𝐁𝐋𝐎𝐒𝐒𝐎𝐌 𝐅𝐔𝐓𝐔𝐑𝐄 (ပွင့်သစ်ဝေ) ၏ အခမဲ့အခြေခံမော်တာစက်ချုပ်သင်တန်း အပတ်စဉ် (၈၂) သင်တန်းဖွင့်ပွဲအခမ်းအနား

ပွင့်သစ်ဝေ (BF) မှ ဦးစီးကျင်းပပြုလုပ်သော (၁၂) ရက်ကြာ “အခမဲ့ အခြေခံမော်တာ စက်ချုပ်သင်တန်း” အပတ်စဉ် (၈၂)၊ ဖွင့်ပွဲအခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ မေလ(၅) ရက်နေ့၊ ညနေ (၄:၀၀)နာရီ အချိန်တွင် မဲဆောက်မြို့ရှိ ပွင့်သစ်ဝေ၏ စက်ချုပ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယခု သင်တန်းအပတ်စဉ်တွင် အမျိုးသမီး သင်တန်းသူ (၈)ဦး၊ သင်တန်းသား (၂)ဉီး စုစုပေါင်း (၁၀) ဦးတို့ တက်ရောက်သင်ယူ ကြမည်ဖြစ်ပါသည်။ ပထမဦးစွာ 𝐁𝐋𝐎𝐒𝐒𝐎𝐌 𝐅𝐔𝐓𝐔𝐑𝐄 မှ Executive Director Dr Sann Aung မှ ဤကဲ့သို့ အပ်ချုပ်စက်သင်တန်းဖွင့်လှစ်ပေးရခြင်းမှာ စက်ချုပ်ပညာဖြင့် အလုပ်အကိုင် လုပ်နိုင်ကြရန် သင်တန်းဖွင့် သင်ကြားခြင်းမျိုးလည်း ရည်ရွယ်ကြောင်း၊ မိမိကိုယ်တိုင် ရပ်တည်နိုင်သော အလုပ်ကိုင်ရရှိအောင် စွမ်းဆောင်ရည် မြှင့်တင်ပေးသော သင်တန်းမျိုးလည်းဖြစ်ကြောင်း၊ အခြေခံမော်တာစက်ချုပ်သင်တန်းနှင့် စပ်ဆိုင်သော လုပ်ငန်းခွင်များတွင်လည်း ကိုယ်တိုင်ချုပ်တတ်ပြီး ရပ်တည်နိုင်အောင်လည်း ကြိုးစားသင်ယူ သင့်ကြောင်း၊ အလုပ်ကိုင် အခွင့်အလမ်းများ ရရှိစေရန် အတွက်လည်း BLOSSOM FUTURE အနေဖြင့် ဖော်ဆောင်ပေးနိုင်ရန် ကြိုးစား၍ သင်တန်းတွင် စိတ်ပါဝင်စားစွာ သင်ယူ လေ့လာကြရန် ပြောကြားခဲ့ ပါသည်။

ထို့နောက် Safe House မဇွန်မှ တွေ့ကြုံရမည့် စိန်ခေါ်မှုများအကြောင်း၊ စက်ချုပ်အတတ်ပညာ၏ အသုံးဝင်မှုအကြောင်း အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။ သင်တန်းဆရာမဒေါ်‌မေသန္တာလိူင်မှ မိတ်ဆက်စကားပြောရာတွင် အခမဲ့အခြေခံမော်တာ စက်ချုပ်သင်တန်းသို့ ရောက်ရှိလာကြသော သင်တန်းသူ/သားများအား ဝမ်းသာကြိုဆိုကြောင်း၊ ပွင့်သစ်ဝေ၏ ကူညီဆောင်ရွက်နေမှုများ၊ မိမိတို့လိုအပ်သည့်အချိန်တွင် ဆက်သွယ်အကူအညီ လိုအပ်မှုများ နှင့် အကြံပြုလိုသည်များရှိပါက ဆက်သွယ်နိုင်ပါကြောင်း၊ သင်တန်းသား/သူ အချင်းချင်းသင်တန်းကာလတွင် မောင်နှမစိတ်ဓာတ်ဖြင့် ရိုင်းပင်းစောင့်ရှောက်စေလိုကြောင်း၊ သင်တန်းအား ပြီးဆုံးသည်အထိ တက်ရောက်ပြီး သင်တန်းမှ ချမှတ်ထားသော စည်းကမ်းများအား လိုက်နာပေးပါရန်၊ အသက်မွေးဝမ်းကြောင်း ပညာတခုအဖြစ် ရပ်တည်နိုင်ရန်အတွက် လုံံ့လစိုက်ကာ ကြိုးစားသင်ယူရန်တို့ ပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသား/သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ချိတ်ဆက်ရှာဖွေပေးမည့် တာဝန်ခံ ကို Jerry မှလည်း သင်တန်းတက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများကို ကြိုဆိုပါကြောင်း၊ သင်တန်း ကာလအတွင်း ဆရာမ၏ သင်ကြားမှုများအား ကြိုးစားသင်ယူရန်၊ မိသားစုဝင်များကဲ့သို့ အချင်းချင်း စည်းစည်းလုံးလုံးဖြင့် ကြိုးစားလေ့လာစေချင်ကြောင်း၊ သင်တန်းပြီးဆုံးပါကလည်း အလုပ်အကိုင်များ ရရှိရန်အတွက်လည်း ချိတ်ဆက် ပေးသွားမည်ဖြစ်ကြောင်း၊ အကူအညီလိုအပ်ပါကလည်း အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်ကြောင်းတို့ကို ပြောကြား ခဲ့ပါသည်။

ထို့နောက် သင်တန်းတာဝန်ခံမှ သင်တန်းသား၊ သင်တန်းသူအချင်းချင်း ဗဟုသုတမျှဝေနိုင်ရန် နှင့် အလုပ် အကိုင်အခွင့်အလမ်းများ၊ အခြားသော အထောက်အပံ့များ ရယူနိုင်စေရန်အတွက် Signal Group များ ဖွဲ့ပေးထားခြင်း ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်စဉ်သင်တန်း၏လိုအပ်ချက်များကိုအကြံပြုပေးနိုင်ကြောင်း၊ သင်တန်းသား/သူများ သင်တန်း ပြီးဆုံးသည့်အထိ တက်ရောက်ရန် ထပ်မံတိုက်တွန်းကြောင်း ပြောကြား ခဲ့ပါသည်။

ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်စကားများ ပြောကြားပြီး အမှတ်တရဓါတ်ပုံများ ရိုက်ကူးကာ စက်ချုပ်သင်တန်းအပတ်စဉ် (၈၂) အား အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!