာယီနေရာထိုင်ခင်း အစီအစဉ်

𝐁𝐥𝐨𝐬𝐬𝐨𝐦 𝐅𝐮𝐭𝐮𝐫𝐞 (ပွင့်သစ်ဝေ) သည် ၂၀၂၁ ခုနှစ် ဧပြီလမှစတင်၍ ဒီမိုကရေစီအရေး ကြိုးပမ်းသူများ အပါအဝင် မဲဆောက်သို့ တိမ်းရှောင် ရောက်ရှိလာသော မြန်မာပြည်သူများအတွက် ခိုလှုံရန် ယာယီနေရာ ထိုင်ခင်း များကို ကူညီရှာဖွေ ဆောင်ရွက်လျက်ရှိပါသည်။ 𝗕𝗹𝗼𝘀𝘀𝗼𝗺 𝗙𝘂𝘁𝘂𝗿𝗲 (ပွင့်သစ်ဝေ) ၏ ယာယီ နေရာထိုင်ခင်းများတွင် အမျိုးသမီးသီးသန့် အမျိုးသားသီးသန့် နှင့် မိသားစု စသဖြင့် ခွဲခြားထားသောကြောင့် မဲဆောက်သို့ အဖော်မပါတစ်ဦးတည်း ရောက်လာသူများ အနေဖြင့် အဆင်ပြေ လုံခြုံစွာ နေနိုင်မည်ဖြစ်ပါသည်။ အမျိုးသမီးဆောင်နှင့် အမျိုးသားဆောင်တို့တွင် တစ်ခန်း၌ (၄) ဦးစီ အတူနေထိုင် ရမည်ဖြစ်ပါသည်။ မိသားစုများအနေနှင့်မူ သီးသန့်အခန်းများ ရရှိနိုင်ရန်အတွက် အတတ်နိုင်ဆုံး ဆောင်ရွက် ပေးပါမည်။ ယာယီနေရာထိုင်ခင်း တွင် ကူညီပေးနိုင်သော […]

error: Content is protected !!