အခမဲ့စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (18)သင်တန်းပိတ်ပွဲ အခမ်းအနား

Blossom Future မှ ဦးစီးကျင်းပပြုလုပ်သော (၂၂) ရက်ကြာ အခမဲ့စိုက်ပျိုးရေးသင်တန်း ” အပတ်စဉ်-(၁၈) ပိတ်ပွဲအခမ်းအနားကို ၂၀၂၆ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့၊ ညနေ (၂) နာရီတွင် မဲဆောက်မြို့ ဟုံဖိုင် ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ယခုသင်တန်းအပတ်စဉ်တွင် သင်တန်းသား၊ သင်တန်းသူ အမျိုးသမီး သင်တန်းသူ (၄) ဦး နှင့် အမျိုးသား သင်တန်းသား (၈) ဦး စုစုပေါင်း (၁၂) ဦးတို့ သင်တန်းပြီးဆင်းခဲ့ကြသည်။ Blossom Future မှ Executive Director မှ သင်တန်းသား/သူများ သင်တန်းဆင်းပြီးနောက် စိုက်ပျိုးရေးဖြင့် အလုပ်အကိုင် လုပ်နိုင်ကြရန် သင်တန်းဖွင့်သင်ကြားခြင်းမျိုးလည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော အလုပ်ကိုင် ရရှိအောင် စွမ်းဆောင်ရည်မြှင့်တင်ပေးသော သင်တန်းမျိုးလည်း ဖြစ်ကြောင်း၊ စိုက်ပျိုးရေး နှင့် စပ်ဆိုင်သော လုပ်ငန်းခွင်များတွင်လည်း ဆက်စပ်၍ ကိုယ်တိုင် စိုက်ပျိုးရပ်တည်နိုင်အောင်လည်း ကြိုးစားသင့်ကြောင်း၊ အလုပ်ကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက်လည်း Blossom Future အနေဖြင့် ဖော်ဆောင်ပေးနိုင်ရန် ကြိုးစား၍ ဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း၊ သင်တန်းဆင်း ပြီးနောက် သင်တန်းသားအချင်းချင်း မောင်နှမကဲ့သို့တစ်ဦးနှင့် တစ်ဦးကူညီနိုင်သည်များကို ကူညီစေ ခြင်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

Field Coordinator မှလည်း စိုက်ပျိုးရေးသင်တန်းကို လာရောက်တက်ရောက်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ ယခုလို စိုက်ပျိုးရေးသင်တန်းပြီးဆုံးပြီးနောက်တွင်လည်း Blossom Future မှ ပြုလုပ်ပေးနေသော အခြားသင်တန်းများလည်း ဆက်လက်တက်ရောက် နိုင်ကြောင်းနှင့် Blossom Future မှ လုပ်ဆောင်နေသော ဝန်ဆောင်မှုများအကြောင်း ကိုလည်း ရှင်းပြခဲ့ပါသည်။

သင်တန်းတာဝန်ခံမှ သင်တန်း၏ ရည်ရွယ်လိုရင်းဖြစ်သော စိုက်ပျိုးခြင်း နည်းစနစ်များကို ကိုယ်တိုင် စိုက်ပျိုးသိရှိပြီး မိမိတို့ စိတ်ဝင်စားသော စိုက်ပျိုးသီးနှံများ စိုက်ပျိုး၍ လုပ်ဆောင်နိုင်ကြပါစေကြောင်း နှင့် သင်တန်းသား/သူများအားလုံး သင်တန်းကာလအတွင်း သင်ကြားသည်များကို သေချာလိုက်လံ နားထောင် သင်ကြားပေးခြင်းကိုလည်း ကျေးဇူးတင်ကြောင်းပြောခဲ့ပါသည်။ နောင်တွင်လည်း လိုအပ် သည့် အကူအညီများရှိပါက အတက်နိုင်ဆုံးကူညီမည်ဖြစ်၍ အချိန်မရွေးဆက်သွယ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းဆရာ မှ သင်တန်းသား/သူများ ၎င်းနှင့် အတူ အပင်ပန်းခံ၍ စိတ်ပါဝင်စားစွာ သင်ကြားလုပ်ဆောင်ခြင်းကြောင့် များစွာဝမ်းသာကြောင်း၊ သင်တန်းတက်ရောက်ပြီးနောက်တွင် မိမိတို့ သင်ကြားခဲ့သော အသိပညာ/အတက်ပညာကိုဝင်ငွေရရှိစေရန် ကြိုးစားလုပ်ကိုင်ကြရန်နှင့် နောက်နောင် လည်း စိုက်ပျိုးရေးနှင့် ပတ်သက်၍ လေ့လာလိုပါကလည်း ဆက်သွယ်ဆောင်ရွက်နိုင် ကြောင်း စသဖြင့် ပြောကြားခဲ့ပါသည်။

အလုပ်အကိုင်ရှာဖွေပေးရေးတာဝန်ခံမှလည်း အလုပ်အကိုင်ရှာဖွေပေးသည့် ဝန်ဆောင်မှုအကြောင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်၍ သိရှိထားသင့်သည့် အကြောင်းအရာများကို ရှင်းပြခဲ့ ပါသည်။

ထို့နောက် သင်တန်းသူ၊သင်တန်းသား တစ်ဦးချင်းစီမှ သင်တန်း၏ အားနည်းချက်၊ အားသာချက်များ ဆွေးနွေး တင်ပြကြပါသည်။ သင်တန်းသူ၊သင်တန်းသားများအား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ ပြီးနောက် အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ သင်တန်းဆင်းပွဲကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။

အခမဲ့အခြေခံစိုက်ပျိုးရေးသင်တန်း အပတ်စဉ် – (၁၈) သင်တန်းတွင် စိုက်ပျိုးရေးနည်းပညာ လက်တွေ့ စိုက်ပျိုးမှုနှင့် စိုက်ပျိုးရေးသင်ခန်းစာပို့ချမှုများသာမက မိမိတို့ ကိုယ်တိုင်စိုက်ပျိုးမှုမှ ရရှိလာသော အသီးအနှံများကို ထိုင်းနိုင်ငံ မဲဆောက်အတွင်းရှိ အခက်အခဲရှိသော မိသားစုများ နှင့် 𝘾𝒐𝙢𝒎𝙪𝒏𝙞𝒕𝙮 အားဖြန့်ဝေနိုင်ခဲ့ကြပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!