မွေးမြူရေးထောက်ပံ့မှုစီမံကိန်း၏ လက်တွေ့လုပ်ငန်းဆိုင်ရာ အကြံပေးရေးအရာရှိ (𝐅𝐢𝐞𝐥𝐝 𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐀𝐝𝐯𝐢𝐬𝐨𝐫) ရာထူးအတွက် လျှောက်လွှာများခေါ်ယူခြင်း

Blossom Future သည် ၂၀၂၁ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့သည့် လုပ်ငန်း အစီအစဥ်များ ဆောင်ရွက်လျက် ရှိပါသည်။ ယခု ၂၀၂၆ ခုနှစ် ဇွန်လမှစ၍ မဲဆောက်ရောက် မြန်မာနိုင်ငံသားများ အတွက် အသေးစားမွေးမြူရေးလုပ်ငန်းစဉ်များ လုပ်ကိုင်နိုင်စေရန် ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ရာ ၎င်းအစီအစဉ်အတွက် ရွေးချယ်ခံရသော အိမ်ထောင်စုများသည် ၎င်းတို့နေအိမ်ခြံဝင်းအတွင်း မွေးမြူစိုက်ပျိုးထိမ်းသိန်းရာတွင် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ တာဝန်ယူပေးနိုင်မည့် လက်တွေ့လုပ်ငန်းဆိုင်ရာ အကြံပေးရေးအရာရှိ (Field Technical Advisor) ရာထူးအတွက် လျှောက်လွှာများ ခေါ်ယူနေပါသည်။

ရာထူး Field Technical Advisor

လျှောက်လွှာလက်ခံမည့်ကာလ ၂၀၂၆၊ မေလ ၈ ရက်နေ့မှ ၁၇ ရက်နေ့အထိ

နေရာ ထိုင်းနိုင်ငံ ၊ မဲဆောက်မြို့

အစမ်းခန့်ကာလ (၁) လ

အစမ်းခန့်လစာ ၁၂,၀၀၀ ဘတ်

ပုံမှန်လစာ ၁၃,၅၀၀ ဘတ်

Project ကာလ ၉ လ (၂၀၂၆၊ ဇွန်လ မှ ၂၀၂၇၊ဖေဖော်ဝါရီလ အထိ)

အစီရင်ခံရမည့်သူ Program Manager

ခန့်အပ်မည့်ဦးရေ (၁) ဦး

လုပ်ဆောင်ရမည့်တာဝန်များ

—————————-

Blossom Future မှ ထောက်ပံ့ပေးမည့် အသေးစားမွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းစဉ်အတွက်

➡️ အသေးစားမွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရန် ရွေးချယ်ခံရသော အိမ်ထောင်စု များထံသွားရောက် လက်တွေ့မွေးမြူရေး နှင့် စိုက်ပျိုးရေး နှင့်ပတ်သက်သည်များအား သင်ရိုးညွှန်းတမ်းထုတ်လုပ်ဖြန့်ဝေခြင်း နှင့် သင်ကြားပြသခြင်း။

➡️ ထောက်ပံ့ပေးမည့် တိရိစ္ဆာန်များနှင့် စိုက်ပျိူးရေးသုံး ပစ္စည်းများအား ချိတ်ဆက်ဝယ်ယူခြင်း နှင့် ရွေးချယ်ခံရသော အိမ်ထောင်စုများ၏ အိမ်အရောက် အဆင်ပြေချောမွေ့စွာရောက်ရှိ စေရန် စီမံအုပ်ချုပ်ခြင်း။

➡️ ရွေးချယ်ခံရသော အိမ်ထောင်စုများထံ လစဉ်သွားရောက်၍ လုပ်ငန်းအောင်မြင် တိုးတက်မှု ရှိ/မရှိအား စစ်ဆေးခြင်း၊ လိုအပ်သည့်ကုသမှု နှင့် ပြုစုမှုပိုင်းဆိုင်ရာများအား ညွှန်ကြား လုပ်ဆောင်ပေးခြင်း။

➡️ ပေါ်ပေါက်လာသော အရေးပေါ်ကိစ္စရပ်များအတွက် ကောင်းမွန်မျှတစွာ စီမံကိုင်တွယ် ပေးခြင်း၊ အချိန်နှင့် တပြေးညီ Program Manager ထံတင်ပြခြင်း။

➡️ Program တိုးတက်ရန်အတွက် လိုအပ်သည်များအား Team နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

အတွေ့အကြုံလိုအပ်ချက်

————————

➡️ မွေးမြူရေး နှင့် စိုက်ပျိုးရေးလုပ်ငန်း နယ်ပယ်တွင်ကျွမ်းကျင်ပိုင်နိုင်သူ။

➡️ မွေးမြူရေး နှင့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ သင်ရိုးညွှန်းတမ်းအား ပြင်ဆင်ထုတ်လုပ်နိုင်သူ။

➡️ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အတွေ့အကြုံရှိသူ။

➡️ အခြေခံကွန်ပျူတာ ကျွမ်းကျင်မှုရှိသူ။

➡️ လုပ်ငန်းအပေါ်တွင် စိတ်ပါဝင်စားပြီး မဲဆောက်ပတ်ဝန်းကျင်အား နှံ့စပ်သူ။

➡️ စည်းစနစ်ကျ၍ လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ပြေပြစ်စွာ ပြောဆိုတတ်သူဖြစ်ရမည်။

➡️ အခြားအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိသူ။

➡️ အကျင့်စာရိတ္တ ကောင်းမွန်သူ။

➡️ အကြမ်းဖက်မှု (Violence) ၊ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု (Sexual Harassment) ၊ ကလေး သူငယ်များအား အမြတ်ထုတ်စော်ကားမှု (Child Abuse) တို့အား ကျူးလွန်ဖူးသူမဖြစ်ရပါ။

➡️ လုပ်ငန်းကိစ္စရပ်များ နှင့် နေထိုင်သူများ၏ ပုဂ္ဂလိက ဆိုင်ရာကိစ္စရပ်များအား (Privacy and Confidentiality) ပြင်ပသို့ မပေါက်ကြားစေရန် တာဝန်ယူရမည်။

➡️ ကား၊ ဆိုင်ကယ် မောင်းနှင်နိုင်သူ ဦးစားပေးပါမည်။

လျှောက်လွှာတင်ရမည့်ပုံစံ

————————–

Cover letter နှင့် CV Form အား မြန်မာဘာသာဖြင့် contact@blossomfuture.org Email သို့ ပေးပို့ပေးပါရန်။

🌟 Certificate, Degree, Diplomas များအား CV Form နှင့် ပူးတွဲပေးပို့ပေးပါရန်။

🌟 CV Form တွင် မိမိအား ထောက်ခံပေးမည့်သူ အနည်းဆုံး (၂) ဦး၏ နာမည်၊ ရာထူး၊ အဖွဲ့ အစည်း၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ Email များ မဖြစ်မနေထည့်သွင်းရပါမည်။

🌟 လူတွေ့အင်တာဗျူးအတွက် ပဏာမ ရွေးချယ်ခံရသူများ (Short listed applicants) ကိုသာ ပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။

အသေးစိတ်မေးမြန်းလိုပါက :

𝗔𝗱𝗺𝗶𝗻 𝗗𝗲𝗽𝘁

𝗣𝗵𝗼𝗻𝗲 𝗡𝘂𝗺𝗯𝗲𝗿/Signal Number– +𝟲𝟲 𝟲𝟮 𝟲𝟴𝟳 𝟰𝟮𝟲𝟲

𝗘𝗺𝗮𝗶𝗹 – contact@blossomfuture.org

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!