𝐌&𝐄 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 ရာထူးအတွက် လျှောက်လွှာ ခေါ်ယူခြင်း

ရာထူး။ M&E Assistant

လျှောက်လွှာလက်ခံမည့်ကာလ။ ၂၁ ရက်၊ ဧပြီလ ၂၀၂၆ မှ ၂၈ ရက်၊ ဧပြီလ ၂၀၂၆ အထိ။

ခန့်အပ်ထားမည့်နေရာ။ မဲဆောက်

အစမ်းခန့်ကာလ။ (၃) လ

အလုပ်စတင်မည့်ရက်။ As soon as possible

အစမ်းခန့်လစာ။ ၈,၀၀၀ ဘတ်

ပုံမှန်လစာ။ ၁၀,၀၀၀ ဘတ်

ခန့်အပ်မည့်ဦးရေ။ (၁) ဦး

အစီရင်ခံရမည့်သူ။ M&E Officer

လုပ်ဆောင်ရမည့်တာဝန်များ (Responsibilities)

================

🔵 M&E Assistant သည် M&E Officer ၏ လမ်းညွှန်မှုအောက်တွင် အောက်ပါတာဝန်များကို လုပ်ဆောင် ရမည်

🔵 စီမံကိန်းများ၏ ရလာဒ်များနှင့် တိုးတက်မှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် ဒေတာများ (Data) စုဆောင်းခြင်းနှင့် စနစ်တကျ မှတ်တမ်းတင်ခြင်းတို့ကို လုပ်ဆောင်ရမည်။

🔵 သတ်မှတ်ထားသော M&E နည်းလမ်းများအတိုင်း Field Survey များ၊ အင်တာဗျူးများနှင့် ကွင်းဆင်းလေ့လာမှုများတွင် ပါဝင်ဆောင်ရွက်ရမည်။

🔵 စီမံကိန်းလုပ်ဖော်ကိုင်ဖက်များထံမှ လိုအပ်သော အချက်အလက်များကို အချိန်နှင့်တပြေးညီ ရရှိနိုင် ရန်အတွက် ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်ရမည်။

🔵 အစီရင်ခံစာများ ရေးသားရာတွင် လိုအပ်သော အထောက်အထားများ၊ ဓာတ်ပုံများနှင့် ကိန်းဂဏန်း အချက်အလက်များကို ပြုစုပံ့ပိုးပေးရမည်။

🔵 M&E ဆိုင်ရာ စာရွက်စာတမ်းများ၊ ဖိုင်များနှင့် ဒေတာဘေ့စ် (Database) များကို စနစ်တကျ ထိန်းသိမ်းခြင်း၊ သိမ်းဆည်းခြင်းများ ပြုလုပ်ရမည်။

🔵 စီမံကိန်းလုပ်ဆောင်ရာ နေရာ၊ ဒေသများသို့ လိုအပ်သလို ကွင်းဆင်းသွားလာနိုင်ရမည်။

🔵 လိုအပ်ချက်အရ M&E Officer နှင့်အတူ အခြားသော ရုံးလုပ်ငန်းဆိုင်ရာနှင့် စီမံကိန်းဆိုင်ရာ တာဝန်များကို ကူညီလုပ်ဆောင်နိုင်ရမည်။

အရည်အချင်းနှင့် အတွေ့အကြုံလိုအပ်ချက် (Requirements)

==============

Monitoring and Evaluation (M&E) ပိုင်းတွင် အတွေ့အကြုံ (သို့မဟုတ်) စိတ်ပါဝင်စားမှုရှိသူ ဖြစ်ရမည် (အတွေ့အကြုံရှိသူကို ဦးစားပေးမည်)။

NGO/INGO များတွင် အလုပ်သင် (Intern) သို့မဟုတ် ဝန်ထမ်းအဖြစ် လုပ်ကိုင်ဖူးသူများကို ဦးစားပေးမည်။

အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိပြီး သင်ယူလိုစိတ်ထက်သန်သူဖြစ်ရမည်။

MS Office (Excel, Word)၊ Google Drive နှင့် အခြေခံနည်းပညာပိုင်းဆိုင်ရာများကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။

မြန်မာစာ ရေးသားခြင်းတွင် ကျွမ်းကျင်ရမည့်အပြင် အခြေခံအင်္ဂလိပ်စာ (English 4 Skills) အသင့်အတင့်ရှိရမည်။

ဆက်ဆံရေးကောင်းမွန်ပြီး တက်ကြွစွာ လုပ်ကိုင်နိုင်သူဖြစ်ရမည်။

အခြား (Others)

=====

Blossom Future တွင် အနည်းဆုံး (၁) နှစ် တာဝန်ထမ်းဆောင်နိုင်ရပါမည်။

ကားနှင့် ဆိုင်ကယ် မောင်းနှင်တတ်သူအား ဦးစားပေး စဉ်းစားပါမည်။

လျှောက်လွှာတင်ရမည့်ပုံစံ (How to Apply)

===============

Cover letter နှင့် CV Form အား Email: contact@blossomfuture.org သို့ ပေးပို့ပေးပါရန်။

အခြားသော သက်ဆိုင်ရာ Certificate, Degree, Diplomas များအား CV Form နှင့်အတူ ပူးတွဲ ပေးပို့ရပါမည်။

CV Form တွင် နှစ်အလိုက် ဖော်ပြထားသော ယခင်လုပ်ငန်းအတွေ့အကြုံ၊ မိမိအား ထောက်ခံပေး မည့်သူ (၂) ဦး ၏ အချက်အလက်များ (နာမည်၊ ရာထူး၊ အဖွဲ့အစည်း၊ ဖုန်း၊ Email) များကိုပါ ထည့်သွင်းပေးပို့ရပါမည်။

Categories
Archives

Latest Updates

Stories, news, and insights from our work on the ground.

error: Content is protected !!